ကိုယ့်အိမ်နံပါတ်အလိုက် ကိုယ့်ရဲ့ကံကြမ္မာကို စစ်ကြည့်လိုက်ရအောင်။ 
အိမ်နံပါတ်တွေဟာ သာမန် နံပါတ်ကလေးတွေချည်း သပ်သပ် မဟုတ်ပါဘူး။ အိမ်နံပါတ်လေးတွေဟာ ကိုယ့်အတွက် ထူးခြားတဲ့ဖြစ်စဉ်တွေ ပေးစွမ်းနိုင်သလို ဆိုးကျိုး၊ ကောင်းကျိုးတွေကိုလည်းပေးစွမ်းနိုင်စွမ်း ရှိတယ်လို့ ယူဆထားကြပါတယ်။ သင့်အိမ်နံပါတ်ကရော သင့်အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနေမလဲ ကြည့်လိုက်ရအောင်။ 

သင့်အိမ်နံပါတ်ဟာ ၁၊ ၉၊ ၇ စတဲ့ ထီးထီးဂဏန်းတွေ ဆိုရင်တော့ ဂဏန်းအလိုက် ဟောချက်တွေကို ချက်ခြင်းကြည့်နိုင်ပါတယ်။ ဒါပေမယ့် အိမ်နံပါတ်ဟာ ဂဏန်း ၂ လုံးဖြစ်နေမယ် ဥပမာ ၈၆ ဆိုရင် ၈+၉ = ၁၇၊ ၁+၇ = ၈ ဂဏန်း အဟောကို ဖတ်ရမှာ ဖြစ်ပါတယ်။  

အိမ်နံပတ် ( ၁ ) အဟော - ဒီအိမ်မှာနေထိုင်တဲ့သူတွေကတော့ စွန့်စားရတာကြိုက်နှစ်သက်သူတွေပါ။ အခြေအနေတိုင်းကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းနိုင်စွမ်းရှိလို့ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်မယ်ဆိုရင် အံ့အားသင့်ဖွယ် အကျိုးရလဒ်များ ရရှိမှာ ဖြစ်ပါတယ်။

အိမ်နံပါတ် (၂) အဟော - အိမ်နံပါတ် ( ၂ ) ဟာ အေးချမ်းမှု နဲ့ ကြင်နာမှုတရားတွေ လွှမ်းခြုံနေပါတယ်။ မိသားစုကို ခင်တွယ်တတ်သူတွေအတွက် နေရာကောင်း တစ်ခုဖြစ်သလို ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်မယ့် ဇနီးမောင်နှံများအတွက်လည်း အကောင်းဆုံးနေအိမ်ဖြစ်ပါတယ်။ 

အိမ်နံပါတ် (၃) အဟော - အိမ်နံပါတ် (၃) ရဲ့ ပိုင်ရှင်ဟာ လွတ်လပ်စွာနေတတ်သူတွေ ဖြစ်ပြီး အနုပညာဆိုင်ရာ လုပ်ငန်းတွေလုပ်ငန်းတွေမှာ ဖြစ်မြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်သူတွေ ဖြစ်ပါတယ်။ အိမ်နံပါတ် ( ၃ ) ဟာ အနုပညာလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အလွန်ကောင်းမွန်တဲ့ နေရာဖြစ်ပါတယ်။

အိမ်နံပါတ် (၄) အဟော - ဒီအိမ်မှာ မကောင်းတဲ့ ကံကြမ္မာတွေ မဝင်ရောက်နိုင်သလို ပျော်ရွှင်မှုတွေလည်း သိပ်တော့ မရှိလှပါဘူး။ ခိုင်မာတဲ့ ရပ်တည်ချက်နဲ့ မယိမ်းယိုင်တဲ့ စိတ်သဘောထား ကြီးဆိုးရာ နေရာ ဖြစ်တာေါကြောင့် စီးပွားရေးလုပ်မယ်၊ ရင်းနှီးမြုပ်နှံမယ်၊ အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းများ လုပ်မယ်ဆိုရင် အလွန်သင့်လျော်ပါတယ်။ 



အိမ်နံပါတ် ( ၅ ) အဟော - ဒီအိမ်ကတော့ အမြဲတမ်းအင်အားအပြည့်နဲ့ ရှေ့ဆက်ပြီး ဘယ်အရာမဆိုမနားတမ်း လုပ်ဆောင်နေတတ်သူတွေရဲ့ နေအိမ်ပါ ။ ဒါပေမယ့် အားနည်းချက်ကတော့ လက်ဖွာတတ်တယ်လို့ အဟောက ဆိုပါတယ်။

အိမ်နံပါတ် (၆)အဟော - မိမိကိုယ့်ကိုယ်ရော အိမ်နီးချင်းတွေကိုပါ သိပ်ကို ဂရုစိုက်တတ်တဲ့သူတွေရဲ့ နေအိမ်ပါ ။ အိမ်တွင်းကို ဝင်လာသူတိုင်း နွေးထွေးမှုကို ခံစားကြရမှာပါ။ အနုပညာနဲ့ အလှတရား ဝန်းရံထားဖို့ အကောင်းဆုံးအနေရာဖြစ်ပါတယ်။

အိမ်နံပါတ် (၇) အဟော -  စာရေးဆရာ၊ သုတေသီ အစရှိသည့် အလုပ်တွေ လုပ်ကိုင်မယ်ဆိုရင် ဒီအိမ်ကို ရွေးချယ်သင့်ပါတယ်။ အိမ်နံပါတ် ( ၇ ) ဟာ တိတ်ဆိတ်ခြင်း၊ တစ်သီးတစ်သန့်ဖြစ်ခြင်း၊ လျှို့ဝှက်ခြင်းကို ကိုယ်စားပြုပါတယ်။ 

အိမ်နံပါတ် (၈) အဟော - ဒီအိမ်မှာ နေထိုင်သူတွေကတော့ အလုပ်ကို တန်ဖိုးထားတတ်တဲ့သူတွေဖြစ်ပြီး တရားမျှတမှုကို ဦးစားပေးတတ်တဲ့ သူတွေပါတဲ့။ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ နေအိမ်လို့လည်း ဆိုနိုင်ပြီး ကိုယ်ဦးဆောင်ရတဲ့ လုပ်ငန်းတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ပါတယ်။ 

အိမ်နံပါတ် ( ၉ ) အဟော -  ၉ ဂဏာန်းဟာ အချစ်နှင့် မေတ္တာတရားကို ကိုယ်စားပြုပါတယ်။ ပွင့်လင်းဖော်ရွေတတ်သူတွေ ဖြစ်ပြီး အများစုက တော့ ခေါင်းမာတတ်ကြပါတယ်။ 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အိမ်တွင်းရေးသာယာပြီး စီးပွားတက်ဖို့ မဖြစ်မနေလိုက်နာရမယ့် ဖုန်းရွှေနည်းလမ်းများ

အိမ်ထဲမှာ ကံအဆိုးအညံ့တွေပျောက်စေဖို့ ဒီလို ဖုန်းရွှေနည်းလမ်းတွေပြုလုပ်ပါ

သင့်ကလေး IQ ရော EQ ပါ ကောင်းစေဖို့ ဒီလိုနည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ပါ

လက်ဖက်ရည်အေးကပေးတဲ့ ကျန်းမာရေးဆိုးကျိုး (၈) ခု

Posted By : Ra Wai (ShweProperty.com)