ကိုယ်နေထိုင်တဲ့အိမ်ဝန်းထဲမှာ အဆိုးအညံ့တွေကိန်းအောင်းနေရင် လာဘ်လာဘလည်းမဝင်တော့ပဲ ဘာပဲလုပ်လုပ်အဆင်မပြေဖြစ်နေတတ်ပါတယ်။ဒါကြောင့်မို့လို့ ကံဆိုးနေတယ်။ကံညံ့နေတယ်လို့ခံစားရတဲ့အခါ အိမ်ထဲကို ကံကောင်းခြင်းတွေရောက်လာဖို့ ဒီလိုဖုန်းရွှေနည်းလမ်းလေးတွေလုပ်ကြည့်ပါ။ 

(၁) တံခါးလက်ကိုင်မှာ ခေါင်းလောင်း ဒါမှမဟုတ် အကြွေစေ့ချိတ်ဆွဲပါ

ဖုန်းရွှေနည်းလမ်းအရ ရှေးဟောင်းတရုတ်အကြွေစေ့ ၃ စေ့ကို အနီရောင်ဖဲကြိုးလေးနဲ့ချည်ပြီး အိမ်ရှေ့တံခါးမကြီးရဲ့လက်ကိုင်မှာ ချည်ပေးထားမယ်ဆိုရင် အညံ့တွေပျောက်ပြီး ချမ်းသာကြွယ်ဝမှုတွေကို ဆောင်ယူလာပေးနိုင်တယ်လို့ဆိုထားပါတယ်။ ခေါင်းလောင်းလေးတွေချိတ်ဆွဲထားမယ်ဆိုရင်လည်း ကံဆိုးမှုတွေကိုဖယ်ရှားပေးတယ်လို့ဆိုပါတယ်။

(၂) အိမ်ပတ်ဝန်းကျင်ကို ပြောင်းလဲပါ 

အိမ်ပတ်ဝန်းကျင်အနေအထားကလည်း လူရဲ့စိတ်နဲ့ခန္ဓာကိုယ်ကို ထိခိုက်စေတယ်လို့ ဖုန်းရွှေပညာရှင်တွေပြောကြပါတယ်။အလုပ်အကိုင်မကောင်းရင် အလုပ်လုပ်နေတဲ့ပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်းနဲ့သပ်သပ်ရပ်ရပ်လေး ပြောင်းလဲနေရာချလိုက်ပါ။ ဒါမှမဟုတ် ကိုယ့်ရဲ့ဧည့်ခန်း ၊အိမ်ခန်းတစ်ခုလုံးကို အသစ်အဆန်းဖြစ်အောင်နေရာအပြောင်းအရွေ့လုပ်ပြီး အမှိုက်သရိုက်တွေကိုဖယ်ထုတ်ရှင်းလင်းပါ။ အဲ့ဒါဆိုရင် အိမ်ထဲကိုကံကောင်းမှုတွေဝင်ရောက်လာပါလိမ့်မယ်။

(၃) ပီချူးလေးတွေဆောင်ပါ

ပီချူးလေးတွေကိုလက်ကောက်အဖြစ်တစ်မျိုး၊ဆွဲကြိုးအဖြစ်တစ်ဖုံ အဆောင်အဖြစ်ဝတ်ဆင်တာမျိုးဟာ ငွေကြေးလာဘ်လာဘလည်းရွှင်စေပြီး ကောင်းမွန်တဲ့စွမ်းအင်တွေအနီးတစ်ဝိုက်စီးဆင်းနေစေပါတယ် ။အိမ်ထဲက အညံ့တွေပြေပျောက်စေဖို့အတွက် အိမ်ရဲ့လာဘ်လာဘပေါများစေတဲ့နေရာလေးမှာ ပီချူးထားပေးနိုင်ပါတယ်။ 



(၄) ကောင်းမွန်တဲ့စွမ်းအင်ခံယူပါ

နာမည်ကြီးတောင်တန်းတွေ၊ဘုရားကျောင်းတွေကိုသွားရောက်လည်ပတ်ပြီး အဲ့ဒီပတ်ဝန်းကျင်ကနေ ဖုန်းရွှေဓာတ်ငါးမျိုးကို ခံယူတာကလည်း ကိုယ့်ရဲ့အနီးပတ်ဝန်းကျင်မှာ ကောင်းမွန်တဲ့စွမ်းအင်တွေကူးပြောင်းရရှိလာစေပါတယ်။ဒါမှမဟုတ် အမြဲတမ်းကံကောင်းတတ်တဲ့သူငယ်ချင်း ၊ ဆွေမျိုးတွေဆီကို ခဏတဖြုတ်သွားလည်တာ၊သွားနေတာမျိုးလုပ်တာကလည်း ကံကောင်းမှုတွေကိုရရှိလာစေပါတယ်။

(၅) ဆားပုံပါ

တကယ်လို့အိမ်အသစ်ကိုပြောင်းရွေ့တာဆိုရင် အိမ်ထဲက မကောင်းတဲ့အငွေ့အသက်တွေ၊ကံဆိုးနေတာတွေယူပစ်သလို ပျောက်သွားစေဖို့ အခန်းတိုင်းရဲ့ထောင့်မှာ ဆားအနည်းငယ်စီပုံထားပေးပါ။၄၈ နာရီပြည့်ရင်တော့ ဖယ်ပြီး ဝေးဝေးကိုလွှင့်ပစ်လိုက်ပါ။ဒါဆိုရင်မကောင်းတဲ့ဓာတ်တွေ အိမ်ထဲကလွှင့်စင်သွားပါလိမ့်မယ်။

ဒီနည်းလေးတွေကိုသုံးပြီး အိမ်ထဲက မကောင်းတဲ့အဆိုးတွေ၊ အညံ့တွေကိုဖယ်ရှားနိုင်ပြီး ကံကောင်းခြင်းတွေရောက်လာစေဖို့ ဒီနည်းလမ်းလေးတွေကိုသုံးကြည့်စေချင်ပါတယ်။ 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

ဗေဒင်ကိန်းခန်းနည်းအရ အိမ်အသစ်ကို သန့်ချင်ရင် ဒီလိုဆောင်ရွက်ပါ

အေးချမ်းသာယာပျော်ရွှင်တဲ့အိမ်လေးဖြစ်ဖို့ ဒီလိုဖုန်းရွှေနည်းလေးတွေသုံးကြမယ်

မသိသူကျော်သွား၊ သိသူဖော်စား အိမ်တန်ဖိုး ပိုမြင့်စေမယ့် လျို့ဝှက်ချက်များ

အိမ်ကို လာဘ်လာဘပေါများပြီး ငွေရွှင်စေမယ့် ဖုန်းရွှေနည်းလမ်းများ

Posted By : Ra Wai (ShweProperty.com)