နေ့စဉ်ပုံမှန် တံမြက်စည်းလှဲတာတွေအပြင် အခြားသန့်ရှင်းရေးလုပ်သင့်တဲ့ ပစ္စည်းတွေလည်း ရှိနေပါတယ်။ သင့်အနီးအနားမှာ ရှိပြီး သင့်ကျန်းမာရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ပစ္စည်းတွေ ဖြစ်တာကြောင့် ဂရုစိုက်ဖို့ လိုအပ်လို့ နေ့စဉ်ပုံမှန် သန့်ရှင်းရေးလုပ်သင့်တဲ့ နေရာတွေနဲ့ ပစ္စည်းတွေကို ဖော်ပြပေးချင်ပါတယ်။
 
(၁) လက်နှီးစုတ်
 
 
စားပွဲခုံသန့်ရှင်းရေးလုပ်ဖို့နဲ့ မီးဖိုချောင်သန့်ရှင်းရေးပြုလုပ်တဲ့ အချိန်တွေမှာ သုံးနေကျဖြစ်တဲ့ လက်နှီးစုတ်ဟာ ဘက်တီးရီးယားတွေ အများကြီး ရှိတဲ့ ပစ္စည်းတခုဖြစ်ပါတယ်။ နေ့စဉ်သုံးနေတာဖြစ်လို့ ညစ်ပတ်တာလည်း လွယ်ကူတဲ့ ပစ္စည်းဖြစ်လို့ နေ့စဉ် လျှော်ဖွတ်ပြီး နေပူပူမှာ လှန်းသင့်ပါတယ်။

(၂) ရေချိုးခန်း
 
 
ရေချိုးခန်းဟာ အိမ်ရှိလူအကုန်သုံးတဲ့ နေရာဖြစ်ပြီး အဝတ်လျှော်ခြင်း၊ ဖိနပ်ဆေးတာ စတာတွေ လုပ်တတ်လို့ အလွန်ညစ်ပတ်တဲ့ နေရာလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ရေချိုးခန်း နံရံနဲ့ ကြမ်းပြင်တွေကို ပုံမှန် သန့်ရှင်းရေး လုပ်ဖို့ လိုအပ်ပါတယ်။
 

(၃) ဘေစင်
 
 
မီးဖိုချောင်ထဲမှာ ရှိတဲ့ ဘေစင်ဟာ လက်ဆေးခြင်းနဲ့ ပန်းကန်ဆေးခြင်းတို့ကို နေ့စဉ်ပြုလုပ်နေတဲ့ နေရာဖြစ်လို့ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ လွယ်ကူတဲ့ နေရာတခုလည်း ဖြစ်နေပါတယ်။ စားကြွင်းစားကျန်တွေကို ဘေစင်ထဲမှာ မပစ်ဖို့လည်း လိုအပ်ပါသေးတယ်။

(၄) ပန်းကန်
 
 
အလုပ်မအားလို့၊ ပင်ပန်းလို့ ဆိုပြီး ပန်းကန်တွေကို နောက်တနေ့မှ ဆေးဖို့ ထားတာဟာ ပန်းကန်တွေမှာ ဘက်တီးရီးယားတွေ ကပ်ဖို့ ပိုလွယ်ကူစေပါတယ်။ ဒါ့အပြင် နောက်တရက်ကို ရောက်ရင် ပန်းကန်တွေမှာ ကပ်နေတဲ့ စားသောက်စရာတွေက သိုးပြီး အနံ့ဆိုးတွေ ထွက်တတ်တာကြောင့် ဖြစ်နိုင်မယ်ဆိုရင် ထမင်းစားပြီးတာနဲ့ ပန်းကန်ကို ချက်ချင်းဆေးဖို့ လိုအပ်ပါတယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
သင်မထင်မှတ်ထားတဲ့ သက်တမ်းလွန်ပစ္စည်းများ အိမ်မှာရှိနေသလား
 
အိမ်မှာနေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းတွေမှာ ပုန်းကွယ်နေတဲ့ ထိပ်တန်းလျှို့ဝှက်ချက်များ
 
မိုးရာသီမှာ သင့်ရဲ့သစ်သားပရိဘောဂတွေကို ဘယ်လိုထိန်းသိမ်းမလဲ
 
သင့်အိမ်လေးကို ဗိုင်းရပ်စ်အန္တရာယ်မှ ကာကွယ်ဖို့ အသုံးပြုနိုင်သော အိမ်သုံးပစ္စည်းများ
 
Credit By: burma.irrawaddy
Posted By : Sint Sint, ShweProperty.com