Pop music လောကရဲ့ ဘုရင်မတစ်ဦးဖြစ်သလို တက်ရောက်ခဲ့သမျှ နာမည်ကျော်ဆုပေး ပွဲတိုင်းရဲ့ အာရုံအလုံးစုံကို ဖမ်းစားလောက်တဲ့အထိ အင်အားကြီးမားတဲ့ ကမ္ဘာကျော် အ‌ဆိုတော် လေဒီဂါဂါဟာ အနုပညာရှင်အချင်းချင်းတောင် စံပြုအားကျရသူပါ။

သူမရဲ့နာမည်ကျော်ကြားမှုအောင်မြင်မှု၊ လွှမ်းမိုးနိုင်စွမ်းနဲ့ အနုပညာရှင်ဘဝကို ‌လိုက်ကာဖယ်ကြည့်လိုက်မယ်ဆိုရင် အမည်ရင်း Lady Gaga တစ်ဖြစ်လဲ အမည်ရင်း Stefani Joanne ဟာ  သိုသိပ်လျှို့ဝှက်တဲ့ personal life နဲ့ ဘဝကို ဖြတ်သန်းနေသူဖြစ်ပါတယ်။ ကိုယ့်ဒူးကိုယ်ချွန်ပြီး အမြင့်ကိုတက်ခဲ့တဲ့ အဆိုတော်သရုပ်ဆောင် လေဒီဂါဂါ ဟာ ကိုယ်ပိုင် ပိုင်ဆိုင်မှု  ဒေါ်လာ ၃၂၀ မီလီယရှိတဲ့ သူကြွယ်မလေးဆိုရင်လည်း မမှားပါဘူး။ 
 
ဒီတစ်ခါမှာတော့ လေဒီဂါဂါရဲ့ ဒေါ်လာ ၂၂.၅ သန်းနဲ့ဝယ်ယူထားတဲ့ ပြီးပြည့်စုံမှုတွေနဲ့ ခမ်းနားလှတဲ့ အပန်းဖြေအိမ်ကြီးဆီကို လှည့်ပတ်ကြည့်ရှုဖို့ ခေါ်ပေးသွားချင်ပါတယ်။

ဂျစ်ပစီနန်းတော်



Gypsy Palace လို့ အမည်တွင်တဲ့ ဒီဧရာမ ဇိမ်ခံအိမ်ကြီးက ကယ်လီဖိုးနီးယားပြည်နယ် ၊ မယ်လီဗူး ကမ်းခြေနံဘေးမှာ ရှိပြီး ၁၀၂၇၀ စတုန်းရန်းပေကျယ်ဝန်းတဲ့  ကမ်းခြေအပန်းဖြေအိမ်ကြီးဖြစ်ပါတယ်။ ဒီအိမ်ကို လေဒီဂါဂါက ၂၀၁၄ ခုနှစ်မှာ ဒေါ်လာ ၂၂သန်းခွဲနဲ့ဝယ်ယူခဲ့တာဖြစ်ပြီး ဒီအပန်းဖြေဇိမ်ခံအိမ်ကြီးကိုဝယ်ယူလိုက်ခြင်းဟာ သူမရဲ့ သမိုင်းတစ်လျှောက်မှာ  ကြီးမားတဲ့ ပိုင်ဆိုင်မှုမှတ်တိုင် တစ်ခု စိုက်ထူနိုင်ခဲ့ခြင်းဖြစ်တယ်လို့ စာနယ်ဇင်းတွေက မှတ်ချက်ချထားကြပါတယ်။ 

Vogue အတွက် interviewတစ်ခုမှာ လေဒီဂါဂါက ' ဒီနေရာက ကျွန်မအတွက် ခိုလှုံစရာနေရာလေး တစ်ခု ၊ ကျွန်မရဲ့ အိုအေစစ်နေရာပါ။ ငါ့ရဲ့ဂျစ်ပစီနန်းတော်လို့ ကျွန်မ ကိုယ့်ဘာသာနာမည်တောင် ပေးထားသေးတယ်'လို့ ဆိုကာ လျို့ဝှက်တတ်တဲ့သူမ အနေနဲ့တောင် မနေနိုင်ဘဲ အိမ်က သူမကို ဘယ်လောက်စိုးမိုးနိုင်ကြောင်း ပြောပြသွားခဲ့ပါသေးတယ်။

အိမ်ရဲ့အပြင်ပိုင်း
 
အိမ်ကို ဗိသုကာပညာရှင် Steve Giannetti ရဲ့ ဒီဇိုင်းနဲ့ ခမ်းနားပြီး အနုပညာဆန်စွာဆောက်လုပ်ထားပါတယ်။ ဗိသုကာပညာရှင်ပုံဖော်ထားတဲ့ မြေထဲပင်လယ်ဒေသဘက်က အဆောက်အဦး အငွေ့အသက်တွေနဲ့ ပြည့်နေတဲ့ ဒီအိမ်မှာ အသက်ရှုရပ်လောက်အောင် လှပသာယာတဲ့ မြင်ကွင်းကြည့်ရှုစရာနေရာတွေလည်းပါသလို ၊ နူးညံ့သိမ်မွေ့ပြီး သက်တောင့်သက်သာ နေထိုင်နိုင်အောင် ဆောက်လုပ်ပေးထားတာကြောင့် လေဒီဂါဂါက သူမရဲ့ခိုလှုံရာအနေနဲ့ သတ်မှတ်တာ မမှားပါဘူး။



အိမ်အတွင်းပိုင်း

ဒီ Mension ကြီးမှာ စတုရန်းပေ တစ်သောင်းကျော်ရှိတဲ့အချက်ကို ခဏဘေးဖယ်ပြီးကြည့်မယ်ဆိုရင်တောင် အဓိကအိပ်ခန်းသုံးခန်း ၊ အဆိုတော်ရဲ့ အဝတ်အစား နဲ့ လက်ဝတ်လက်စား လိမ်းချယ်စရာတွေထားတဲ့ အခန်းကျယ်တွေနဲ့ ဆက်သွယ်ပေးထားတဲ့ အိပ်ခန်းအချို့ပါတာနဲ့တင်ကို မက်လောက်စရာပါပဲ။
 
Master Bedroom မှာတော့ အိမ်တစ်ခုလိုမျိုး မီးလှုံစရာ မီးဖို နှစ်ခု ၊သီးသန့်လှေကားနဲ့ သာမန်အိပ်န်းတစ်ခန်းစာလောက်ကို ကျယ်ဝန်းတဲ့ အဝတ်လဲခန်းတို့ ပါရှိပါတယ်။
အိမ်အတွင်းပိုင်းရဲ့ တန်ဖိုးကြီး သစ်ရာတွေနဲ့ဆောက်လုပ်ထားခြင်းတွေ ၊ ရိုးရှင်းပေမယ့် ခမ်းနားတဲ့ အရှိန်အဝါကိုပေးနေတဲ့ အပြင်အဆင်တွေက လေဒီဂါဂါရဲ့ အောင်မြင်မှု တစ်ပွေ့တစ်ပိုက်ပိုင်ဆိုင်ထားတဲ့ အဆိုတော် တစ်ယောက်ရဲ့ ဘဝကို မီးမောင်းထိုးပြနေတယ်လို့ဆိုရမှာပါ။ 
 
အိမ်ရဲ့ ဒီဇိုင်းတွေတင် မကဘဲ အသုံးပြုထားတဲ့ ပရိဘောဂတွေ ၊ အလှဆင်ထားတဲ့ အသုံးအဆောင်တွေကလည်း သာမန်အနေအထားမျိုးမှာ မရနိုင်တဲ့  ဈေးကြီးပြီးခမ်းနားတဲ့ ပစ္စည်းတွေပဲ ဖြစ်တာမို့ အိမ်ထဲကို ဝင်လိုက်တာနဲ့ သာမန် Music Queen လေဒီဂါဂါ ရဲ့ ထည်ဝါတဲ့ အရှိန်အဝါ အငွေ့အသက်ကို ခံစားရမှာပါ။



Netflix documentary တစ်ခုဖြစ်တဲ့ Five Foot Two မှာ  လေဒီဂါဂါရဲ့ အိမ်အကြောင်း ပါဝင်လာတာကြောင့် ဒီ Gypsy Palace အိမ်ကြီးက ကမ္ဘာအနှံ့ကပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းစားကျော်ကြားနေတာလည်းဖြစ်ပါတယ်။ လေဒီဂါဂါအနေနဲ့တော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ သူမရဲ့ နောက်‌ဆုံးထွက် အယ်လ်ဘမ်ကိုလက်စသတ်ထားတာဖြစ်ပြီး The super bowlမှာ ဖျော်ဖြေဖို့အတွက်လည်း ပြင်ဆင်‌နေတယ်လို့ သိရပါသေးတယ်။ 
 
အခုပြောပြသွားတာကတော့ Lady Gagaရဲ့ နာမည်ကျော် ကမ်းခြေက အပန်းဖြေအိမ်ကြီး အကြောင်းပဲဖြစ်ပါတယ်။ 

နောက်တစ်ပတ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြားအိမ်ကြီးတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေ ဆောင်းပါးများ

အလှနတ်သမီး မာရီလင်မွန်ရိုးရဲ့ လောကကြီးထဲက ထွက်ပြေးပုန်းခိုရာ ရိုးရှင်းလှပတဲ့ LOS ANGELES ဇိမ်ခံအိမ်သို့ အလည်တစ်ခေါက်

မင်းသားကြီး ဂျက်လီရဲ့ ရှန်ဟိုင်းက ဒေါ်လာ သန်း (၄၀) တန် LUXURY အိမ်​ကြီး

အာနိုးကြီးရဲ့ အမေရိကန်ဒေါ်လာ (၁၁) သန်းကျော်တန် LA ဇိမ်ခံအိမ်ကြီး

လူငယ်ခြေတက် ERLING HAALAND နေထိုင်မယ့် MANCHESTER မြို့က ဇိမ်ခံအိမ်ကြီး

Posted By : Ra Wai (ShweProperty.com)