ညဘက်အိပ်စက်အနားယူရာ အိပ်ရာသည် လူတိုင်းအတွက် စွဲမက်နှစ်လိုဖွယ်နေရာဖြစ်သည်။ သို့ရာတွင် အိပ်ရာတွင်း အိပ်စက်လှဲလျောင်းအနားယူခြင်းက ရောဂါများကို ဆောင်ကြဉ်းပေးနိုင် ကြောင်းကိုမူ မသိရှိကြပေ။ လေ့လာချက်များအရ အိပ်ရာတွင်း လူ့့မျက်စိဖြင့်မမြင်နိုင်သော ပိုးမွှား များနှင့် မှိုများရှိနေနိုင်ပြီး အိပ်နေစဉ်လူးလှိမ့်ခြင်းက ၄င်းအရာတို့ကို လေတွင်ပျံ့နှံ့စေပြီးနောက် အသက်ရှူသွင်းချိန်တွင် လိုက်ပါဝင်ရောက်သွားနိုင်ပါသည်။
 
အိပ်ရာအတွင်းတွင် အောက်ပါတို့က သင့်ကိုအန္တရာယ်ဖြစ်စေနိုင်ပါသည်။
 
(၁) ဖုန်မှုန့်တွင်းမှ ကမျဉ်းနီကောင် (Dust Mite)
 
အမေရိကန်အဆုတ်ကျန်းမာရေးအဖွဲ့အစည်းကြီး (American Lung Association)၏ အဆိုအရ အမေရိကန်ပြည်ထောင်စုရှိ အိမ်ငါးအိမ်အနက် လေးအိမ်တွင် ဖုန်မှုန့်ကမျဉ်းနီကောင် ရှိသော အိပ်ရာ အနည်းဆုံးတစ်ခုရှိသည်။ ကမျဉ်းနီကောင်ကိုယ်တိုင်က ရောဂါမဖြစ်စေနိုင်သော်လည်း ၄င်းစွန့်ထုတ်သော အညစ်အကြေးများမှာ ဓာတ်မတည့်မှုဖြစ်ပေါ်နိုင်ခြေ အလွန်မြင့်မားသည်ဟု ဆိုပါသည်။ ၄င်း၏ အညစ်အကြေးများနှင့် ဓာတ်တည့်၊ မတည့်ကိုမူ ဓာတ်မတည့်မှုစမ်းသပ် စစ်ဆေးခြင်း(Allergy Test)နှင့်သာ တိကျစွာသိရှိနိုင်ပါသည်။ အကယ်၍ ဓာတ်မတည့်မှု မဖြစ်ပေါ်ခဲ့ လျှင်လည်း နှာခေါင်းနှင့်မျက်လုံးများသို့ဝင်သွားပါက ငရုတ်ကောင်းမွှန်သကဲ့သို့ မွှန်နိုင်သည်ဖြစ်ရာ သတိပြုရန်လိုပါသည်။
 
ဖြေရှင်းကာကွယ်နည်း- နည်းလမ်းများစွာရှိပြီး အခင်းများ၊ ကော်ဇောများလဲခြင်း၊ အဝတ်စိုဖြင့် ကြမ်းတိုက်ခြင်းတို့ကို လုပ်ဆောင်ပေးသင့်သည်။
 
(၂) မှိုအန္တရာယ်
 
          သုတေသနပြုချက်အရ အိပ်ရာအတွင်းတွင် လူ့ဆံခြည်မျှင်မျက်နှာဝထက်ပင်သေးငယ်သော မှိုမျိုးစုများ၊ ဘတ်တီးရီးယားပိုးများနှင့် အညစ်အကြေးများရှိကြောင်းတွေ့ရသည်။ လေ့လာချက်တစ်ခု တွင် ပုံမှန်အသုံးပြုနေသော ခေါင်းအုံး (၁၀)လုံးအား စစ်ဆေးခဲ့ရာ စုစုပေါင်း မှိုမျိုးစိတ် ၄၇ မျိုးကို တွေ့ရှိခဲ့ရသည်။
 
ဖြေရှင်းကာကွယ်နည်း- အမှုန်သေးများကိုစစ်ထုတ်နိုင်စွမ်းမြင့်မားသည့် လေသန့်စင်စက် (Air Purifier with a HEPA filter) ကို အိပ်ရာအနီးထား၍ အသုံးပြုသင့်သည်။




(၃) ဂါလန်နှင့်အမျှချွေးများ
 
လူတစ်ယောက် ဘဝတစ်သက်တာ၏အချိန် သုံးပုံတစ်ပုံကို အိပ်ရာတွင်း ကုန်ဆုံးရပြီး လေ့လာချက် များအရ အိပ်ရာတွင်း၌ တစ်နှစ်လျှင် ၂၆ ဂါလန်အထိ ချွေးထွက်နှုန်းရှိသည်။ သို့ဖြစ်ရာ အရေပြားပေါ်ရှိ Strep (သို့မဟုတ်) Staph ကဲ့သို့သော ဘတ်တီးရီယားရောဂါပိုးများကို ကိုယ်တိုင်သာမက အတူအိပ်သူများကိုပါ ကူးစက်ဖြစ်ပွားစေနိုင်သည်။
 
ဖြေရှင်းကာကွယ်နည်း- အိပ်ရာနှင့် အိပ်ရာခင်းများကို အနည်းဆုံးတစ်ပတ်လျှင်တစ်ကြိမ် ရေနွေးပူပူဖြင့် ပြုတ်လျှော်သင့်သည်။
 
(၄) အိမ်မွေးတိရစၦာန်ကိုယ်မှ အညစ်အကြေးများ
 
အိမ်မွေးတိရစၦာန်တို့ကိုယ်မှ အညစ်အကြေးများ၊ အမွှေးများကလည်း ဓာတ်မတည့်ခြင်း ကို ဖြစ်ပေါ်စေနိုင်သည်။
 
ဖြေရှင်းကာကွယ်နည်း- အိမ်မွေးတိရစၦာန်ရှိလျှင် အိပ်ရာ၊ အိပ်ရာခင်းနှင့် ခေါင်းအုံးများကို အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် လေစုပ်စက်ဖြင့် သန့်ရှင်းရေးလုပ်သင့်ပြီး အိမ်မွေးတိရစၦာန်မရှိပါကလည်း အလားတူလုပ်ပေးခြင်းဖြင့် အခြားအညစ်အကြေးများကို ကင်းစင်စေမည်ဖြစ်သည်။
 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ
 
 
အိမ်မှာခြင်ဆေးခွေ အမြဲလိုလိုသုံးမိနေပြီဆိုလျှင် မဖြစ်မနေ သိထားရမည့် အချက်များ
 
သန့်ရှင်းရေးပုံမှန်မလုပ်ရင် သင့်ရဲ့ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်လာစေမယ့် အိမ်သုံးပစ္စည်းများ
 
ကျန်းမာရေးကို ထင်မထားလောက်အောင်ထိခိုက်စေနိုင်တဲ့ အိမ်တိုင်းမှာရှိတတ်တဲ့အရာများ
 
အိမ်မှာသောင်းကျန်းနေတဲ့ ကြမ်းပိုးတွေကို ဘယ်လိုနှင်မလဲ

Credit By: drmyanmar
Posted By: Ra Wai (ShweProperty.com)