တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသားချောလေး လီမင်ဟိုတစ်ယောက် ဘယ်လိုမျိုး တန်ဖိုးကြီးဇိမ်ခံအိမ်ကြီးမှာ နေထိုင်နေလဲဆိုတာ သိချင်နေကြတဲ့ပရိသတ်တွေအတွက် လီမင်ဟိုနေထိုင်တဲ့ဇိမ်ခံအိမ်ကြီးအကြောင်းမျှဝေပေးလိုက်ပါတယ်။

လီမင်ဟိုရဲ့ US $ 4.3 သန်းတန် ဇိမ်ခံ Villa 

လီမင်ဟိုဟာ တောင်ကိုရီးယားရဲ့ဝင်ငွေအမြင့်ဆုံးမင်းသားတစ်လက်ဖြစ်ပြီး သူဟာ နာမည်ကျော်အနုပညာရှင်တွေ၊ထိပ်တန်းနိုင်ငံရေးသမားတွေစုဝေးနေထိုင်ရာ Seongbuk-dong က villa ၂ခု ကို ဝမ်ငွေ ၅.၃၅ ဘီလီယံ (US $ 4.3 သန်း)နဲ့ ဝယ်ယူခဲ့တယ်လို့သိရပါတယ်။

အိမ်ကြီးရဲ့ အကျယ်အဝန်းဟာ ၇၄၀ စတုရန်းပေရှိပြီး သူ့ရဲ့အိမ်နီးနားချင်းတွေဟာ နာမည်ကျော်အနုပညာရှင်ဖြစ်တဲ့ Lee Seung Gi ၊ နာမည်ကြီး Korean label Stylenanda ရဲ့ စီအီးအိုဖြစ်တဲ့ Kim So Hee တို့ပဲဖြစ်ပါတယ်။



လီမင်ဟိုဟာ သူ့ရဲ့အိမ်ကြီးကို ဆိုရှယ်မီဒီယာပေါ်က ဓာတ်ပုံတွေကနေတစ်ဆင့် ပရိသတ်တွေကိုပြသလေ့ရှိပြီး မြင်တွေ့ရသလောက် လီမင်ဟိုဟာ သူ့ရဲ့အိမ်ကြမ်းခင်းနဲ့မျက်နှာကျက်ကို ဒီဇိုင်းဆန်းပြီး တန်ဖိုးကြီးမားတဲ့ အရည်အသွေးကောင်းကျောက်သားတွေနဲ့ ခင်းကျင်းထားတာကိုတွေ့ရပါတယ်။ ဒါ့အပြင် တစ်အိမ်လုံးကို သဘာဝနဲ့နီးစပ်ပြီး မျက်စိငြိမ်စေတဲ့အရောင်မျိုးခြယ်သထားပြီး ကြည့်လိုက်တာနဲ့ တန်ဖိုးကြီးမှန်းသိသာစေတဲ့ အသုံးအဆောင်ဇိမ်ခံပစ္စည်းတွေနဲ့ ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။

ဒီအိမ်ကြီးအ​ပြင် လီမင်ဟိုဟာ Seongbuk-dong က Villa ၂ ခုပိုင်ဆိုင်ထားတဲ့အပြင် ကိုရီးယားရဲ့တန်ဖိုးကြီးအဆောက်အဦးတွေရှိရာ Gangnam ပြည်နယ်မှာလည်း (၉) ထပ်အဆောက်အဦးတစ်ခုကိုပိုင်ဆိုင်ထားပါသေးတယ်။ထိုအဆောက်အဦးဟာ US $2 သန်းတန်ဖိုးရှိပြီး ပါတီကျင်းပရာအခန်း ၊အားကစားခန်းနဲ့ ရုပ်ရှင်ရုံတစ်ခု ပါဝင်တယ်လို့သိရပါတယ်။

ဒါ့အပြင် ဆိုးလ်မြို့ရဲ့ Heukseok-dong ဒေသမှာလည်း တန်ဖိုးကြီးကွန်ဒိုတိုက်ခန်းတစ်ခန်းကို ဝယ်ယူထားပြီး နာမည်ကျော်အနုပညာရှင်တြွေဖစ်တဲ့ မင်းသား Jang Dong Gun နဲ့ Ko So Young တို့ဇနီးမောင်နှံ ၊  K pop idol ဖြစ်သလို မင်းသမီးလည်းဖြစ်တဲ့ Krystal တို့လည်း ထိုအနီးပတ်ဝန်းကျင်မှာပဲနေထိုင်ကြတာဖြစ်ပါတယ်။ Hyun Bin နဲ့ Son Ye Jin တို့ဇနီးမောင်နှံဟာလည်း ထိုအနီးပတ်ဝန်းကျင်မှာ နေထိုင်ခဲ့ဖူးတယ်လို့သိရပါတယ်။



ဒါတွေကတော့ မင်းသား လီမင်ဟိုရဲ့ တန်ဖိုးကြီးဇိမ်ခံအိမ်တွေအကြောင်းပဲဖြစ်ပါတယ်။ မိတ်ဆွေတို့ရော လီမင်ဟိုရဲ့တန်ဖိုးကြီးဇိမ်ခံအိမ်ကြီးတွေကို နှစ်သက်မိလား။ သူ့လိုမျိုး အဆောက်အဦးတွေ၊ အိမ်တွေ ပိုင်ဆိုင်ရမယ်ဆိုရင် ဘယ်လိုအသုံးချဖြစ်မယ်ထင်လဲ။ 

နောက်တစ်ပတ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြားအိမ်ကြီးတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ထဲကိုလာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ

ဘာကြီးလဲဟလို့ ရေရွတ်မိစေမယ့် ဆန်းဆန်းပြားပြား အိမ်များ

မင်းသမီးတစ်ပါးလို နေထိုင်နေတဲ့ JENNIE (BLACK PINK) ရဲ့ ကိုယ်ပိုင်အိမ်ကြီးအကြောင်း

JUSTIN BIEBER တို့ဇနီးမောင်နှံပိုင်ဆိုင်ထားတဲ့ အခမ်းနားဆုံးအိမ်ကြီးများ

စော်ကြည်ဘဲ LEONARDO ပိုင်ဆိုင်တဲ့ဒေါ်လာသန်းကျော်တန် အိမ်ကြီးတွေအကြောင်း

Posted By : Ra Wai (ShweProperty.com)