ယနေ့ခေတ်မှာ ဈေးနှုန်းအမျိုးမျိုးနဲ့ အခုလို သုံးမိနစ် ရေနွေးအိုးလို့ ခေါ်ကြတဲ့ ရေနွေးအိုးတွေကို လူတန်းစားအမျိုးမျိုးက အသုံးပြုလျက် ရှိပါတယ်။
 
ရေနွေးဆူတာ မြန်တယ် အချိန်ကုန်သက်သာတယ် သယ်ရ လွယ်ကူတယ် စတဲ့အကြောင်းပြချက်တွေနဲ့ လူတွေရဲ့ သဘောကျမှုကို ရရှိနေတာပါ။
 
ဒါပေမယ့် သူ့ရဲ့ အားနည်းချက် တစ်ခုက​ေတာ့ ဆေးကြောဖို့ မလုပ်တာပဲ ဖြစ်ပါတယ်။အသုံးပြုတာ ကြာလေ အိုးရဲ့ အတွင်းမှာ အညှိလိုမျိုးတွေ ညစ်နွမ်းလာတတ်ပါတယ်။
 
ဒါကြောင့် သန့်ရှင်းလို့ ရမယ့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။
 
နည်းလမ်း (၁)
 
ပထမဆုံး အနေနဲ့ ရေနဲ့ ရှာလကာရည်ကို အချိုးကျ ရောစပ်ပြီး ရေနွေးအိုးထဲကို ထည့်ပါ။တစ်နာရီလောက်ကြာအောင် ရေနွေးအိုးထဲမှာ ထားထားရပါမယ်။ တစ်နာရီကြာပြီးရင်တော့ ရေနွေးအိုးကို ဆူအောင် တည်လိုက်ပါ။
 
ရေဆူရင်တော့ ၁၅ မိနစ် သို့ မိနစ် ၂၀ လောက် အဲ့သည့်အတိုင်း ဆက်ထားလိုက်ပါ။ ဒီလို ထားပြီးရင်တော့ ရေနွေးအိုးထဲက ရေတွေကို သွန်ပြီး ရေထည့်ပြီး ကျင်းလိုက်ရင် ရပါပြီ။

 


နည်းလမ်း (၂)
 
ရေနွေးအိုးထဲကို ရေထည့်ပါ။ရေထဲကို မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက်ပါ ထည့်လိုက်ပါ။ပြီးရင်တော့ ရေနွေးဆူအောင် တည်လိုက်ပါ။ရေဆူသွားတဲ့အခါ မိနစ် ၂၀ လောက် ရေနွေးအိုးထဲမှာပဲ ဆက်ထားပါ။

မိနစ် ၂၀ ကြာပြီးရင်တော့ ရေနွေးအိုးထဲက ဆူထားတဲ့ရေတွေကို သွန်ပစ်ပြီး ရေအေးအေးနဲ့ ကျင်းပြီး အသုံးပြုနိုင်ပါပြီ။
 
နည်းလမ်း (၃)
 
ဒီနည်းကတော့လီမွန်သီး သို့ သံပယိုသီး ရှိရင် အဆင်ပြေပါတယ်။ လီမွန်ရည်နဲ့ ရေကို ၁၅ ဆ ၁ ဆ အချိုးဖြင့် ရောစပ်ပြီး ရေနွေးအိုးထဲကို ထည့်ပါ။တစ်နာရီလောက် ကြာအောင် ရေနွေးအိုးထဲမှာ ထည့်ထားပြီးတဲ့အခါမှာ ရေဆူအောင် တည််လိုက်ပါ။
 
ပြီးရင် ဆူသြားတဲ့ ရေတွေကို သွန်ပစ်ပြီး ရေအသန့် ထပ်ထည့်ပြီး နောက်တစ်ကြိမ် ရေဆူအောင် တည်လိုက်ပါ။ပြီးရင်တော့ ရေအေးနဲ့ ဆေးပြီး မူလအတိုင်း အသုံးပြုလို့ ရပါပြီနော်။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

သင့်ကျန်းမာရေးကို တဖြည်းဖြည်းချင်း ထိခိုက်လာစေမယ့် မစိုက်သင့်တဲ့ အိမ်တွင်း အပင် (၅) မျိုး

အိမ်ဥယျာဉ်ခြံရှိ အပင်တွေက ဘယ်လိုကောင်းကျိုးတွေကို ပေးစွမ်းနိုင်သလဲ

ရှာလကာရည်ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း (၁၀) မျိုး

အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက်

Credit By: Original
Posted By : Ra Wai (ShweProperty.com)