အိမ်အသစ်ပြောင်းဖို့စဉ်းစားတဲ့အခါ ပတ်ဝန်းကျင်အနေအထားက ကောင်းရဲ့လား? စိတ်ချရရဲ့လား ? အိမ်အသစ်က ဘယ်လိုအနှောင့်အယှက်တွေရှိမလဲ? ခိုက်တတ်လား ? စသဖြင့် စဉ်းစားတွေးတောမိတတ်ကြပါတယ်။

ဒါကြောင့် Shwe Property က မိသားစုတွေနဲ့ အေးအေးဆေးဆေးပျော်ရွှင်ချင်လို့ အိမ်အသစ်ပြောင်းကာမှ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ မကြုံရအောင် တရုတ်ဖုန်းရွှေဗေဒင်ကျမ်းအရ အိမ်အသစ်ပြောင်းတဲ့အခါ လာဘ်လာဘပွင့်လန်းပြီး အိမ်သန့်သွားစေမယ့် နည်းလမ်းကောင်းလေးတွေကို ‌ပြောပြပေးလိုက်ပါတယ်။

(၁) နေဝင်ချိန်မတိုင်ခင် အိမ်အပြောင်းအရွှေ့လုပ်ပါ

အိမ်အသစ်ပြောင်းဖို့စိတ်ကူးထားပြီဆိုရင်  မနက်ပိုင်း ဒါမှမဟုတ် နေ့လည်ခင်းလောက် အိမ်ပြောင်းတာက အကောင်းဆုံးဖြစ်ပါတယ်။နေဝင်ပြီး ညနေစောင်းမှောင်စပျိုးမှ အိမ်အပြောင်းအရွှေ့လုပ်တာဟာ ဖုန်းရွှေနည်းအရ အချိန်ကောင်းမဟုတ်ဘူးလို့ဆိုထားပါတယ်။

(၂) အိမ်မပြောင်းခင်ကတည်းက အိမ်သန့်ရှင်းရေးလုပ်ထားပါ

အိမ်ပြောင်းပြီးကာမှ သန့်ရှင်းရေးမလုပ်ပါနဲ့။အိမ်မပြောင်းခင်ကတည်းက ကြိုတင်ပြီး အိမ်သန့်ရှင်းရေးလုပ်ထားပါ။သန့်ရှင်းရေးလုပ်ချိန်မှာလည်း အိမ်ထဲကို ငြိမ်းချမ်းခြင်းနဲ့ ကောင်းခြင်းတွေပဲ ရောက်လာစေဖို့ ပြတင်းပေါက်တွေ၊တံခါးတွေအားလုံးကို အချိန်အတော်ကြာတဲ့အထိ ဖွင့်ထားပေးပါ။သန့်ရှင်းရေးလုပ်ပြီး နာရီအနည်းငယ်ကြာမှ အိမ်ပြောင်းရွှေ့တာမျိုးလုပ်ပေးပါ။

(၃) မီးရှူးမီးပန်းဖောက်လွှတ်တာမျိုးလုပ်ပါ

အိမ်အသစ်မှာ မကောင်းတဲ့ဝိညာဉ်တွေ၊အနှောင့်အယှက်ဆိုးတွေ မကျန်ခဲ့လေအောင်၊မဝင်ရောက်နိုင်လေအောင် အိမ်အသစ်ထဲကို မဝင်ခင် မီးရှူးမီးပန်းဖောက်လွှတ်တာ၊ဗျောက်အိုးဖောက်တာမျိုးလုပ်ပေးပါ။အိမ်က မသန့်ဘူး၊အနှောင့်အယှက်တွေရှိတယ်ဆိုတဲ့သတင်းတွေမကြားရဘူးဆိုရင်တောင် ကိုယ်က ဒီရိုးရာထုံးတမ်းအစဉ်အလာတွေကို ယုံကြည်တဲ့သူဆိုရင် ကြိုတင်ကာကွယ်ထားတာမမှားပါဘူး။



(၄) ခေါင်းအုံးအသစ်ဝယ်ပါ

ဖုန်းရွှေဗေဒင်နည်းအရ အိမ်အသစ်ကိုပြောင်းရွှေ့တဲ့အခါ ယူသွားရမယ့် ခေါင်းအုံးတွေကလည်း အရေးကြီးပါတယ်။အိမ်မပြောင်းခင် ခေါင်းအုံးအသစ်ကို အိမ်မှာရှိတဲ့ မိသားစုဝင်အရေအတွက်အတိုင်းဝယ်ပါ။ကုတင်အိပ်ရာသေချာခင်းကျင်းပြင်ဆင်ပြီးသွားတဲ့အခါ ခေါင်းအုံးတွေကို တစ်ခါတည်းနေရာချလိုက်ပါ။

(၅) ရေစီးဆင်းစေပါ
အိမ်အသစ်ကိုပြောင်းရွှေ့ပြီးတဲ့အခါ ဘေစင်ကနေ ရေစီးဆင်းရာထွက်ပေါက်ကို ခဏပိတ်ထားလိုက်ပြီး ရေပိုက်ခေါင်းကိုဖွင့်ကာ ရေကိုဖြည်းဖြည်းချင်းစီးဆင်းစေပါ။ဒီလိုလုပ်တာဟာ နေထိုင်မယ့်အိမ်သူအိမ်သားတွေအတွက်ကံကောင်းခြင်းတွေယူဆောင်လာပေးတယ်လို့ အဆိုရှိပါတယ်။

(၆) အလင်းရောင်ဖြန့်ကျက်ပါ
ဖုန်းရွှေဗေဒင်ကျမ်းအရ အိမ်အသစ်မှာ အလင်းရောင်တွေဝေဝေဆာဆာဖြစ်နေရင် အိမ်ကိုလဲ ရောင်ပြန်ဟပ်စေတယ်လို့ဆိုထားပါတယ်။ဒါကြောင့် မီးတွေကို တစ်ညလုံးဖွင့်ပေးထားပါ။တစ်ချို့လူတွေဆိုရင် ကောင်းမွန်တဲ့အနာဂတ်ကို ယူဆောင်လာပေးနိုင်တယ်လို့ယုံကြည်ပြီး သုံးရက်ဆက်တိုက် မီးထွန်းထားတာမျိုးရှိကြပါတယ်။

ဒါလေးတွေကတော့ ကိုယ်ပြောင်းရွှေ့မယ့်အိမ်သန့်သွားအောင် ဖုန်းရွှေဗေဒင်နည်းအရ ဆောင်ရွက်ရမယ့်အချက်ကလေးတွေပဲဖြစ်ပါတယ်။ဗေဒင်ကိန်းခန်းတွေကို အယုံအကြည်ရှိတဲ့လူတစ်ယောက်အတွက် ဒါလေးတွေက အထောက်အကူဖြစ်စေပါလိမ့်မယ်နော်။ ကိုယ်နဲ့ Energy ကိုက်ညီတဲ့အိမ်လေး​တွေကိုရှာဖွေတွေ့ရှိပြီး မိသားစုပျော်ရွှင်အေးချမ်းစွာ နေထိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

မှတ်ဉာဏ်ချို့ယွင်းနိုင်ခြေကို လျော့ချပေးနိုင်တဲ့ အိမ်မှုကိစ္စများ

အေးချမ်းသာယာပျော်ရွှင်တဲ့အိမ်လေးဖြစ်ဖို့ ဒီလိုဖုန်းရွှေနည်းလေးတွေသုံးကြမယ်

သင့်အိမ်ကို ကံကောင်းခြင်းတွေ ဆောင်ကျဉ်းပေးနိုင်တဲ့ အဆောင်ယောင် အပြင်အဆင်များ

သင့်အိမ်မှာ မီးကွင်းဂမုန်းပင် စိုက်ထားပါသလား၊ မစိုက်ရသေးရင် စိုက်ထားပါ

Posted By : Ra Wai (ShweProperty.com)