စကားလက်ဂျိုဟန်ဆန်ဆိုတာနဲ့ ပရိသတ်တွေက ဖျတ်လတ်တက်ကြွပြီး ဒူပေဒါပေခံတဲ့ Marvel ဇာတ်ကောင် Black Widow ကို ပြေးမြင်မိကြမှာပါ။ စကားလက်ဟာ သူမရဲ့ အနုပညာလမ်းကြောင်းကို အသက်ခုနှစ်နှစ်ကတည်းက စတင်ခဲ့ပြီး အခုအသက် (38) နှစ်မှာ​တော့ ချစ်ခင်ပွန်းနဲ့ ကလေးနှစ်ယောက်နဲ့အတူ ပျော်စရာမိသားစုလေးဖန်တီးထားပြီး အမေရိကန်ဒေါ်လာ $165 သန်းကျော် ကြွယ်ဝချမ်းသာနေပါ​ပြီ။ စကားလက်ဟာ သူမရဲ့ ကြွယ်ဝချမ်းသာမှုတွေကို အမေရိကန်တစ်လွှားမှာ အိမ်တွေခြံကျယ်ကြီးတွေဝယ်ထားတတ်တဲ့ အမျှော်အမြင်ရှိတဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။ 

ဒီနေ့တော့ စကားလက်ရဲ့ လက်ညှိုးထိုးမလွဲ ပိုင်ဆိုင်မှုတွေထဲကမှ ပါပါရာဇီတွေ ရုတ်တရက်မမြင်ရအောင် လျို့ဝှက်ထားတဲ့  နယူးယောက်က ခမ်းနားလှတဲ့ အိမ်ကြီးအကြောင်းကို Shwe Property ရဲ့ ပရိသတ်တွေအတွက် ပြောပြပေးချင်ပါတယ်။

စကားလက်ရဲ့ New York က လျှို့ဝှက် အိမ်နဲ့ခြံကျယ်ကြီး 



စကားလက်ဟာ ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံး သရုပ်ဆောင်အမျိုးသမီးတစ်ဦးအဖြစ် 2018 ခုနှစ်မှာ Forbes Magazine ရဲ့ ဂုဏ်ပြုကြေညာခြင်းခံခဲ့ရပါတယ်။ အဲဒီနောက်မှာ စကားလက်က ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုတဲ့အနေနဲ့ နယူးယောက်မှာ တည်ရှိတဲ့ ဒေါ်လာ (4) သန်း တန်တဲ့ အိမ်နဲ့ခြံကျယ်​ကြီး ဝယ်ယူပြီး အောင်ပွဲခံခဲ့ပါတယ်။   

Ivy House အိမ်အပြင်ပိုင်း 

40 Washington Spring Road မှာတည်ရှိတဲ့ စကားလက်ရဲ့ အိမ်ကြီးဟာ Ivy House လို့ အမည်တွင်ပြီး လျှို့ဝှက်အိမ်ကြီးလို့ ပြောစရာမလိုအောင် အိမ်အ‌နေအထားကိုက သစ်ပင်တွေနဲ့ အုံ့ဆိုင်းမှိုင်းနေတဲ့ ခြံကျယ်ကြီးရဲ့ အတွင်းဘက်တစ်နေရာမှာ တည်ရှိတာပါ။ ဒီအိမ်ကြီးရဲ့ ဗိသုကာပညာရှင်ကတော့ 
President Franklin Delano Roosevelt ကိုယ်တိုင် အိမ်ဖြူတော်ကို ဒီဇိုင်းဆွဲဖို့ ခန့်အပ်ခံရတဲ့ Architect  ‌Eric Gugler ပဲဖြစ်ပြီး ဒီအိမ်ကြီးကို (1953) ခုနှစ်မှာ ဒီဇိုင်းဆွဲဆောက်လုပ်ပေးထားတာပါ။ ဒီလို ဆိတ်ငြိမ်ကျယ်လွင့်ပြီး သီးသန့် အနားယူနိုင်တဲ့ လျို့ဝှက်အိမ်ကြီးက စကားလက်နဲ့ သူ့မိသားစုအတွက် ‌တကယ့်ကို နားခိုရာနေရာလေးပါပဲ။ 



လှပဆန်းကြယ်တဲ့ အိမ်အတွင်းပိုင်း 

အိမ်ရဲ့ ဧည့်ခန်းအတွင်းမှာတော့ Hudson မြစ်ကို လှမ်းမြင်နိုင်မယ့် မြင်ကွင်းကျယ် တစ်ခု ဖန်တီးထားပြီး ထမင်းစားခန်း (2) ခန်း ၊ ချမ်းအေးလှတဲ့ Hudson ရာသီဥတုအတွက် အလှဆင် ဖန်တီးထားတဲ့ မီးလှုံနိုင်မယ့်နေရာလေးနဲ့ ရိုးရာနည်းပုံစံ ပုံဖော်ထားတဲ့ မီးဖိုခန်းလေးပါ ပါရှိပါတယ်။ မီးဖိုခန်းလေးကတော့ အနည်းငယ် နေရာကျဉ်းတာကြောင့် စကားလက် အနေနဲ့ပြင်ဆင်သင့်တယ်လို့ ဗိသုကာပညာရှင်တွေက ဝေဖန်ကြပေမယ့် မီးဖိုခန်းကနေ ထွက်လိုက်မယ်ဆိုရင် Hudson River View နဲ့ ရင်သပ်ရှု့မောဖွယ် ဝရန်တာတစ်ခုရှိတာကြောင့် စကားလက် က မီးဖိုခန်းကို အထူးတလည် ပြန်လည်ပြင်ဆင်ခြင်း မပြုလုပ်တော့တာလည်း ဖြစ်နိုင်ပါတယ်။ 

အိမ်ရဲ့ အပေါ်ထပ်မှာ ‌အိပ်ခန်း (4) ခန်း ၊ ရိုမန့်တစ်ဆန်တဲ့ ဝရန်တာ လှလှလေးတွေနဲ့ ကပ်ရပ်မှာ ရေချိုးခန်းနဲ့ သန့်စင်ခန်း အခန်း (4) ခန်း  တို့တည်ရှိတာကြောင့် Ivy House ဟာ မိသားစုကြီးကြီးတစ်ခု အေးအေးလူလူနေနိုင်မယ့် တည်ဆောက်ပုံမျိုးပါပဲ။ ဒါ့အပြင် အိမ်ရဲ့ နူးညံ့လှပတဲ့ ဒီဇိုင်း ပုံစံတွေကြောင့ အိမ်ထဲဝင်လိုက်တာနဲ့ အေးချမ်းပေမယ့် ထည်ဝါတဲ့ ရိုးရာ အိမ်လေးလို ပိုပြီးခံစားရစေပါတယ်။ 



ဒါတွေအပြင် ခြံထဲမှာ မျက်စိပဒါဿဖြစ်စေတဲ့ လှပကျယ်လွင့်တဲ့ ရေကူးကန်ကြီး  ၊ စိမ်းပြန့်နေတဲ့ မြက်ခင်းစိမ်း ၊ ကားဂိုထောင်နှစ်ခု၊ တင်းနစ်ကွင်းတွေလည်းပါဝင်ပြီး ခြံကျယ်ကြီးကလည်း အိမ်ကို ပိုပြီးလှပအောင် ပံ့ပိုးပေးထားတာကြောင့် စကားလက် ရဲ့ Ivy House ကို အခြားအနုပညာရှင်တွေကတောင် အားကျပြီး ဝယ်ယူချင်ကြတယ်လို့ သိရပါတယ်။ 

စကားလက်က ရေကူးကန်ကျယ်ကြီးရဲ့ ဘေးမှာ မှန်တွေနဲ့ထွင်းဖောက်မြင်နေရပြီး ဆိတ်ငြိမ်လှပတဲ့ နားနေဆောင်လေးတစ်ခုကိုပါ ဆောက်လုပ်ထားပါသေးတယ်။ နားနေဆောင်ထဲမှာ ရေကူးတဲ့အခါလိုအပ်မယ့်ပစ္စည်းတွေနဲ့ ကြီးမားလှပတဲ့ ဆိုဖာတွေ တွေထည့်သွင်းနေရာချထားတာလည်းတွေ့ရပါတယ်။ ဒါ့အပြင် Indoor Plants လေးတွေလည််းထည့်သွင်းထားတာမို့ နွေရာသီဆိုရင် နားနေဆောင်ထဲမှာအပူအအေးမျှတပြီး နေချင့်စဖွယ်လေးဖြစ်နေစေမှာပါ။ 

မကြာသေးခင်ကပဲ စကားလက် က 2020 ခုနှစ် မှာ လက်ထပ်ထားတဲ့ အသစ်စက်စက် ခင်ပွန်း Colin Jost နဲ့ အတူ Ivy House ကို ပြောင်းရွှေ့နေထိုင်နေပြီမို့ စကားလက်တို့မိသားစုအနေနဲ့ ဒီအိမ်ကြီးကို လောလောဆယ်မှာ ပြန်ရောင်းဖို့အစီအစဉ်မရှိသေးတဲ့ပုံပါပဲ။ Shwe Property ပရိသတ်တွေ မျက်စိအစာကျွေးနိုင်ဖို့ Ivy House ရဲ့ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။ 


ဒါကတော့ Marvel Star Scarlett Johanson ရဲ့ သဘာဝတရားကြီးကနေ ကွယ်ဝှက်ထားသလို နွယ်တွေနဲ့ တည်ဆောက်ထားတဲ့ ဘုံဗိမာန်တစ်ခုလို ရင်သပ်ရှု့မောဖွယ် တည်ရှိနေတဲ့ Ivy House အကြောင်း ပြောပြပေးသွားတာပဲဖြစ်ပါတယ်။ 

နောက်တစ်ပတ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြားအိမ်ကြီးတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ

LIONEL MESSI ရဲ့ ယူရို (5) သန်းခွဲတန် အိပ်မက်ဆန်သော ကမ်းခြေအိမ်ကြီးသို့ အလည်တစ်ခေါက်

BRAD PITT ရဲ့ ထူးဆန်းမှုတွေပြည့်နှက်နေတဲ့ ဒေါ်လာ သန်း (၄၀) တန် ရှေးဟောင်းအိမ်ကြီးအကြောင်း

ALIA လေးရဲ့ အမိုက်စားအပြင်အဆင်နဲ့ အိမ်ကြီးကို အလည်တစ်ခေါက်

SELENA GOMEZ နဲ့ HAILEY BIEBER ဘယ်သူက ပိုကြီးကျယ်ခမ်းနားတဲ့အိမ်ကို ပိုင်ဆိုင်ထားလဲ

Posted By : Ra Wai (ShweProperty.com)