(၁) တံခါးလက်ကိုင်များ

တံခါးလက်ကိုင်တွေက နေ့စဉ်ကိုင်တွယ်အသုံးပြုရတဲ့ ပစ္စည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လက်ကနေတဆင့် ရောဂါပိုးမွှားတွေဟာ တံခါးလက်ကိုင်တွေမှာ ကပ်ကျန်နေခဲ့ပြီး တခြားမိသားစုဝင်တွေကိုပါ ရောဂါပိုးတွေကူးစက်စေနိုင်ပါတယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် အပြင်သွားပြီးပြန်လာတဲ့အခါတိုင်းမှာ တံခါးလက်ကိုင်တွေကို ပိုးသတ်ဆေးရည်ဖြန်းပေးရပါမယ်။

(၂) အဲယားကွန်း

အဲယားကွန်းမှထွက်လာတဲ့ လေထုကနေ တစ်ဆင့်မမြင်နိုင်တဲ့ ဖုန် အညစ်အကြေား ရောဂါပိုးတွေပါလာပြီး အသက်ရှုလမ်းကြောင်းထဲကို ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် စာဖတ်သူတို့အိမ်မှာအသုံးပြုနေတဲ့ အဲယားကွန်းတွေကို servicing သမားခေါ်ပြီး ဆေးကြောသန့်စင်တာမျိုးတွေလုပ်ပေးဖို့လိုပါတယ်။ servicing မလုပ်ဖြစ်ရင်တောင် အနည်းဆုံး ၁လ တစ်ခါလောက်အဲယားကွန်း အတွင်းက air filer လေးတွေ ထုတ်ပြီးဆေးကြော သန့်စင်ပေးမယ်ဆိုရင် ဖုန်မှုန်အညစ်အကြေးနဲ့ ပိုးမွှားကင်းစင်ပြီး အအေးဓာတ်လည်းပိုရစေပါတယ်။



(၃) အိပ်ယာ

အများစုကတော့ အိပ်ယာတွေကို သန့်ရှင်းရေးလုပ်ဖို့မေ့နေတက်ကြပါတယ်။ စာဖတ်သူတို့ရော အိပ်ယာကိုပုံမှန် သန့်ရှင်းရေးလုပ်ဖြစ်ကြလား။ တကယ်တော့ အိပ်ယာတွေမှာ ဖုန်တွေ အညစ်အကြေးတွေနဲ့ အနံ့အသက်ဆိုးတွေအများကြီး ကပ်ညှိတွယ်နေနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ပုံမှန်သန့်ရှင်းမှုမရှိဘူးဆိုရင် အရေပြားဆိုင်ရာပြဿနာများ မျက်နှာပေါ်မှာဝက်ခြံနှင့်အမဲစက်များထွက်ခြင်း ခန္ဓာကိုယ်ချွေးနံ့ဆိုးတွေ ထွက်စေခြင်း စတဲ့အရာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့် အိပ်ယာခင်း ခေါင်းအုံးစွတ် ဖက်လုံးစွတ်တွေကို ၁ ပတ်တစ်ခါလောက်လျော်ပြီး နေရောင်ခြည်နဲ့ လေကောင်းလေသန့်ရတဲ့နေရာများထုတ်လှန်းသင့်ပါတယ်။

(၄) မီးဖိုချောင်

နေ့စဉ်အစားအသောက်ချက်ပြုတ်ရာမှာ အသုံးပြုနေရတဲ့ မီးဖိုချောင်တစ်ခုရဲ့ သန့်ရှင်းရေးကလည်း မဖြစ်မနေထည့်စဉ်းစားဖို့လိုပါတယ်။ မီးဖိုချောင်ကို ပုံမှန်သန့်ရှင်းရေးပြုလုပ်မှုမရှိရင် ဘက်တီးရီးယားပိုးမွှားတွေပေါက်ဖွားရာ နေရာကြီးတစ်ခုဖြစ်လာပြီး နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေကလည်းသန့်ရှင်းမှုမရှိတော့ပဲ ရောဂါတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့် နေ့စဉ်မဖြစ်မနေသန့်ရှင်းရေးလုပ်သင့်တဲ့နေရာထဲမှာ မီးဖိုချောင်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကလည်း မပါမဖြစ်ပါပဲ။



(၅) ရေချိုးခန်းနှင့် အိမ်သာ

ရေချိုးခန်းနှင့် အိမ်သာတွေဟာ စိုထိုင်းမှုအားကောင်းတာကြောင့် ဘက်တီးရီးယာပိုးမွှားတွေပေါက်ဖွားဖို့အကောင်းဆုံးနေရာတစ်ခုဖြစ်သလို ခြင်တွေလည်း ပေါက်ဖွားနိုင်ပါတယ်။ရေချိုးခန်းနဲ့ အိမ်သာတွေမှာ သန့်ရှင်းမှုမရှိရင် အနံ့အသက်ဆိုးတွေလည်း ထွက်လာနိုင်ပါတယ်။ ဒါကြောင့် အနည်းဆုံးတော့ ရေချိုးခန်း အိမ်သာတွေကို တစ်ပတ်ကို တစ်ကြိမ်လောက်တော့ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

မကြာခဏသန့်ရှင်းရေး လုပ်ပေးသင့်တဲ့ အသုံးအဆောင်ပစ္စည်းများ (၁)
 
သင့်အိမ်ထဲက အညစ်ပတ်ဆုံးနေရာ ၇ နေရာ


သန့်ရှင်းရေးလုပ်ဖို့ သတိမထားမိတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေရဲ့ အန္တရာယ်


 သန့်ရှင်းရေးပုံမှန်မလုပ်ရင် ကျန်းမာရေးကို ထိခိုက်လာစေတဲ့ အိမ်သုံးပစ္စည်းများ


Credit By: Kwee
Posted By : Ra Wai, ShweProperty.com