သုတေသနတစ်ခုအရ အစာအဆိပ်သင့်မှုများရဲ့ ၈၀ % ဟာ ညစ်ပတ်တဲ့ စားသောက်ဆိုင်များမှ အစပြုတာမဟုတ်ဘဲ မိမိတို့ရဲ့ မီးဖိုချောင်များမှ စတာဖြစ်ပါတယ်တဲ့။ ဒါကြောင့် သင့်အိမ် ကျန်းမာနဲ့အညီ သန့်ရှင်းမှုရှိဖို့အတွက် အခုဖော်ပြထားတဲ့ အချက်တွေကိုလိုက်နာလုပ်ဆောင်လိုက်ပါ။

ဘူးပေါ်မှာ ရေးထားတဲ့ စာတန်းများကိုစစ်ဆေးပါ

ယိုဘူးများ၊ နွားနို့ဘူးများ၊ ဆားစိမ် အသားငါးအထုပ်များနဲ့ အချဉ်ရည်ဘူးများဝယ်ရင် ဘူးပေါ်မှာ ရေးထားတဲ့ စာတန်းများကိုစစ်ဆေးပါ။ အများစုဟာ စဖွင့်ပြီးတဲ့နောက် ရေခဲသေတ္တာထဲမှာ ထားဖို့လိုအပ်ပါတယ်။



ရေခဲသေတ္တာကို သန့်ရှင်းစွာနဲ့ အေးနေအောင်ထားပါ

ရေခဲသေတ္တာရဲ့ အပူချိန်ဟာ 0°C မှ 5 °C အတွင်းရှိမှသာ ဘက်တီးရီးယားပိုးများပေါက်ပွားမှုကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။ ရေခဲသေတ္တာတွင်းသုံး အပူချိန်တိုင်းကိရိယာကို သုံးခြင်းဖြင့် စိတ်ချရတဲ့အနေအထားမှာ ရှိ၊ မရှိ တိတိကျကျသိနိုင်ပါတယ်။ အစွန်းချွတ်ဆေးကိုသုံးပြီး ရေခဲသေတ္တာရဲ့ မျက်နှာပြင်တွေကို တိုက်ချွတ် ဆေးကြောပါ။
 
ချက်ပြုတ်ပြီးအစာများကို ရေခဲသေတ္တာထဲ မထည့်မီ အရင်အအေးခံပါ

ချက်ပြီးကာစ ဟင်းအပူတွေကို ရေခဲသေတ္တာထဲ ထည့်လိုက်ရင်တော့ ဟင်းချက်စဉ်အတွင်း အသက်ရှင် ကျန်ရစ်ခဲ့တဲ့ ဘက်တီးရီးယားပိုးများဟာ ပွားများလာနိုင်ပါတယ်။

Exp. date ကို အမြဲစစ်ဆေးပါ

နောက်ဆုံးထား၍ အသုံးပြုနိုင်သော ရက်စွဲ (Exp. date) ကို အမြဲစစ်ဆေးပါ။ ပုပ်သိုးနိုင်တဲ့ အစားအစာများမှာ Exp. date ကို ဖော်ပြထားပါတယ်။ အဲဒီရက်စွဲ ကျော်လွန်သွားတဲ့ အစာကိုစားပါက လူကိုကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

သင့်ကျန်းမာရေးကို တဖြည်းဖြည်းချင်း ထိခိုက်လာစေမယ့် မစိုက်သင့်တဲ့ အိမ်တွင်း အပင် (၅) မျိုး

အိမ်ဥယျာဉ်ခြံရှိ အပင်တွေက ဘယ်လိုကောင်းကျိုးတွေကို ပေးစွမ်းနိုင်သလဲ

ရှာလကာရည်ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း (၁၀) မျိုး

အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက်

Credit By: healthdigestmyanmar
Posted By : Ra Wai (ShweProperty.com)