လာဘ်ပွင့်စေသော ယတြာ မျိုးစုံ ရှိပါသည်။ အခုပြောမှာ ကတော့ မိမိနေအိမ် ၏ မျက်နှာ လှည့်ရာ အရပ် ကို အဓိက ထား၍ လာဘ်ပွင့်အောင် လာဘ် လာဘ ရွှင်လန်းအောင် ဆောင်ရွက်ရသော နည်းကို ပြောပြပါမည်။

အဲဒီလို ဆောင်ရွက်တဲ့ အတွက် ဘာ အကျိုးကျေးဇူးတွေ ကို ရရှိနိုင်သလဲ ဆိုတော့ အဲဒီနေအိမ် မှာ နေထိုင်တဲ့ လူသား အားလုံး မိမိ တို့၏ လုပ် ငန်းဆောင်တာ များ မှာ ထူးထူး ကဲကဲ အောင်မြင်ခြင်း၊ အေးအေး ချမ်းချမ်း ဖြတ် သန်းနိုင်ခြင်း၊ စီးပွားရေး များ အောင်မြင်နိုင်ခြင်း ကြုံတွေ့ရမယ့် အခက်အခဲတွေ ပြဿ နာတွေ အဆင် မပြေမှု့တွေ အတိုက် အခိုက်တွေ ကနေ လွတ်မြောက်နိုင်ပါတယ်။

မိမိတို့နေအိမ် သယာစေရန် တိုးတက်စေရန် အကျိုးပြုစေ ပါတယ်။ ဒီနည်း ကို ဆောင်ရွက်မယ့် သူတွေ က မွေးနေ့မွေးရက် မွေးသက္ကရာဇ် တိတိ ကျကျ သိစရာ မလိုပါဘူး။မိမိနေအိမ် က ဘယ်ဘက် ကို မျက်နှာ မူသလဲ။ အဲဒီ မျက်နှာ မူရာ အရပ်ဒေသ ကို အဓိက ထားပြီး ဆောင်ရွက်ရတဲ့ နည်းဖြစ်ပါတယ်။

အရှေ့အရပ် ကို မျက်နှာ လှည့်သော နေအိမ်များ တွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အရှေ့ အရပ် ကို မျက်နှာ လှည့်သော အိမ်ကို တနင်္လာဂြိုဟ်မင်း က စိုးမိုး အကျိုးပြုသော အိမ်ဟု သတ်မှတ် သည်။ ထို အိမ်တွင် နေထိုင်သူ အပေါင်း တို့သည် ကြံရည် လှူဒါန်းခြင်း ပြုလုပ်သင့်သည်။ ရဟန်း သံဃာတော် များကို ကြံရည် ကပ်လှူနိုင်သည်။ကြံချောင်း ကို ကိုးဆစ်ဖြတ်၍ အိမ် တံခါးတွင် ထောင်ထားနိုင်ပါသည်။ ဘုရား တစ်ဆူဆူ ၏ တနင်္လာဒေါင့် တွင်လည်း လှူဒါန်းနိုင် ပါသည်။ ကြံပန်းခိုင် တို့ ကြံသကာ တို့ လှူဒါန်းနိုင်ပါသည်။

အရှေ့တောင် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင် သူများလာဘ်ပွင့်စေရန်

အရှေ့တောင် အရပ် ကို မျက်နှာလှည့်သောအိမ်ကို အင်္ဂါဂြိုဟ်မင်း က စိုးမိုးစောင့်ရှောက်ခြင်းကို ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ ဘုရား တွင် စံပယ်ပန်း မကြာခဏ လှူဒါန်း ဆက်ကပ်နိုင်ပါသည်။ ဆပ်သွားဖူး လှူ၍လည်း ရပါသည်။ ဆီးယို လည်း မကြာခန ဒါနပြုနိုင်ပါသည်။သံဃာတော်များ အား ဆပ်ပြာ အလှူ ဒါနပြုနိုင်ပါသည်။ ထို ယတြာ ကိုပြုလုပ်ခြင်းအားဖြင့် ထိုနေအိမ် တွင် နေထိုင် သူများသည် စွမ်းအားကောင်းခြင်း ၊ သြဇာ တိုးခြင်း၊ စီးပွားတက်ခြင်း များ ဖြစ်နိုင်ပါသည်။

တောင် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

တောင် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များကို ဗုဒ္ဓဟူးဂြိုဟ်မင်း စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ လေတိုက် လျှင် တဖျတ်ဖျတ် လှုပ်သော ကြက်လျှာ ကို အိမ်ရှေ့တွင်ထိုးပါ။ ဘုရား တင်ပါ။ ရွက်လှညွန့် လှူပါ။ သံဃာတော် များ အား ရေ ၊ ယပ် အစရှိသည် တို့ ဒါနပြုကပ်လှူပါ။ အေးချမ်းခြင်း ၊ စီးပွားတက်ခြင်း ရွှေငွေ ရတနာ ပေါကြွယ်ဝခြင်းများ ဖြစ်မည်။

အနောက်တောင် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများလာဘ်ပွင့်စေရန်

အနောက်တောင် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များကို စနေဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ အိမ် ဘုရားတွင် ထီးနီ တစ်လက် တင်ထားပါ။သံဃာတော် များကို ထီး ဒါနပြုပါ။ နာနတ်ယို လှူဒါန်း ဆက်ကပ်ပေးပါ။ ဘုန်းတန်ခိုးကြီးခြင်း၊ လာဘ်ပွင့်ခြင်း၊ စီးပွား တိုးတက်ခြင်းများ ဖြစ်ပေါ်လာမည်။



အနောက် အရပ်ကို မျက်နှာလှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အနောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များကို ကြာသပတေးဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ ပန်းပွင့် များ ဘုရားစင် တွင် မပြတ် လှူဒါန်း ဆက်ကပ်ပေးပါ။ ဆီမီး (လျှပ်စစ်မီး၊ ဖယောင်းတိုင်မီး) အလှူဒါနပြုပေးပါ။ ပေါက်ပေါက်ပွင့် ဘုရားတင်ခြင်း ဆွမ်းတော်ကပ်ခြင်း မကြာခဏ ပြုပါ။သံဃာတော် များကို မုန့်၊ ပဲ၊ မကြာခဏ လှူပေးပါ။ ဘုန်းကံကြီးမားခြင်း ဥစ္စာစီးပွား တိုးတက်ခြင်းများ ရရှိ ခံစားရမည်။

အနောက်မြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အနောက်မြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များကို ရာဟုဂြိုဟ်မင်း က စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ အိမ်ရှေ့တွင် ရေအိုးစင် လှူဒါန်းပေးပါ။ အိမ်ရှေ့တွင် မကြာခန ရေဖြန်း ပက်ပေးပါ။ ရဲယိုညွန့် ဘုရားလှူပါ။ ရွှေသင်္ကန်း မကြာခဏ ဆက်ကပ်လှူဒါန်းပေးပါ။ ရှောက်ယို ၊ ရှောက်သီး သုပ် ဆက်ကပ်လှူဒါန်ပေးပါ။သံဃာတော် များကိုလည်း ဆက်ကပ် လှူဒါန်းနိုင်ပါသည်။ စီးပွားဥစ္စာ တိုးတက်ခြင်း ၊ ကံဇာတာမြင့်မားခြင်း၊ အလိုပြည့်စုံခြင်း များ ဖြစ်မည်။

မြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

မြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ်များ ကို သောကြာဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ အိမ် ဘုရားတွင် သစ်သီး မပြတ်တင်ပါ။ သီဟိုဠ်ညွန့် ဒါနပြုပါ။သံဃာတော် များကို သတ်သတ်လွတ် ဟင်းများ မကြာခဏ လောင်းလှူ ပါ။ နေအိမ် တွင် နေထိုင် သူများ လည်း မကြာခဏ သတ်သတ်လွတ် စားပေးပါ။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။

အရှေမြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အရှေ့မြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ်များ ကို တနင်္ဂနွေဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။အိမ်ရှေ့တွင် အုန်းခွံ စာကလေး အိမ် ချိတ်ဆွဲ ထားခြင်း၊ အိမ်ဘုရား အား အုန်းသီး ကပ်လှူခြင်း၊ အုန်းဆွမ်း၊ အုန်းနို့ခေါက်ဆွဲ လှူဒါန်းပေးခြင်း သံဃာတော်များအား လည်း ကပ် လှူဒါန်းပေးခြင်း ၊ အောင်အိုး တစ်လုံးတွင် အုန်းညွန့်(၆) ညွန့်ထိုးထား ၍ အိမ်ရှေ့တွင် ထားခြင်း ဆောင် ရွက်နိုင်ပါသည်။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။

ဖတ်ရှု့မှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

မိုးရာသီလိုအချိန်မျိုးမှာ အိမ်တွင်းရောဂါမိုးမွှားအန္တရာယ်မှ ကင်းဝေးဖို့ ရှောင်ရန် ဆောင်ရန် အချက်များ

ကံကောင်းစေဖို့ အိမ်တွင်းမှာထားသင့်တဲ့ အရာ(၇)မျိုး

အိမ်တွေ၊ တိုက်တွေ၊ တံတားတွေမှာ ဘာကြောင့် ဆေးသုတ်သင့်သလဲ

.ဆေးသုတ်ရာတွင်မှားလေ့မှားထရှိတ့အချက်(7)ချက်..
 
Credit By : မင်းခယောကျ်ား
Posted By : Aung Ko Oo  (ShweProperty.com)