နှစ်သစ်မှာ အိမ်မှာ ကံအဆိုးအညံ့တွေပျောက်အောင် ဖုန်းရွှေနည်းအရ ဒီလိုသန့်စင်ပါ

နှစ်သစ်ကိုရောက်လာပြန်ပြီဆိုတော့ အိမ်အသစ်ပြောင်းချင်တဲ့သူတွေ၊ အိမ်ဝယ်မယ့်သူတွေလည်း အိမ်ရှာရဖွေရ စုံစမ်းရတာတွေနဲ့ အလုပ်များနေကြမယ်ထင်ပါတယ်။ ဒီနေ့တော့ Shwe Property က အိမ်အသစ်ပြောင်းမယ့်သူတွေအတွက်ရော ကိုယ်လက်ရှိနေနေတဲ့အိမ်မှာ ကံသန့်ချင်တဲ့သူတွေအတွက်ပါ နှစ်သစ်မှာအဆိုးအညံ့တွေပျောက်သွားအောင် သန့်စင်နည်းလေးကို ပြောပြပေးလိုက်ပါတယ်။ 

(၁) အရှုပ်အထွေးတွေ ရှင်းပစ်ပါ 

အိမ်ရဲ့ထောင့်တွေ၊ ဆိုဖာအောက်တွေ၊ ကုတင်အောက်တွေမှာ မရှင်းအားသေးတဲ့၊မရှင်းချင်သေးတဲ့ အရှုပ်အထွေးအစုအပုံတွေရှိတတ်ပါတယ်။ အိမ်မှာဒီလိုအရှုပ်အထွေး အစုအပုံတွေရှိနေမယ်ဆိုရင် မကောင်းတဲ့ စွမ်းအင်တွေကိုဖိတ်ခေါ်နေသလိုဖြစ်တတ်ပြီး ကောင်းမွန်တဲ့စွမ်းအင်တွေက မလာတော့ပါဘူး။ ဒါကြောင့် အရှုပ်အထွေးတွေကို နှစ်သစ်မှာ ရှင်းပစ်ပါ။

(၂) အိမ်ရဲ့ မီးဖိုချောင်ကို ရှင်းလင်းပါ 

အိမ်ရဲ့မီးဖိုခန်းဟာ ချက်တဲ့သူမတော်ရင် ရှုပ်ပွပြီးပွစာကျဲနေတတ်ပါတယ်။ ဖုန်းရွှေနည်းအရ အိမ်ရဲ့မီးဖိုခန်းဟာ ငွေကြေးကို ဆွဲဆောင်တဲ့နေရာဖြစ်တာကြောင့် မီးဖိုခန်းရှုပ်ပွနေရင် ငွေကြေးကံမကောင်းတတ်ပါဘူး။ ဒါကြောင့်အိမ်ရဲ့မီးဖိုခန်းကို သပ်ရပ်သန့်ရှင်းနေအောင်ရှင်းလင်းထားသင့်ပါတယ်။ မီးဖိုခန်းမှာအသုံးပြုတဲ့အိုး၊ ခွက်၊ ပန်းကန်တွေကိုလည်း ပြောင်လက်နေအောင် တိုက်ထားသင့်ပါတယ်။ 

(၃) အိပ်ခန်းကိုသန့်ရှင်းပါ 

ဖုန်းရွှေ Bagua Map အရ အိပ်ခန်းဟာ ကောင်းမွန်တဲ့စွမ်းအင်တွေကို ဆွဲဆောာင်ရာနေရာဖြစ်ပါတယ်။ ဒါကြောင့် အိပ်ခန်းကို ဝက်စာခန်းလို ပွစာကျဲနေအောင်မထားဘဲ အဝတ်နေရာအဝတ်၊ စောင်နေရာစောင်ထားပြီး ကုတင်ကိုလည်း အခန်းဝကို မြင်နေရတဲ့ပုံစံဖြစ်အောင်နေရာချထားပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် အိပ်ရာရဲ့တစ်ဖက်တစ်ချက်မှာမီးအိမ်လေးတွေ ထားပေးမယ်ဆိုရင် ပိုပြီးကောင်းပါတယ်။ 



(၄) ပြတင်းပေါက်တွေကိုဆေးကြောပါ

ပြတင်းပေါက်တွေဟာ အိမ်ရဲ့ လောကကြီးကိုကြည့်တဲ့မျက်ဝန်းတွေဖြစ်ပါတယ်။ ကြည်လင်သန့်ရှင်းတဲ့ ပြတင်းတွေက အိမ်ထဲကိုနေရောင်ခြည်ဝင်နိုင်အောင် ကူညီပေးပြီး နေရောင်ခြည်နဲ့အတူ ကောင်းမွန်တဲ့ စွမ်းအင်တွေကိုပါ ဝင်ရောက်လာစေပါတယ်။ ဒါကြောင့် အလုပ်ခန်းနဲ့အခြားအရေးကြီးတဲ့နေရာတွေမှာ ပြတင်းပေါက်တွေကိုသန့်ရှင်းထားပေးမယ်ဆိုရင် အလုပ်နဲ့ပတ်သက်တာတွေပိုအဆင်ပြေစေပြီး စီးပွားရေးအခွင့်အလမ်းတွေပေါ်ပေါက်လာစေမှာပါ။ 

(၅) အိမ်တံခါးဝကို သန့်ရှင်းထားပါ 


ဖုန်းရွှေနည်းလမ်းမှာ အိမ်ထဲကို အဆိုးအညံ့တွေမဝင်စေဖို့နဲ့ ကံကောင်းမှုတွေရောက်လာစေဖို့အရေးအကြီးဆုံးကတော့ အိမ်ရှေ့တံခါးပါပဲ။ အိမ်ရှေ့တံခါးကို အိမ်သားတွေ၊ လူတွေတောင်မနည်းရှာနေရတယ်၊ ချက်ချင်းမမြင်နိုင်ဘူး၊ တံခါးနားမှာရှုပ်ထွေးညစ်ပတ်နေမယ်ဆီုရင် ကံကောင်းခြင်းတွေကလည်း တံခါးမတွေ့တာကြောင့် ဘေးက ကွေ့ပတ်စီးဆင်းသွားနိုင်ပါတယ်။ ဒါကြောင့် အိမ်ပေါက်ဝကို ထင်းခနဲနေအောင်မြင်နိုင်မယ့် ဆေးရောင်မျိုးသုတ်တာ၊အိမ်အဝမှာ ရှင်းလင်းသန့်ပြန့နေအောင် ရှင်းထားတာမျိုးတွေလုပ်ပေးသင့်ပါတယ်။ 

အခုပြောပြသွားတာကတော့ နှစ်သစ်မှာ ကံအဆိုးအညံ့တွေပျောက်စေဖို့ ဖုန်းရွှေနည်းလမ်းအရ အိမ်ကိုသန့်ရှင်းနည်းလေးပဲဖြစ်ပါတယ်။ 

နောက်တစ်ပတ်တွေမှာလည်း အိမ်၊ မြေကွက် estate အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ လိုက်နာစရာ ဗဟုသုတတွေ၊ အိမ်တွင်းရေးပိုမိုသာယာစေပြီး လာဘ်လာဘပေါများစေမယ့် ဖုန်းရွှေနည်းလမ်းတွေ၊ ဗေဒင်အစီအရင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ဖုန်းရွှေနည်းအရ မဝယ်သင့်တဲ့ အိမ်တွေရဲ့ လက္ခဏာများ 

ကောင်းမွန်တဲ့ ဖုန်းရွှေဓာတ်က အိမ်ကို ဘယ်လိုအကျိုးသက်ရောက်စေလဲ 

အိမ်ထဲမှာမကောင်းတဲ့ ဖုန်းရွှေဓာတ်တွေကိန်းနေရင် 

အိမ်အပြောင်းအရွှေ့လုပ်တဲ့အခါ အစစအရာရာအဆင်ပြေဖို့ လိုက်နာသင့်တဲ့ ဖုန်းရွှေနည်းလမ်းများ 

Posted By : John (ShweProperty.com)