တစ်ချို့ အိမ်တွင်းပစ္စည်းတွေကို နေ့စဉ်အသုံးပြုနေတတ်ပေမယ့် သန့်ရှင်းရေးလုပ်ဖို့တော့ မေ့လျော့နေတတ်ကြပါတယ်။ မေ့လျော့နေတယ်ဆိုတာထက် သန့််ရှင်းဖို့ မလိုအပ်ဘူးလို့ ထင်နေမိတာပါ။ တကယ်တမ်းတော့ ဒီပစ္စည်းတွေက ပိုညစ်ပတ်လွန်းလို့ သန့်ရှင်းဖို့လိုကို လိုအပ်ပါတယ်နော်။

မီးခလုတ်တွေ
 
အမြဲတမ်း လက်နဲ့ အဖွင့်၊ အပိတ်လုပ်နေတတ်တဲ့ မီးခလုတ်တွေကို နေ့စဉ်အသုံးပြု ထိတွေ့နေပေမယ့် ဘယ်တုန်းကမှ သန့််ရှင်းရေးလုပ်ဖို့တော့ အတွေးမဝင်တတ်ကြပါဘူး။ တကယ်တမ်းမှာတော့ လက်မှာပါနဲ့ ဘက်တီးရီးယားတွေ၊ ပိုးမွှားတွေက မီးခလုတ်တွေမှာ အလွယ်တကူပဲ ကပ်ကျန်နေခဲ့စေပါတယ်။ ဒီတော့ မီးခလုတ်တွေကို သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။


အဝတ်လျှော်စက်တွေ
 
အဝတ်အထည်တွေကို လျှော်ဖွပ်ဖို့ အဝတ်လျှော်စက်တွေကို အသုံးပြုကြပေမယ့် သန့်ရှင်းရေးတော့ လုံးဝကို မလုပ်ဖြစ်ကြဘူးမှလား။ ဒါပေမယ့် အဝတ်လျှော်စက်တွေဟာ အချိန်ကြာကြာသုံးစွဲလာတဲ့အခါ မှိုတွေက တဖြည်းဖြည်း ပေါက်ဖွားများပြားလာတတ်ပါတယ်။ ဒါကြောင့် အဝတ်လျှော်စက်တွေကို ရှာလကာရည်ထည့်ပြီး အပူချိန်မြင့်မြင့်နဲ့ အလွယ်တကူပဲ သန့်ရှင်းပေးလို့ရပါတယ်။

ကော်ဖီဖျော်စက်တွေ

နေ့တိုင်း ကော်ဖီက မရှိမဖြစ်တဲ့ အရာတစ်ခုဖြစ်ပြီး အမြဲတမ်း အသုံးပြုဖြစ်နေတဲ့ ကော်ဖီဖျော်စက်တွေဟာလည်း သန့်ရှင်းဖို့ လိုအပ်တဲ့ ပစ္စည်းတစ်ခုပါ။ ဒီတော့ ကော်ဖီဖျောက်စက်တွေကို ရေနွေးပူပူ ဒါမှမဟုတ် သန့်ရှင်းရေးလုပ်တဲ့ အရည်တစ်ခုခုနဲ့ သန့်စင်ပေးသင့်ပါတယ်။

Hair brush သို့ ဘီးတွေ

နေ့တိုင်း ကိုယ့်ဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြစ်ဖို့ အသုံးပြုရတဲ့ ဘီးတွေဟာ အချိန်ကြာလာတာနဲ့ အညစ်အကြေးတွေ တင်ကျန်လာပြီး အတော်လေးကို ညစ်ပတ်တဲ့ ပစ္စည်းပါ။ ဒီတော့ ကိုယ်အသုံးပြုနေကျ ဘီးတွေကို မကြာခဏ ဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။


ယောဂဖျာတွေ

ခုလိုအချိန်မှာ အိမ်မှာပဲ လေ့ကျင့်ခန်းတွေ၊ ယောဂတွေ လုပ်ဖြစ်ကြမှာပါ။ ဒီလို လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ အသုံးပြုတဲ့ ယောဂဖျာတွေဟာ ခန္ဓာကိုယ်က ချွေးတွေ၊ အညစ်ကြေးတွေ ရှိနေတတ်သလို ဒါက ကိုယ့်ခန္ဓာကိုယ်နဲ့ နေ့တိုင်းထိတွေ့နေတာမို့လို့ သန့််ရှင်းပေးဖို့ လိုအပ်ပါတယ်။

TV Remote

TV Remote တွေက အရမ်းအရမ်းကို ညစ်ပတ်တဲ့ ပစ္စည်းတွေဖြစ်သလို ဘက်တီးရီးယားတွေ ပေါက်ဖွားရှင်သန်လွယ်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီတော့ နေ့တိုင်း ကိုယ့်လက်နဲ့ ထိတွေ့နေရတဲ့ TV Remote တွေကို သန့်ရှင်းရေး လုပ်ပေးဖို့ လိုပါတယ်နော်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ခြင်ပြေးစေဖို့ အိမ်ထဲမှာထားသင့်တဲ့ အပင်လေး (၅) ပင်

သင့်အိမ်ခန်း သို့မဟုတ် ရုံးခန်းထဲက HOUSEPLANTS လေးများကို ဘယ်လိုဂရုစိုက်ရမလဲ

သင့်ကျန်းမာရေးကောင်းအောင် အိမ်မှာ ဒီပန်းပင်တွေစိုက်ပါ

အခန်းတွင်း လေသန့်စင်ပေးနိုင်မယ့် အပင်လေးတွေ စိုက်ကြည့်ရအောင်

Credit By: Aunt May
Posted By : Ra Wai, ShweProperty.com