(Baking Soda) မုန့်ဖုတ်ဆိုဒါကို အလှအပ၊ ကျန်းမာရေး၊ အိမ်သန့်ရှင်းရေးစတဲ့ နေရာတွေမှာ ဘက်စုံအသုံးပြုလို့ရပါတယ်။ မုန့်ဖုတ်ဆိုဒါ တစ်ထုပ်ရှိယုံနဲ့ အကုန်လုံး အသုံးပြုလို့ရတာကြောင့် ဒီဆောင်းပါးကိုဖတ်ပြီးရင် သွားပြေးဝယ်ဖို့ မမေ့နဲ့နော်။
 
၁။ သဘာဝချွေးနံ့ပျောက်ဆေး
 
စတိုးဆိုင်ကနေ ချွေးနံ့ပျောက်ဆေး မဝယ်နိုင်သေးရင် ဒီနည်းလမ်းလေးကိုအသုံးပြုကြည့်ပါ။ ပုလင်းအလွတ်တစ်ခုထဲမှာ မုန့်ဖုတ်ဆိုဒါအနည်းငယ်နှင့် ရေကိုရောနှောပါ။ ချိုင်းကိုလိမ်းပေးပါ။ ဒီနည်းလမ်းအတိုင်းပဲ ခြေထောက်အနံ့ဆိုး ထွက်တာကိုလည်း ဖယ်ရှားပစ်လို့ရပါတယ်။
 
၂။ ယားယံခြင်းအတွက် ဆေးတစ်လက်
 
အင်းဆက်ပိုးမွှားကိုက်ခြင်း ၊တိုက်ကပ်နွယ်ပင်အဆိပ်ကနေ ယားယံအဖုပေါက်ခြင်းတွေကို သက်သာစေစဖို့ အရေပြားကို ရေနှင့် မုန့်ဖုတ်ဆိုဒါကို ပျစ်ပျစ်ဖျော်ပြီး လိမ်းပေးပါ။
 
၃။ ရင်ပူတာတွေကို သက်သာစေဖို့
 
ရင်ပူတာ ပျောက်စေဖို့ သင်သည် ရေဖန်ခွက်တစ်ဝက်နဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်း၁ဇွန်းကို ရောနှောပြီး သောက်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကို နို့နည်းနည်းနှင့် ဖျော်သောက်နိုင်ပါတယ်။ သင်သည်အောက်ပါအညွန်းအတိုင်းလည်း အသုံးပြုနိုင်ပါတယ်။ ရေ ၁၀၀မီလီ(၃.၄အောင်စ) ၊ မုန့်ဖုတ်ဆိုဒါလက်ဖက်စားဇွန်း ၄ပုံ၁ပုံခန့်၊ citric acid လက်ဖက်စားဇွန်း ၄ပုံ၁ပုံခန့်(သို့မဟုတ်) သံပုရာဖျော်ရည်အနည်းငယ်၊ သကြား လက်ဖက်စားဇွန်း တစ်ဝက်။



၄။ သဘာဝချေးချွတ်ဆေးအဖြစ် သုံးနိုင်
 
နည်းလမ်း(၁)။ တောက်ပတဲ့အသားအရေအတွက် ။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း၁ဇွန်း၊ သံပုရာဖျော်ရည် လက်ဖက်စားဇွန်း ၁ဇွန်း၊ လက်ဖက်ရွက်ဆီ ၄-၅စက်၊ ရောနှောပြီး မျက်နှာကို လိမ်းပါ။ အထူးနှိပ်နယ်တဲ့ ဘရပ်တစ်ခုကို သုံးပြီး ကောင်းစွာ နှိပ်ပေးပါ။
 
နည်းလမ်း(၂)။ ဆားဝက်ခြံတွေ ဖယ်ရှားပစ်ဖို့ ။ မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်း၁ဇွန်း၊ ပျားရည် လက်ဖက်စားဇွန်း ဝ.၅။ ဟင်းရွက်ဆီနည်းငယ် ထည့်သွင်းနိုင်ပါတယ်။ ရောနှောပြီး ဆားဝက်ခြံဖြစ်တဲ့ နေရာတွေကို ၅မိနစ်လောက် လိမ်းထားပေးပါ။ပြီးနောက် နှိပ်နယ်ပြီး ဆေးကြောလိုက်ပါ။
 
နည်းလမ်း(၃)။ အရေးအကြောင်းတွေနဲ့လိုင်းတွေကို လျော့ချဖို့။ မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်း၂ဇွန်းနှင့် အုန်းဆီ လက်ဖက်စားဇွန်း ၁ဇွန်းကို ရောနှောပါ။ ၅မိနစ်၊ ၇မိနစ်လောက် သေသေချာချာ သင့်မျက်နှာကို နှိပ်နယ်ပေးပါ။ ပြီးနောက် ရေနွေးနွေးနဲ့ ဆေးကြောပါ။ တစ်ပတ်ကို ၁ကြိမ်-၂ကြိမ်လောက် ပြုလုပ်ပေးပါ။
 
၅။ ဆံပင်ထိမ်းသိမ်းစောင့်ရှောက်ဖို့
 
သင့်ဆံပင်ကို လျှင်မြန်စွာ သန်စွမ်းဖို့ဆိုရင်တော့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၉ဇွန်းကို ရောနှောပေးပါ။ ထိုအရောအနှောကို ဆံပင်အမြစ်တွေကနေ လိမ်းပေးပါ။ သင့်ဦးရေပြားကို နှိပ်နယ်ပေးပါ။ ကြိုတင်ပြင်ဆင်ထားတဲ့ ပန်းသီးရှာလကာရည်နှင့်ရေကို ရောပြီး လိမ်းပေးပါ။ ပြီးနောက် သင့်ဦးရေပြားကို နောက်တခါ နှိပ်နယ်ပေးပြီး ရေနှင့် ကောင်းစွာဆေးကြောပါ။ သင့်ဆံပင်တွေ ကျန်းမာပြီး တောက်ပလာပါလိမ့်မယ်။
 
၆။ အကြောပြတ်အရာတွေကို ကုစားဖို့
 
ဒီအရောနှောနှင့်အတူ ပုံမှန် နှိပ်နယ်ပေးပါက သင့်ခန္ဓာကိုယ်ရဲ့ တစ်ရှုးတွေကို ပိုမိုမြန်ဆန်စွာ အသစ်တဖန်ပြန်လည် ဖြစ်ပေါ်စေမှာပါ။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ဇွန်းနှင့် သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး ရောလိမ်းပေးပါ။ အကြောပြတ်ရာတွေဖြစ်နေတဲ့ နေရာကို နှိပ်နယ်ပြီး ပွတ်လိမ်းပေးပါ။
 
၇။ ခံတွင်းအနံ့ဆိုးနှင့် သွားချေးတွေကို ဖယ်ရှားဖို့
 


မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်း ၁ဇွန်းနှင့် သံပုရာရည်ကိုရောနှောပြီး ရေ ကိုခွက်တစ်ဝက်ထည့်ပါ။ သင့်ပါးစပ်က မနှစ်မျို့ဖွယ်ရာ အနံ့တွေ နံနေလျှင် ဒီပျော်ရည်နှင့် ခံတွင်းကို ဆေးကြောပေးပါ။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃-၄ဇွန်း နဲ့ ရေကိုဖျော်ပြီးလည်း အသုံးပြုနိုင်ပါတယ်။

၈။ လက်က အနံ့တွေ ပျောက်ဖို့
 
ကြက်သွန်ဖြူ၊ ငါးတွေ ကိုင်တဲ့အခါ လက်နဲ့ စင်းနှီတုံးမှာ အနံ့စွဲနေတတ်ပါတယ်။ ဒီအနံ့တွေပျောက်ဖို့ မုန့်ဖုတ်ဆိုဒါနဲ့ ပွတ်ပေးနိုင်ပါတယ်။ သင့်လက်နဲ့ ခြေထောက်အသားအရေတွေ ကြမ်းတမ်းနေရင် မုန့်ဖုတ်ဆိုဒါနှင့် ရေနွေးနွေးကိုရောပြီး သင့်လက်တွေ၊ ခြေထောက်တွေကို စိမ်ပါ။ တစ်ပတ်ကို ၂ကြိမ်လောက် ပြုလုပ်ပေးပါ။
 
၉။ လက်ဝတ်ရတနာတွေကို သန့်စင်ဖို့
 
မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်း ၃ဇွန်းနဲ့ ရေ လက်ဖက်စားဇွန်း ၁ဇွန်းကို ရောပါ။ သွားတိုက်တံကို အသုံးပြုပြီး လက်ဝတ်ရတနာတွေကို တိုက်ပေးပါ။ ရေအေးနဲ့ ဆေးကြောပေးပါ။
 
၁၀။ အနာလိမ်းဖို့အတွက် ဆေးတစ်လက်
 
ရေနွေးနွေး တစ်ဖန်ခွက်အတွက် ဆား လက်ဖက်စားဇွန်း ၁ဇွန်း၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်း၁ဇွန်း အသုံးပြုပြီး ၁၅မိနစ်၊ မိနစ်၂၀လောက် တစ်နေ့ကို ၂ကြိမ် အနာဖြစ်တဲ့ နေရာကို စိမ်ထားပေးပါ။
 
၁၁။ နေလောင်ခြင်းအတွက် ဆေးတစ်လက်
 
ချိုးဖို့ရေအေးအေးလေးထဲမှာ မုန့်ဖုတ်ဆိုဒါ တစ်ခွက်ကို ရောပေးပါ။ ဒါက နေလောင်တာကို သက်သာစေဖို့ ကူညီပေးပါလိမ့်မယ်။
 
၁၂။ စားတော်ပဲနှင့် ပဲမျိုးစုံကို နူးအိစေဖို့
 
ပဲပြုတ်တဲ့အခါ အိုးထဲကို မုန့်ဖုတ်ဆိုဒါ အနည်းငယ်ထည့်ပါ။ ပဲတွေနူးအိလာပါလိမ့်မယ်။
 
၁၃။ သွားဖြူစေဖို့
 
မုန့်ဖုတ်ဆိုဒါက သွားတွေကို ချေးချွတ်ပေးတာကြောင့် ဖြူဝင်းစေပါတယ်။ ဒါပေမယ့် ခဏခဏ မသုံးသင့်ပါဘူး။ သွားတိုက်ဆေးထဲ မုန့်ဖုတ်ဆိုဒါ အနည်းငယ်ထည့်ပြီး ပုံမှန်အတိုင်း သင့်သွားကို သန့်ရှင်းပေးနိုင်ပါတယ်။ စိုစွတ်တဲ့ သွားတိုက်တံပေါ်မှာ မုန့်ဖုတ်ဆိုဒါ အနည်းငယ်ဖြူးပြီး သံပုရာရည် ၂စက်၃စက်ထည့်ပြီး တိုက်ပါ။ ခါတိုင်းထက်ကို ပိုပြီး သန့်ရှင်းပါလိမ့်မယ်။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
ကိုကာကိုလာကို အသုံးပြုပြီး အိမ်မှာ ဒီလိုအရာတွေကို သန့်ရှင်းရေး လုပ်နိုင်ပါတယ်
 
အိပ်ယာဘေး သံပုရာသီးလေး ထားအိပ်ရင် ဘာတွေအကျိုးပြုသလဲ
 
အိမ်မှာကိုယ်တိုင် ပြုလုပ်နိုင်မယ့် အခြေခံကျန်းမာရေး စစ်ဆေးမှု(၈)မျိုး
 
အဆိပ် အတောက်ဖြစ်စေတတ်သောကြောင့် ပြန်နွှေးပြီး မစားသင့်သော အစားအစာ ၇ မျိုး
 
Credit By: Original Uploader
Posted By: Ra Wai, ShweProperty.com