ကျွန်မတို့တော်တော်များများယူဆထားတာက အိမ်ဆိုတာက လုံခြုံတဲ့နေရာတစ်ခုလို့လေ။ ဒါပေမယ့်လေ့လာမှုတွေအရတော့ အိမ်ကမတော်တဆမှုတွေ အများဆုံးဖြစ်နိုင်တဲ့နေရာပါ။ အထူးသဖြင့် ကလေးငယ်တွေနဲ့ အသက်ကြီးတဲ့လူတွေဟာနေအိမ်မှာ မတော်တဆထိခိုက်မိတာများပါတယ်။ ကျွန်မတို့အနေနဲ့နေအိမ်မှာဖြစ်နိုင်တဲ့ မတော်တဆမှုတွေကို မကာကွယ်နိုင်ပေမယ့်နေအိမ်ထဲမှာ လူကြီးတွေနဲ့ ကလေးတွေကို လုံခြုံဘေးကင်းအောင်ထားပေးလို့တော့ရပါတယ်။
 
နေအိမ်မှာဖြစ်နိုင်တဲ့ မတော်တဆမှုတွေက
နေအိမ်မှာဖြစ်နိုင်တဲ့ မတော်တဆမှုတွေက –
 
ချော်လဲတာ
ပစ္စည်းတွေမတော်တဆပြုတ်ကျတာ
ထိခိုက်ပွန်းပဲ့ဒဏ်ရာ
ခြေဆစ်လက်ဆစ်လွဲတာ


ပြတ်ရှဒဏ်ရာ
အပူလောင်တာ
အရေပြားမှာ ဓာတုပစ္စည်းတွေလောင်တာ
ဖန်ကွဲစတွေရှတာတွေဖြစ်နိုင်ပါတယ်။
အိမ်တွင်းမှာဖြစ်နိုင်တဲ့ မတော်တဆမှုတွေကို ဒီလိုကာကွယ်ပါ
အိမ်တွင်းမှာဖြစ်နိုင်တဲ့ မတော်တဆမှုတွေကို ကာကွယ်ချင်ရင် ဒီနည်းလမ်းလေးတွေက အသုံးဝင်မှာပါ။
 
အိမ်သာနဲ့ရေချိုးခန်းကြမ်းပြင်တို့ကိုသေချာတိုက်ထားပေးပါ – အိမ်သာနဲ့ရေချိုးခန်းက မဖြစ်မနေ အသုံးပြုရမယ့်နေရာတွေဖြစ်တာကြောင့်ချောနေတာမျိုးမဖြစ်အောင်သေချာဂရုစိုက်ဖို့လိုအပ်ပါမယ်။ကြွေပြားခင်းထားတာဆိုရင်တော့ အခင်းတစ်ခုခုခင်းပေးထားတာ အဆင်ပြေဆုံးဖြစ်မှာပါ။
 
လှေကားတွေကိုသေချာဂရုစိုက်ပေးပါ –လှေကားတွေကနေလည်း မတော်တဆခြေချော်ကျတာမျိုးဖြစ်နိုင်တာကြောင့်လှေကားမှာ အလှဆင်တဲ့အနေနဲ့ အခင်းခင်းထားတာမျိုး မလုပ်ပါနဲ့။နောက်တစ်ခုကလှေကားကိုအလင်းရောင်ကောင်းကောင်းရအောင်ထားပေးဖို့လည်းမမေ့ပါနဲ့။

ကော်ဇောခင်းတဲ့အခါ အစပ်နေရာတွေကိုသေချာတိပ်နဲ့ကပ်ပါ -ကော်ဇောတွေခင်းပြီး အိမ်ကိုအလှဆင်ထားတယ်ဆိုရင်တော့ကော်ဇောတွေတစ်ခုနဲ့တစ်ခုဆက်တဲ့နေရာကို တိပ်သုံးပြီးသေချာကပ်ထားပါ။ မတော်တဆခလုတ်တိုက်မိပြီးချော်လဲတာမျိုးဖြစ်နိုင်ပါတယ်။
 
ညမီးဖွင့်ထားပေးပါ – ညဘက်အိပ်တဲ့အခါ မီးအားလုံးမှိတ်ပြီး အိပ်မှ အိပ်ပျော်တယ်ဆိုရင်တောင် ညမီးခပ်မှိန်မှိန်လေးတော့ဖွင့်ထားပေးပါ။ အိပ်ခန်း၊လျှောက်လမ်း၊အိပ်သာနဲ့ရေချိုးခန်းတို့မှာ မီးခပ်မှိန်မှန်လေးထွန်းထားပေးပါ။ အိပ်ရာထဲမှာ ဒါမှမဟုတ် အလွယ်တကူယူလို့ရတဲ့နေရာမှာ လက်နှိပ်ဓါတ်မီးထားပေးပါ။
 

ပရိဘောဂတွေကိုသေချာထားပေးပါ – အိမ်ကို တတ်နိုင်သမျှ ရှင်းရှင်းလေးပဲထားပေးပါ။ ပရိဘောဂတွေကိုလည်း အစွန်းထွက်နေတာမျိုးမဖြစ်အောင်လုပ်ပေးပါ။နောက်တစ်ခုကပြတင်းပေါက်နားမှာ ခုံတွေ၊စားပွဲတွေနဲ့ ကလေးတွေတက်လို့ မှီလောက်တဲ့ပရိဘောဂတွေမထားပါနဲ့။ မတော်တဆပြတင်းပေါက်ကနေပြုတ်ကျတာမျိုးဖြစ်နိုင်တာကြောင့်ပါ။
 
ဒီလိုတွေသတိထားနေရက်က မတော်တဆမှုတွေဖြစ်လာခဲ့မယ်ဆိုရင်တော့ ထိခိုက်မိတဲ့ဒဏ်ရာသေးရင် အိမ်မှာပဲ ကိုယ်တိုင် အနာကိုဆေးကြောတာ၊ဆေးထည့်တာ၊ ပလာစတာကပ်တာ၊ ပတ်တီးစည်းတာတွေလုပ်ပေးလို့ရပါတယ်။ အနာကကြီးမယ်ဆိုရင်တော့ အနာဆေးတာလောက်လုပ်ပြီး နီးစပ်ရာဆေးခန်းကို သွားရောက်ပြသပေးပါ။ ဒီလိုတွေလုပ်ပေးဖို့ဆိုရင်တော့ နေအိမ်မှာ အရေးပေါ်ဆေးသေတ္တာလေးတစ်လုံးလောက်ဆောင်ထားဖို့လိုပါမယ်။ဘေးကင်းလုံခြုံတဲ့နေအိမ်လေးအဖြစ် ဒီနည်းလေးတွေ သုံးပြီး ဖန်တီးကြည့်ပါနော်။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
သင့်အိမ်နှင့်သင့်ကျန်းမာရေး
 
မိသားစုကျန်းမာရေးအတွက်မိနစ်၂၀စာအိမ်သန့်ရှင်းရေး
 
သံပုရာသီးအခွံကို အိမ်မှာ ဘယ်လိုသုံးလို့ရလဲ
 
ဖုန်းရွှေပညာအရ ရေခဲသေတ္တာပေါ်တွင် မထားသင့်သော အရာများ
 
Credit By: Hellosayarwon
Posted By : Ra Wai, ShweProperty.com