တိုက်ခန်းတွေနဲ့ နေထိုင်ကြတာကြောင့် အိမ်တွင်းမှာ အပင်စိုက်တာတွေဟာ တစ်နေ့ပြီးတစ်နေ့ များပြားလာနေပါတယ်။ ဝါသနာအရ၊ အိမ်ကို အလှဆင်ချင်လို့၊ စိတ်ချမ်းသာချင်လို့ စသဖြင့် ရည်ရွယ်ချက်မျိုးစုံနဲ့ အပင်စိုက်ကြပါတယ်။ အဲ့သလို စိုက်တဲ့အခါ အပင်လှဖို့၊ ရောဂါဒဏ်ခံဖို့နဲ့ အပင် သန်စွမ်းဖို့ စတဲ့အချက်တွေကို အဓိကထားရွေးချယ်ကြတာကြောင့် ဘယ်အပင်တွေက ကျန်းမာရေးအတွက် ဘယ်လိုသက်ရောက်နိုင်တယ်၊ ဆိုးကျိုးဘယ်လိုရှိတယ်ဆိုတာကို သိပ်အလေးထားလေ့မရှိကြပါဘူး။ ဒါကြောင့် ကျန်းမာရေးကို တဖြည်းဖြည်းထိခိုက်လာစေတဲ့ မစိုက်သင့်တဲ့အပင်တွေကြောင်းကို သတင်းပါးချင်ပါတယ်နော်။

(၁) ဂမုန်းပင် (Dieffenbachia)

ဂမုန်းပင်က အိမ်တွင်းမှာ စိုက်တဲ့အခါ လှပေမယ့်လည်း ကျန်းမာရေးအတွက်တော့ အဆိပ်အတောက် ဖြစ်စေတဲ့အပင်ပဲ ဖြစ်ပါတယ်။ မတော်တဆ ဝါးမိတဲ့အခါမျိုးမှာဆိုရင် ပါးစပ်နဲ့လည်ချောင်းမှာ အပူလောင်တာ၊ ဝမ်းလျှောတာ၊ ပျို့အန်ချင်တာ၊ အန်တာ စတဲ့ ကျန်းမာရေးအတွက် ဆိုးတဲ့ လက္ခဏာတွေ ဖြစ်စေပါတယ်။



(၂) ရွက်လှပင် (Sansevieria)

ရွက်လှပင်လို့ ခေါ်ကြတဲ့ နဂါးစက်ဂမုန်းပင်ကလည်း အိမ်ကို အလှဆင်တဲ့အခါမှာ တွင်တွင်ကျယ်ကျယ် စိုက်လေ့ရှိတဲ့ အပင်တစ်မျိုးပဲဖြစ်ပါတယ်။ အဲဒီအပင်မှာ Saponin လို့ ခေါ်တဲ့အဆိပ်ဖြစ်စေတဲ့အရာကို သယ်ဆောင်ထားတာမို့ မတော်တဆ အစာချေစနစ်ထဲ ရောက်သွားအခါ ဝမ်းလျှောဝမ်းပျက်တာ၊ အော့အန်တာ၊ မအီမသာဖြစ်ပြီး ပျို့တာမျိုးတွေ ဖြစ်တတ်စေပါတယ်။ ကလေးရှိတဲ့အိမ်တွေမှာဆိုရင် ကလေးငယ်နဲ့ ခပ်ဝေးဝေးမှာထားတာ အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။

(၃) ရှားစောင်းလက်ပတ်ပင် (Aloe)

ရှားစောင်းလက်ပတ်ကို နေရာတော်များများမှာ ပုံစံမျိုးစုံနဲ့ အသုံးပြုနေကြတာကြောင့် ကျန်းမာရေးအတွက် အဆိပ်အတောက်ဖြစ်စေတဲ့အပင်ထဲမှာပါတယ်ဆိုလို့ အံ့အားသင့်သွားကြမယ်ထင်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ရှားစောင်းလက်ပတ်ပင်မှာ ဝမ်းလျှောစေတဲ့၊ ဓာတ်မသင့်စေတဲ့၊ ကျောက်ကပ်ကို အန္တရာယ်ပေးနိုင်တဲ့ အမှုန်တွေ ပါဝင်တာကြောင့် အိမ်တွင်းမှာ စိုက်ဖို့ မသင့်တဲ့အပင်လည်း ဖြစ်ပါတယ်။



(၄) ပိန်းပင် (Caladium)

အသည်းနှလုံးပုံ လှပတဲ့ အပင်ဖြစ်တာကြောင့် လူအတော်များများ စိုက်လေ့ရှိကြတဲ့ အပင်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီအပင်ကလည်းပဲ အဆိပ်အတောက်ရှိပြီး အန္တရာယ်များတဲ့အပင်တစ်မျိုးလည်း ဖြစ်ပါတယ်။ ကလေးတွေနဲ့ တိရစ္ဆာန်တွေ ဒီအရွက်နဲ့ ထိတွေ့တဲ့အခါ ပါးစပ်ကနေ အမြှုပ်ထလာမျိုး၊ အသက်ရှုရခက်ခဲလာတာမျိုးတွေ ကြုံရနိုင်တယ်လို့လည်း အဆိပ်ကျွမ်းကျင်ပညာရှင်တွေက ပြောထားကြပါတယ်။

(၅) Heartleaf Philodendron

Heartleaf Philodendron လို့ ခေါ်တဲ့အပင်မှာ နာကျင်တာနဲ့ မြိုချဖို့ အခက်အခဲတွေ ဖြစ်စေတဲ့ calcium oxalate လိုဓာတ်တွေပါဝင်ပါတယ်။ အပြင်ပုံပန်းက လှပေမယ့် ခပ်ဝေးဝေးမှာ ထားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

သန့်ရှင်းဖို့လိုကို လိုအပ်တဲ့ အိမ်တွင်းပစ္စည်း(၆)မျိုး

အိမ်တွင်းအပင်လေးတွေ စိုက်ပျိုးပေးခြင်းကြောင့်ရရှိလာမယ့် အကျိုးကျေးဇူးများ

အိမ်မှာခိုအောင်းနေတဲ့ကြမ်းပိုးတွေကိုအပြတ်ရှင်းနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်း(၅)သွယ်

နံရံသုတ်ဆေးအရောင် ဘယ်လိုရွေးချယ်မလဲ

Credit By: Aunt May
Posted By : Ra Wai, ShweProperty.com