ခြံလုပ်ငန်းကို လုပ်ကိုင်တယ်ဆိုတာဟာ အလွန်ကောင်းမွန်တဲ့ ဝါသနာတစ်ခုဖြစ်သလို အိမ်စိုက်ဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ အထူးညီညွတ်တဲ့ ဟင်းသီးဟင်းရွက် ၊အသီးအနှံများကို ရရှိနိုင်ပါတယ်။အပင်စိုက်ပျိုးခြင်းဖြင့် ကိုယ်လက်လှုပ်ရှားဖြစ်စေရုံသာမက ဘေးပတ်ပတ်လည်မှာ အစိမ်းရောင်းများနှင့် ပြည့်နေတာကြောင့် စိတ်ပိုင်းဆိုင်ရာကိုပါ အထာက်အပံ့ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
 
ဒါကြောင့် သင့်ဥယျာဉ်ခြံထဲက ဘယ်အပင်တွေက ဘယ်လိုကောင်းကျိုးတွေကို ပေးစွမ်းနိုင်သလဲသိရစေဖို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
 


၁။ အပူလောင်တာများအတွက် ရှားစောင်းလက်ပတ်

အအေးဓာတ်ရှိတဲ့ ရှားစောင်းလက်ပတ်ဟာ အပူလောင်ဒဏ်ရာလေးများအတွက် အထူးသင့်တော်မှုရှိပါတယ်။ရှားစောင်းလက်ပတ်အနှစ်ကို ဒဏ်ရာပေါ်လိမ်းပေးပြီး တပတ်နှစ်ကြိမ် မှန်မှန်လိမ်းပေးပါ။
 
၂။ ခေါင်းကိုက်ဝေဒနာအတွက် ပူစီနံ

မကြာခဏခေါင်းကိုက်တတ်သူများအတွက် ပူစီနံကို အသုံးပြုပြီး သက်သာအောင် လုပ်ဆောင်နိုင်ပါတယ်။ပူစီနံတွင် ပါဝင်သည့် ပရုတ်အေးဓာတ်ဟာ ခေါင်းကိုက်မှုကို ဖြစ်ပေါ်စေတဲ့ သွေးကြောပိတ်ဆို့မှုများကို ပွင့်လာအောင် ကူညီပေးပါတယ်။ထို့အပြင် သွေးလည်ပတ်မှုကို ကောင်းစေပြီး တင်းမာနေသည့် ကြွက်သားများကိုလည်း ပြေလျော့စေပါတယ်။

၃။ ဝမ်းလျှောခြင်းအတွက် ဂန္ဓာမာရေနွေးကြမ်း

အစာအိမ်ဆိုင်ရာ ပြသနာများကို ဖြေရှင်းပေးနိုင်ကာ ဖောရောင်ခြင်း ၊ မအီမသာဖြစ်ခြင်းနှင့် ဂတ်စ်များ စုဝေးလာခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။
ရေနွေးပူပူတစ်ခွက်ထဲသို့ ဂန္ဓာမာပန်းခြောက်များကို ထည့်ပြီး ၅ မိနစ်ခန့် နှပ်ထား၍ အဖတ်များဖယ်၍ ပျားရည်ရောက နွေးနေတုန်းသောက်သုံးပေးပါ။လက္ခဏာများပျောက်သွားသည်အထိ တနေ့လျှင် နှစ်ကြိမ်မှ သုံးကြိမ်သုံးစွဲပေးပါ။
 


၄။ စိတ်ဖိစီးမှုများအတွက် ပင်စိမ်းရွက်

နေထိုင်သည်နှင့်အမျှ အမျိုးမျိုးစုပုံလာသည့် စိတ်ဖိစီးမှုများအား ပင်စိမ်းရွက်ကို အသုံးပြုပြီး တိုက်ထုတ်ပစ်နိုင်ပါတယ်။လတ်လတ်ဆတ်ဆတ် ပင်စိမ်းရွက် ၁၀ ရွက်မှ ၁၂ ရွက်ခန့်ကို တနေ့လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်မှန်မှန် ဝါးပေးပါ။
 
နောက်တစ်မျိုးအနေဖြင့် ပင်စိမ်းရေနွေးကြမ်းကိုလည်း သောက်သုံးပေးနိုင်ပါတယ်။ပင်စိမ်းရွက်အနည်းငယ်ကို ရေနွေးထဲထည့်ပြီး ၅ မိနစ်မျှ နှပ်ထားက အဖတ်များဖယ်၍ ပျားရည်နှင့် ဖြည်းဖြည်းချင်းသောက်သုံးပေးနိုင်ပါတယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

သန့်ရှင်းဖို့လိုကို လိုအပ်တဲ့ အိမ်တွင်းပစ္စည်း(၆)မျိုး

အိမ်တွင်းအပင်လေးတွေ စိုက်ပျိုးပေးခြင်းကြောင့်ရရှိလာမယ့် အကျိုးကျေးဇူးများ

အိမ်မှာခိုအောင်းနေတဲ့ကြမ်းပိုးတွေကိုအပြတ်ရှင်းနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်း(၅)သွယ်

နံရံသုတ်ဆေးအရောင် ဘယ်လိုရွေးချယ်မလဲ

Credit By: Mystyle Myanmar
Posted By : Ra Wai, ShweProperty.com