တောင်ကိုရီးယားရဲ့ နာမည်ကျော်ကေပေါ့ပ်အဖွဲ့ BLACKPINK ဆိုရင် မသိတဲ့သူ မရှိလောက်အောင် ထင်ရှားကျော်ကြားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။အဖွဲ့ဝင်လေးယောက်လုံးဟာ ပရိသတ်ကိုယ်စီနဲ့ အချစ်တွေကိုသိမ်းပိုက်ထားကြပြီး အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jennie Kim ဟာဆိုရင်လည်း  ပရိသတ်တွေရဲ့ အသည်းနှလုံးအဆိုတော်ကောင်မလေးပဲဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ချမ်းသာတဲ့မျိုးရိုးကဆင်းသက်လာတဲ့ Jennie Kim ရဲ့ ခမ်းနားလှပတဲ့အိမ်ကြီးအကြောင်းကို မျှဝေပေးလိုက်ပါတယ်။



“The House”လို့ခေါ်တွင်တဲ့ Jennie ရဲ့ တန်ဖိုးကြီး Villa 

Jennie ဟာ ကိုရီးယားရဲ့နံပါတ်တစ် အချမ်းသာဆုံးစာရင်းဝင်များ နေထိုင်ရာ Hannam-dong ရဲ့ UN Village ဝင်းထဲမှာ နေထိုင်ပြီး သူမရဲ့ တန်ဖိုးကြီးဇိမ်ခံအိမ်ဟာ စတုရန်းပေ ၄၃၀ အကျယ်အဝန်း ရှိပါတယ်။သူမရဲ့ အိမ်ကြီးကို "The House"လို့ခေါ်တွင်ပြီး အိမ်တန်ဖိုးငွေဟာ ကိုရီးယားဝမ်ငွေ ၆ ဘီလီယံကျော် တန်ဖိုးရှိတယ်လို့သိရပါတယ်။

Jennie ဟာ ဒီဇိမ်ခံအိမ်ကြီးကို YG Entertainment ရဲ့ အနုပညာရှင်ဟောင်းနှစ်ယောက်ဆီကနေ တစ်ဆင့်ပြန်လည် ဝယ်ယူခဲ့တာဖြစ်ပြီး အနီးပတ်ဝန်းကျင်မှာလည်း နာမည်ကျော်အနုပညာရှင်များ၊ အချမ်းသာဆုံး စာရင်းဝင်များ၊ နိုင်ငံရေးသမားများ ၊ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်များစွာ နေထိုင်ကြပါတယ်။

 UN Village ဟာ တကယ့်ဒိတ်ဒိတ်ကြဲတွေပဲ နေထိုင်တဲ့နေရာဖြစ်လို့ လုံခြုံရေးအထပ်ထပ်နဲ့ ကာရံစောင့်ကြပ်ထားတဲ့ နေရာလည်းဖြစ်ပါတယ်။



"The House"အိမ်ကြီးအတွင်း ဖွဲ့စည်းပြင်ဆင်ထားပုံများ

Jennie ရဲ့ အိမ်ကြီးဟာ ၂ ထပ်အိမ်ဖြစ်ပြီး စုစုပေါင်း အိပ်ခန်း (၄) ခန်းနဲ့ ရေချိုးခန်း (၃) ခန်းပါဝင်ဖွဲ့စည်းထားပါတယ်။ သူမရဲ့အိမ်ကြီးအတွင်း တန်ဖိုးကြီးအသုံးအဆောင်များနဲ့သာ ပြင်ဆင်ထားပြီး သူမရဲ့အိပ်ခန်းထဲက အိပ်ရာဟာ ဒေါ်လာ ၃၀၀၀၀ ၊  ဆိုဖာတွေဟာ စုစုပေါင်း ဒေါ်လာ ၁၀၀၀၀  နီးပါးတန်ဖိုးရှိပြီး မီးအိမ်နဲ့ စပီကာတန်ဖိုးတင် ဒေါ်လာ ၃၀၀၀ ရှိတယ်လို့သိရပါတယ်။

သီချင်းတွေ လေ့ကျင့်ဖန်တီးဖို့အတွက် ကိုယ်ပိုင်နေရာလေးလည်းရှိတဲ့အပြင် သူမရဲ့အိမ်ထဲမှာပြင်ဆင်ထားရှိထားတဲ့ ခရစ္စမတ်သစ်ပင်ကြီးဟာဆိုရင် အမြင့်ပေ ၃ မီတာရှိပြီး ဒေါ်လာ (၆၁၅၀) နီးပါး ကုန်ကျခံပြုလုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။



Jennie ဟာ သူမရဲ့အိမ်ကြီးတစ်ခုလုံးကို နန်းတော်ကြီးသဖွယ် ခမ်းနားလှပတဲ့ ဇိမ်ခံပစ္စည်းတွေ၊တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်းတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

မိတ်ဆွေတို့ရော Jennie ရဲ့ အိမ်ကြီးလို ခမ်းနားလှပပြီး သီးသန့်တိတ်ဆိတ်တဲ့နေရာလေးမှာ နေထိုင်ရမယ်ဆိုရင် ဘယ်လိုခံစားချက်လေးတွေဖြစ်နေမလဲ? ကိုယ့်ရဲ့အိမ်ကလေးထဲမှာ ဘယ်လို အသုံးအဆောင်ပစ္စည်းလေးတွေ ထည့်သွင်းတည်ဆောက်ချင်လဲဆိုတာ မျှဝေပေးခဲ့ပါဦးနော်။ 



နောက်တစ်ပတ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြားအိမ်ကြီးတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ထဲကိုလာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

နာမည်ကျော်အနုပညာရှင်တွေပိုင်ဆိုင်ထားကြတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးဇိမ်ခံအိမ်များ

JUSTIN BIEBER တို့ဇနီးမောင်နှံပိုင်ဆိုင်ထားတဲ့ အခမ်းနားဆုံးအိမ်ကြီးများ

စမိုင်းလ်ဝယ်လိုက်တဲ့ ဒေါ်လာ ၁၆ သန်းတန် အိမ်ကြီးထဲမှာ ဘာတွေရှိမလဲ?

SELENA GOMEZ ရဲ့ နန်းတော်တမျှခမ်းနားလှတဲ့ LOS ANGELES က အိမ်ကြီး

Posted By : Ra Wai (ShweProperty.com)