ဖုန်းရွှေပညာရပ် စနစ်တကျအသုံးချတတ်ရင် ကံကောင်းခြင်းတွေ စုပြုံဝင်ရောက်လာစေပါတယ်။
အိမ်အသစ်ပြောင်းရွှေ့တဲ့အခါမှာ ကျန်းမာရေးချို့ယွင်းလာတာတို့၊ စီးပွားရေးကျဆင်းလာတာမျိုးတွေ ကြုံတွေ့ကြားဖူးကြမှာပါ။ ထိုအခါမျိုးတွင် ကံကောင်းခြင်းတွေ ဝင်ရောက်စေမယ့် ဖုန်း‌ရွှေအယူအဆ အခန်းထားသိုနည်းလေးကို ဗဟုသုတအလို့ငှာ မျှဝေပေးချင်ပါတယ်။

၁။ အခန်းတံခါးနဲ့ တန်းနေတဲ့ အိပ်ယာ
 
ကိုယ်ခန္ဓာရဲ့ မည်သည့်အပိုင်းနှင့် မျက်နှာမူလဲဆိုတဲ့အ‌‌ပေါ် မူတည်ပြီး ကျန်းမာရေးပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။
 
-   ဦးခေါင်းနဲ့ မျက်နှာမူထားရင် ခေါင်းကိုက်ခြင်း၊ ကောင်းစွာ အာရုံမစူးစိုက်နိုင်ခြင်းတို့ ဖြစ်စေတတ်ပါတယ်။
-   ဝမ်းဗိုက်နဲ့ မျက်နှာမူထားရင်တော့ ဗိုက်အောင့်ခြင်းစသော အစာအိမ်နဲ့ ပတ်သက်တဲ့ရောဂါတွေ ရစေနိုင်ပါတယ်။
-   ခြေထောက်နဲ့ တန်းနေရင်တော့ ကိုယ်ခန္ဓာအောက်ပိုင်းနဲ့ ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရစေပါတယ်
 
၂။ အိပ်ယာကို မျက်နှာမူထားတဲ့ မှန်

ဖြစ်နိုင်ရင်တော့ အိပ်ခန်းမှာ မှန်တွေ ပတ်ပတ်လည် မထားသင့်ပါဘူး။ အိပ်ယာနား မှန်ထားခြင်းက အာရုံလွင့်ပါးစေနိုင်လို့ စိတ်မတည်မငြိမ်ဖြစ်စေပါတယ်......
 
၃။ အိပ်ယာ အပေါ်တည့်တည့်မှ ထုတ်တန်း
 
အိပ်ယာ တည့်တည့်ထုတ်တန်းရှိနေခြင်းက စိုးရိမ်ပူပန်မှုတွေနဲ့ ရင်ဆိုင်ရတတ်ပြီး အိပ်ရေးမဝဖြစ်တာမျိုး၊ ခေါင်းကိုက်ဝေဒနာကိုပါ ဖြစ်စေနိုင်ပါတယ်။
 
၄။ လှေကားအောက်နား တဝိုက် အိပ်ယာထားခြင်း
ကံညံ့ခြင်းနဲ့ အိပ်မက်ဆိုးမက်ခြင်းတို့ ကြုံရနိုင်ပါတယ်။ ဒီတော့ လှေကားအောက်နား အိပ်ယာထားခြင်းကို ရှောင်ရှားသင့်ပါတယ်။

၅။ ရေချိုးခန်း အိမ်သာတံခါးနဲ့ နီးတဲ့ အိပ်ယာ
 
ကျန်းမာရေးအရ ဆိုးဝါးစေနိုင်လို့ အမြန်ဆုံး အိပ်ယာပုံစံပြောင်းသင့်ပါတယ်။ ခေါင်းကိုက်ဝေဒနာအပြင် ကင်ဆာနဲ့ အခြားသောရောဂါများကိုပါ ဝင်ရောက်စေနိုင်တယ်လို့ ဖုန်းရွှေတို့က လက်ခံ ယုံကြည်ကြသည်။ ရေချိုးခန်း၊ အိမ်သာစွတ်စို စေးကပ်ပြီး အနံ့အသက်တွေကနေ ဆိုးဝါးတဲ့ ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်သည်ဟု ဆိုပါသည်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ဖုန်းရွှေပညာအရ ရေခဲသေတ္တာပေါ်တွင် မထားသင့်သော အရာများ

သင်၏ နေအိမ် မျက်နှာလှည့်သော အရပ်ကိုကြည့်၍ လာဘ်လာဘပွင့်လန်းစေသောနည်း

အိပ်ခန်းနံရံတွေကို ဘာအရောင် သုတ်သင့်သလဲ

မိမိအိမ်ခန်းကို ဝယ်သူအကြိုက်တွေ့အောင် ဘယ်လိုပြင်ဆင်မလဲ?

Written By: Aye Sandar
Posted By : Ra Wai, ShweProperty.com