ရှာလကာရည်ကို ဟင်းချက်ရာမှာတင်မကပဲ အလှအပရေးရာ၊ သန့်ရှင်းရေးလုပ်တဲ့ နေရာတွေမှာ ထိရောက်စွာ အသုံးပြုလို့ရတယ်ဆိုတာ သင်သိပါသလား။ ရှာလကာရည်ကို အိမ်တိုင်းအိမ်တိုင်းမှာ ထိရောက်စွာ အသုံးပြုနိုင်စေဖို့ အသုံးပြုနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. သင့်ရဲ့ အိမ် သို့မဟုတ် ခြံထဲက မလိုအပ်တဲ့ မြက်ပင်တွေ၊ ရေညှိတွေကို ရှာလကာရည်နဲ့ လွယ်ကူစွာ ဖယ်ရှားလို့ရပါတယ်။

၂. ခေါင်းလျှော်ရည်ထဲကို ရှာလကာရည်အနည်းငယ်ထည့်လျှော်ပေးခြင်းဖြင့် ပိုးသားလေးလို နူးညံ့ပြီး ပြောင်လက်နေတဲ့ ဆံကေသာကို ရရှိမှာဖြစ်ပါတယ်။

၃. သင့်လက်မှာ စွဲနေတဲ့ ဆေးလိပ်နံ့တွေကို ဖျောက်ချင်ရင် ရှာလကာရည်နဲ့ လက်ဆေးလိုက်ပါ။



၄. လက်သည်းနီထဲကို ရှာလကာရည် အနည်းငယ် ရောထည့်ပေးခြင်းဖြင့် အရောင်ကို ပိုမိုတာရှည်ခံစေနိုင်မှာ ဖြစ်ပါတယ်။

၅. သင့်ရဲ့ကော်ဇောပေါ်မှာ ပေသွားခဲ့ရင် တခြားအရာတွေထက် ရှာလကာရည်၊ သံပုယိုရည်တို့နဲ့ သန့်စင်ပေးရင်ပိုပြီးတော့ သန့်ရှင်းသွားမှာ ဖြစ်ပါတယ်။

၆. သင့်ရဲ့ရေချိုးခန်းနဲ့ အိမ်သာကြွေပြားတွေကို ရှာလကာရည်နဲ့ ဆေးပေးခြင်းဖြင့် အသစ်အတိုင်း သန့်ရှင်းစင်ကြယ်နေစေပါတယ်။

၇. သင့်ရဲ့ မျက်နှာလိမ်းခရင်မ်မှာ ပန်းသီးရှာလကာရည် အနည်းငယ် ထည့်ကာလိမ်းပေးခြင်းဖြင့် လှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။



၈. ပန်းသီးရှာလကာကို ရေနဲ့ရောပြီး တိုနာလိုမျိုး အသုံးပြုပေးလိုက်ရင် သင့်မျက်နှာ အသားအရေလေး အရင်ကနဲ့ မတူပဲ ကြည်လင်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

၉. ဗောက်ရှိတဲ့သူတွေ အနေနဲ့ ရှာလကာရည်ကို ဦးရည်ပြားမှာ လိမ်းပေးဖြင်းဖြင့် ဗောက်များရှင်းပြီး သန့်စင်တဲ့ ဦးရေပြားကို ရရှိမှာဖြစ်ပါတယ်။

၁၀. သင့်အိမ်မီးဖိုချောင်ကို သန့်စင်ပြောင်လက် နေစေချင်ရင်တော့ သန့်ရှင်းလုပ်တိုင်းမှာ ရှာလကာရည်ကို အသုံးပြုပေးလိုက်ပါ။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ခြင်ပြေးစေဖို့ အိမ်ထဲမှာထားသင့်တဲ့ အပင်လေး (၅) ပင်

သင့်အိမ်ခန်း သို့မဟုတ် ရုံးခန်းထဲက HOUSEPLANTS လေးများကို ဘယ်လိုဂရုစိုက်ရမလဲ

သင့်ကျန်းမာရေးကောင်းအောင် အိမ်မှာ ဒီပန်းပင်တွေစိုက်ပါ

အခန်းတွင်း လေသန့်စင်ပေးနိုင်မယ့် အပင်လေးတွေ စိုက်ကြည့်ရအောင်

Credit By: Aunty May
Posted By : Ra Wai, ShweProperty.com