သင်စိုက်ပျိုးတဲ့ အိမ်တွင်းဥယျာဉ်လေးထဲမှာ ဒီအပင်တွေပါပါရဲ့လားလို့မေးပါ ရစေ။ ဘာ ကြောင့်လဲ ဆိုတော့ ဒီအပင်တွေက သင့်အိမ်တွင်းကို ကောင်းမြတ်တဲ့ အပေါင်းလဏ္ခာစွမ်းအားတွေ ပေးတယ်လို့ ကမ္ဘာတစ်ဝန်း ယုံကြည်ကြလို့ပါပဲ။

(၁) စံပယ်(Jasmine) – မွှေးပျံ့တဲ့စပယ်က စိတ်ဓါတ်ကို တက်ကြွလန်းဆန်းစေတယ်။ ဆက်ဆံ ရေးကောင်းစေပြီး ခိုင်မာတဲ့အချစ်ကိုရရှိပိုင်ဆိုင်နိုင်တယ်။အိမ်မက်ကောင်းတွေမက်တတ်တယ်။

(၂) Rosemary- စိတ်ဓါတ်ကျတာတွေ၊စိတ်ရှုပ်တာတွေကို ပြေပျောက်စေတယ်။မြေထဲပင်လယ် ဒေသမျိးရင်း ဖြစ်ပြီး အမှတ်တရဖြစ်စေတယ်။အိမ်ရှေ့တံခါးမှာစိုက်ရင်မကောင်းတဲ့စွမ်းအင်တွေကိုဖယ်ပေးတယ်။

(၃) ငြိမ်းချမ်းရေးနှင်းပန်း( Peace Lily) - ကိုယ်ရောစိတ်ပါလန်းဆန်းမှုကို အထောက်အကူပြု တယ်။ လေကို သန့်စင်စေတယ်။အရိပ်ထဲမှာလည်းရှင်သန်နိုင်တယ်။



(၄) SAGE-(ကလျာဏီပင်) - အသိဉာဏ်ကိုပွင့်လမ်းစေတယ်။အိမ်ထဲမှာရှိတဲ့ဘက်တီးရီးယားတွေကို ရှင်းပေးပြီး အိမ်ကိုသန့်စင်စေတယ်။

(၅) IVY- (နွယ်တက်ပင်)- အိမ်ကွက်လပ်ကို အလှအပတွေနဲ့ပြည့်စုံစေရုံသာမက လေကိုလည်း သန့်စင် အောင် စစ် ပေးနိုင်တယ်။ကံကောင်းဖို့နဲ့ကျန်းမာရေးအတွက်တံခါးရဲ့အထွက်လမ်းတွေမှာစိုက်သင့်ပါတယ်။

(၆)  ALOE - (ရှားစောင်းလက်ပတ်) အရေပြားအနာတွေကုသရာမှာအထူးကောင်းပါတယ်။ နေရောင် တိုက်ရိုက်ရတဲ့ နေရာမှာစိုက်ပျိုးရပါမယ်။အရေပြားအပူလောင်တာကိုကုနိုင်တယ်။ကံကောင်းခြင်းကိုပေးပါတယ်။

(၇) BASIL -(ပင်စိမ်းမျိုး) - တစ်နေ့ကို နာရီ(၂၀)လောက်အထိ အောက်စီဂျင်ကိုထုတ်လွှတ်နိုင်ပါတယ်။ ဟင်းခတ် အမွှေးအကြိုင်အတွက်သာမက ယားယံတာတွေ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါ တယ်။စိတ်စွမ်းအားကို တိုးစေပါတယ်။

(၈) ORCHID-(သစ်ခွ) - သစ်ခွက မြန်မာတွေနဲ့မစိမ်းသလို တန်ဘိုးလည်းရှိပါတယ်။အိမ်ရှင်ကို ကောင်းကျိုးပေးသလို အသက်ရှည်စေတယ်လို့လည်း ယုံကြည်ကြပါတယ်။ အပွင့်ကတာရှည် ခံပြီး မွှေးပျံ့ကာ ညမှာ အောက်စီဂျင်ကို ထုတ်လွှတ်ပါတယ်။ဒါကြောင့်အိပ်ရာဘေးမှာထားဖို့သင့်တော်ပါတယ်။

(၉) OREGANO - ပျော်ရွှင်ကြေနူးမှုကိုပေးစွမ်းနိုင်တယ်လို့ယုံကြည်ကြပါတယ်။ အရေပြား အတွက် သုံးနိုင်သလို အစာအိမ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာအတွက်လည်း သုံးလို့ရပါတယ်။စွယ်စုံရတဲ့ ဒီ အပင်ကို နေရောင်မှာထားပါ။

(၁၀) LAVENDER-(လာဗင်ဒါ) - စိတ်ပူပန်သောကကို လျော့ကျေစေတယ်လို့ယုံကြည်ကြပါတယ်။ သွေးလှည့် ပတ်မှု ကိုကောင်းစေပြီးအိပ်ပျော်စေပါတယ်။


(၁၁)ROSE-(နှင်းဆီ)- အိပ်ရာဘေးမှာထားရင် အချစ်ကိုတိုးစေတယ်။ ရေနွေးကြမ်းအနေနဲ့သောက်မယ်ဆိုရင် ကာမ စွမ်းအားကိုတိုးစေတယ်လို့ယုံကြည်ကြတယ်။

(၁၂) MONEY PLANT-(လာဘ်ပင်) -လူမျိုးအလိုက် ယံကြည်ကြတဲ့ လာဘ်ရွှင်ပင်တွေရှိပါတယ်။ မြန်မာတွေ ကတော့ဂမုန်းအမျိုးမျိုးကိုလာဘ်ရွှင်တယ်လို့ယူဆကြပါတယ်။

(၁၃) Lucky Bamboo- အာရှနိုင်ငံတွေမှာ ရှေးနှစ်များစွာကတည်းက ကံကောင်းခြင်း၊ကြွယ်ဝချမ်းသာခြင်း တို့အတွက် စိုက်ပျိုးကြပါတယ်။ဖုန်းရွှေပညာအရဆိုရင် ထောင်တက်နေတဲ့အရွက်တွေဟာ သစ်သားဓါတ်ကို ပေးပြီး သက်ရှည်ကျန်းမာစေတယ်လို့ ယုံကြည်ကြပါတယ်။နေရောင်နဲ့ဝေးတဲ့နေရာမှာ ရေသန့်လောင်းပြီး ထားရပါတယ်။

(၁၄) Crysanthemum- သန့်စင်မှုနဲ့ ရိုးသားမှုကို ကိုယ်စားပြုပြီး ဆေးဖက်ဝင်ပါတယ်။ အရောင်အမျိုးမျိုး ရှိပါတယ်။

(၁၅) Areca Palm- အရွက်တွေက ချစ်စရာကောင်းပြီး နေအိမ်နဲ့ ရုံးခန်းတွေကို နူးညံ့တဲ့ စွမ်းအင်တွေပေးတယ်လို့ ယုံကြည်ကြပါတယ်။လေကိုလည်းသန့်စေပါတယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ခြင်ပြေးစေဖို့ အိမ်ထဲမှာထားသင့်တဲ့ အပင်လေး (၅) ပင်

သင့်အိမ်ခန်း သို့မဟုတ် ရုံးခန်းထဲက HOUSEPLANTS လေးများကို ဘယ်လိုဂရုစိုက်ရမလဲ

သင့်ကျန်းမာရေးကောင်းအောင် အိမ်မှာ ဒီပန်းပင်တွေစိုက်ပါ

အခန်းတွင်း လေသန့်စင်ပေးနိုင်မယ့် အပင်လေးတွေ စိုက်ကြည့်ရအောင်

Credit By: Burmese-Sunthitmyanmar
Posted By : Ra Wai, ShweProperty.com