တရုတ်ဖုန်းရွှေပညာအရ ရေခဲသေတ္တာပေါ်မှာ တင်မထားသင့်တဲ့ ပစ္စည်းတွေ အကြောင်းကိုတင်ဆက်ပေးသွားပါမယ်။ ဒီလိုပစ္စည်းတွေတင်ထားမိမယ်ဆိုရင် အခန့်မသင့်ရင် စီးပွားရေးချွတ်ခြုံကျပြီး ဘာလုပ်လုပ်အဆင်မပြေဖြစ်တတ်ပါတယ်တဲ့။
 
၁။ လျှပ်စစ်ပစ္စည်းများ
 
ရေခဲသေတ္တာဆိုတာ အကြီးစားလျှပ်စစ်ပစ္စည်းတစ်မျိုးဖြစ်တဲ့အတွက် သူ့အနားမှာ သံလိုက်စီးကြောင်းတွေဖြစ်ပေါ်နေမှာ အမှန်ပါပဲ။ ပြီးတော့လျှပ်စစ်ပစ္စည်းဆိုတာလည်း သံလိုက်စီးကြောင်းတွေ ထွက်ပေါ်နေပါတယ်။
 



အဲဒီသံလိုက်စီးကြောင်း နှစ်ခုပေါင်းစုံလိုက်ခြင်းဟာ အိမ်သားတွေအတွက် ကျန်းမာရေးကိုအညံ့ဘက်သို့ရောက်စေပါတယ်။ အထူးသဖြင့် မိုက်ခရိုဝေ့ဖ်မီးဖိုကို ရေခဲသေတ္တာပေါ်မထားသင့်ပါဘူး။သူ့ဆီက တန်ပြန်ရောင်ခြည်များထုတ်လွှတ်နေလို့ဖြစ်ပါတယ်။ 
 
၂။ ပစ္စည်းများစုပုံတင်ထားခြင်း
 
အိမ်တွင်းမှာနေရာကျဉ်းတဲ့အတွက် ပစ္စည်းအတော်များများကို ရေခဲသေတ္တာပေါ်တင်ထား ကြတာကို ပရိသတ်ကြီးတို့ မြင်ဖူးကြသလို ကိုယ်တိုင်လည်းလုပ်ဖူးလိမ့်မယ်လို့ ထင်ပါတယ်။ ရေခဲသေတ္တာက ဖုန်းရွှေပညာအရ ငွေကိုကိုယ်စားပြုပါတယ်။
 
ရေခဲသေတ္တာပေါ် ပစ္စည်းတွေစုပုံတင်ထားခြင်းဟာ ကိုယ့်ဘဏ္ဍာတိုက်ကို ပိတ်ဆို့ထားသလို ဖြစ်တဲ့အပြင် သူတစ်ပါးမကောင်းကြံတာကိုပါကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာပေါ် ပစ္စည်းတွေစုပုံတင်ထားရင် ဖယ်ရှားလိုက်ပါလို့အကြံပေးချင်ပါတယ်။
 

၃။ ရေခဲသေတ္တာနံဘေးတွင် မီးဖိုရှိခြင်း။
 
ဖုန်းရွှေပညာအရ ရေခဲသေတ္တာမှာရေဓာတ်ဖြစ်ပြီး မီးဖိုကမီးဓာတ်ဖြစ်ပါတယ်။ ဒါကြောင့် မီးနဲ့ရေ ဆန့်ကျင်ဘက်ဓာတ်များအချင်းချင်းတိုက်ခိုက်ကြသဖြင့် အိမ်တွင်းရှိမိသားစုများ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်တတ်ပါတယ်။ ဒါကြောင့် မီးဖို သို့မဟုတ် ရေခဲသေတ္တာကိုနေရာရွှေ့ထားလိုက်ပါ။
 
အိမ်ကရေခဲသေတ္တာပေါ်မှာဘာတွေတင်ထားမိသလဲ အမြန်ပြေးကြည့်လိုက်ပြီး အထက်မှာဖော်ပြထားတာတွေ တင်ထားမိတယ်ဆိုရင်တော့ အမြန်နေရာရွှေ့ထားလိုက်ကြပါဦး။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

သင့်အိမ်မှာ လျှပ်စစ်အန္တရာယ်မဖြစ်အောင် မီးပလပ်ပေါက်နဲ့ မီးခလုတ်တွေကို ဘယ်လိုထားမလဲ?

အိမ်ကပိုးတွေကို တာ့တာလုပ်လိုက်ပါ

မီးဖိုချောင်ထဲက အန္တရာယ်ရှိသောပစ္စည်းများ

အဝတ်လျှော်စက်များကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးသင့်သည့် အကြောင်း

Credit By: chitthuyinkhwinmyotaw
Posted By : Ra Wai (ShweProperty.com)