အိမ်သုံးပစ္စည်းတွေကို သန့်ရှင်းရေးလုပ်တဲ့အခါ ရှလကာရည်နဲ့ မတည့်တဲ့ ပစ္စည်းတွေရှိပါတယ်။ ကိုယ်က သန့်ရှင်းစေချင်လို့၊ ပြောင်လက်စေချင်လို့ ရှလကာရည်ကိုသုံးလိုက်ပေမယ့် ပစ္စည်းတွေကို တာရှည်မခံဘဲ ပျက်စီးသွားစေတာမျိုး ဖြစ်တတ်လို့ပါ။  ဒီလိုအကြောင်းအရင်းတွေနဲ့ပတ်သက်လို့ အိမ်သုံးပစ္စည်းဆိုင်ရာ ကျွမ်းကျင်သူတွေက အိမ်ရှင်မတွေအတွက် ရှလကာရည်နဲ့ မတည့်တဲ့ ပစ္စည်းတချို့ကိုပြောပြထားကြပါတယ်။ 
 
၁။ ဓါး
 
ဓါးက သံထည်ပစ္စည်းဖြစ်တဲ့အတွက် သူ့ကို သန့်ရှင်းရေးပြုလုပ်တဲ့အခါ ရှလကာရည်သုံးတာမျိုးကို ရှောင်သင့်ပါတယ်။ ရှလကာရည်က အက်ဆစ်ဓတ်ပါဝင်တဲ့အတွက် သံထည်ကို သံချေးတက်စေပြီး ဓါးကို တုံးစေတတ်လို့ပါ။ ဒါကြောင့် ဓါးလိုပစ္စည်းမျိုးကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် ရိုးရိုးဆပ်ပြာရည်ကို သုံးပြီးရေနွေးလေးနဲ့ ဆေးကြောပေးပါ။ ပြီးရင် စက္ကူလေး၊ အဝတ်စလေးနဲ့ ခြောက်အောင်သုတ်ပေးခြင်းဖြင့် ဓါးတွေကို မတုံးစေဘဲ တာရှည်သုံးပျော်စေပါတယ်။
 
၂။ ကျောက်သားမျက်နှာပြင်
 

ကျောက်သားမျက်နှာပြင်လု့ိဆိုရာမှာ ကျောက်သားနဲ့ပြုလုပ်ထားတဲ့ စားပွဲ၊ လှေကားထစ်၊ ဘေစင်၊ ကြမ်းပြင်အကုန်လုံးပါဝင်ပါတယ်။ ကျောက်သားမျက်နှာပြင်တို့က ကြည့်လိုက်ရင် မာကျောနေတယ်ထင်ရပေမယ့် သူ့ရဲ့အားနည်းချက်က အက်ဆစ်ဒဏ်ကို မခံနိုင်ခြင်း ဖြစ်ပါတယ်။ ဥပမာ- ရှလကာရည်လိုမျိုးပေါ့။ ရှလာကာရည်က ကျောက်သားမျက်နှာပြင်တွေကို စားပြီး ချိုင့်ခွက်လေးတွေဖြစ်လာခြင်း၊ အကွက်တွေထင်လာခြင်း၊ ကျောက်သားကို အရောင်မှိန်လာခြင်း၊ ကျောက်သားတို့ကို ချောမွတ်စေခြင်း အစရှိတဲ့ ပျက်စီးမှုတို့ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူတို့က ဒီလိုနေရာမျိုးကို သန့်ရှင်းရေးလုပ်ရင် ရှလကာရည်သုံးတာမျိုး လုံးဝမလုပ်ဘဲ သူ့အစားဆပ်ပြာရည်ကို အသုံးပြုသင့်ကြောင်း၊ ကျောက်သားကြမ်းပြင်လိုနေရာမျိုးကို အက်ဆက်ဓတ်ပါတဲ့ အရည်တမျိုးမျိုးကျသွားခဲ့ရင် ချက်ချင်းရေနဲ့ ဆေးကြောသုတ်လိုက်ဖို့ အကြံပြုထားကြပါတယ်။
 
၃။ သစ်သားပရိဘောဂနဲ့ ကြမ်းပြင်
 
သစ်သားနဲ့ပြုလုပ်ထားတဲ့ ကြမ်းပြင်၊ ပရိဘောရဂပစ္စည်းတို့ကို သန့်ရှင်းရေးလုပ်တဲ့အခါလည်း ရှလကာရည်ကို မသုံးသင့်ကြောင်းပြောထားပါတယ်။ ရှလကာရည်က ကြမ်းပြင်မှာရှိနေတဲ့ ဖယောင်းစက်တို့လိုမျိုးကို အရည်ပျော်စေနိုင်ပေမယ့် သစ်သားရဲ့အရောင်ကို မွဲပြာစေပြီး အလွတယ်တကူ ခြစ်ရာတို့ ထင်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ 
 
၄။ ကြွေပြား
 
ရှလကာရည်က ကြမ်းပြင်တို့၊ ကျောက်သားမျက်နှာပြင်တို့ကိုပါ ပျက်စီးစေရုံမက ကြွေပြားတို့ကိုလည်း ပျက်စီးစေတာပါ။ ကြွေပြားရဲ့ အရောင်ကို မှိန်စေပြီး ကြွေပြားကို ကျိုးပဲ့စေခြင်း၊ မှိုတက်လွယ်စေခြင်းအစရှိတဲ့ ဆိုးကျိုးတို့ကို ပေးစွမ်းပါတယ်။ ဒါကြောင့် ကြွေပြားကပ်ထားတဲ့ နံရံတွေကို သန့်ရှင်းရေးလုပ်ရင် ရှလကာရည်ကို သုံးတာမျိုးကို လုံးဝရှောင်ကြဉ်ပါ။ သူ့အစား ဆပ်ပြာရည်ကို သုံးပြီးသန့်ရှင်းရေးလုပ်ခြင်းက ဘေးအကင်းဆုံးဖြစ်ပါတယ်။
 
၅။ အိမ်မွှေးတိရိစ္ဆာန်တို့ကို နေမကောင်းဖြစ်စေခြင်း
 
ရှလကာရည်နံ့က အိမ်မွေးတိရိစ္ဆာန်တို့ကို နေမကောင်းဖြစ်စေပါတယ်။ ဒါကြောင့် အိမ်မှာ ရှလာကာရည်သုံးပြီး သန့်ရှင်းရေးလုပ်ရတာမျိုးရှိရင် အိမ်ထဲ အနံ့အသက်ပျောက်စေဖို့ အမြန်ပြုလုပ်သင့်ပါတယ်။ တိရိစ္ဆာန်တွေရဲ့နှာခေါင်းက လူတွေထက် အနံ့ပိုလို့စွဲနေတတ်တာကြောင်း ကိုယ်က အနံ့ပျောက်အောင် လုပ်လိုက်ပြီဖြစ်ပေမယ့်သူတို့နှာခေါင်းမှာစွဲနေပြီး နေ မကောင်း ဖြစ်စေခြင်း ဖြစ်ပါတယ်။ 
 

 ၆ ။ ပုလဲကို ပျက်စီးစေခြင်း
 
သင့်ရဲ့လက်ဝတ်ရတနာတွေထဲမှာ ပုလဲပါဝင်နေခဲ့ရင် ရှလကာရည်ကို သူနဲ့ ခပ်ဝေးဝေးမှာ ထားဖို့ တိုက်တွန်းချင်ပါတယ်။ ပုလဲမှာ ကယ်လစီယမ် ကာဗွန်နိတ်၊ စကျင်ကျောက်နဲ့ ထုံးကျောက်တို့ ရောစပ်ပါဝင်နေတာကြောင့် ရှလာကာရည်နဲ့ ထိတွေ့မိရင် ပုလဲရဲ့အရည်အသွေးကို ပျက်စီးစေပြီး  ပုံပန်းမလှဖြစ်သွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။ 
 
၇။ လျှပ်စစ်ပစ္စည်း မျက်နှာသားပြင်
 
ရှလကာရည်က ဖန်သားပြင်တို့ကို တိုက်ချွတ်ရာမှာ အရမ်းကို ပြောင်လက်တောက်ပစေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် တီဗွီမျက်နှာပြင်၊ ကွန်ပျုတာမျက်နှပြင်၊ ဖုန်းမျက်နှာပြင်တို့လိုနေရာမျိုးကိုလည်း ရှလာကာရည်နဲ့ ပွတ်တိုက်လိုက်ရင် ပြောင်လက်သွားမှာပဲလို့ ထင်ကောင်းထင်သွားနိုင်တတ်ပါတယ်။ တကယ်တော့ ရှလကာရည်က ဖန်သားပြင်တို့ကို ပွတ်တိုက်ရာမှာသာ ထိရောက်မှုရှိပြီး လျှပ်စစ်ပစ္စည်းမျက်နှာပြင်တွေကို ပွတ်တိုက်လိုက်တဲ့အခါ touch screen တွေဟာ အရင်လိုမမြန်တော့ဘဲ  နှေးကွေးသွားတတ်ပါတယ်။
 
 ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ
 
သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်လေးကပေးတဲ့ အကျိုးကျေးဇူး
 
အိမ်ရှင်မတို့အတွက် အလွယ်ကူဆုံး မီးဖိုချောင် သန့်ရှင်းနည်း
 
သန့်ရှင်းရေးလုပ်ဖို့ သတိမထားမိတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေရဲ့ အန္တရာယ်
 
သင့်အိမ်ထဲက အညစ်ပတ်ဆုံးနေရာ ၇ နေရာ
 
Credit By: Yangon Life
Posted By : Sint Sint (ShweProperty.com)