လူတိုင်း အစစအရာရာ လိုလေသေး မရှိအောင် ဒီဇိုင်းပြင်ဆင်ထားတဲ့ နေအိမ်မှာ  ဇိမ်ကျကျနေထိုင်လိုကြပေမဲ့ အိမ်မှာလိုသမျှ ပြင်ဆင်မွမ်းမံဖို့ ငွေကြေးပြည့်စုံ ချင်မှ ပြည့်စုံကြမှာ။ ဒါကြောင့် မူလအစကနေ ပြန်လုပ်စရာမလိုဘဲ မိမိအိမ်ကို ပိုပြီး လှပကောင်းမွန်အောင် မွမ်းမံဖို့ လွယ်ကူသလို အကုန်အကျလည်း နည်းတဲ့ နည်းလမ်းတချို့ရှိပါတယ်။

၁။ ဧည့်ခန်းသေးတဲ့ အိမ်မှာနေတာ ဆိုရင် ပိုကျယ်သလိုဖြစ်အောင် ကော်ဇော အစင်းကြားတွေခင်းပါ။အဲသည် ကော်ဇော အစင်းကြားတွေက အခန်းကို ရှည်ထွက်သလို မြင်တွေ့စေပါလိမ့်မယ်။
 
၂။ အခန်းတစ်ခုမှာ စဉ်းစားထည့်သွင်းနိုင်တဲ့ အကောင်းဆုံး အင်္ဂါရပ်က သဘာဝအလင်းရောင် ဖြစ်ပြီး အခန်းသေးသလိုဖြစ်ရင် သဘာဝ အလင်းရောင်ရနိုင်သလောက် ရအောင်လိုက်ကာ အကြည်သုံးပေးရမှာပါ။



၃။ အခန်းကျယ်သလို စွမ်းဆောင်ပေးတဲ့ အရင်နည်းလမ်းဟောင်းတစ်ခုက မှန်ဖြစ်ပါတယ်။ အခန်းတစ်ခုလုံး ရောင်ပြန် ဟပ်အောင်နံရံမှာ မှန်တွေ  တပ်ဆင်သင့်ပါတယ်။

၄။ မျက်နှာကျက်နိမ့်တဲ့အိမ်ဆိုရင် ပရိဘောဂအပုလေးတွေ ခင်းကျင်းထားရှိသင့်ပါတယ်။ သည်နည်းက အခန်းကို ချက်ချင်းမြင့်သလို ဖြစ်စေတယ်လို့ သိရပါ တယ်။
 
၅။ နိမ့်တဲ့ အိမ်ခေါင်မိုးကို ခပ်မြင့်မြင့် ဖြစ်သွားအောင် မျက်နှာကျက်ကို ဆေးသုတ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဝေါလ်ပေပါကပ်ပေးသင့်ပါတယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ရှာလကာရည်ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း (၁၀) မျိုး

အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက်

သန့်ရှင်းဖို့လိုကို လိုအပ်တဲ့ အိမ်တွင်းပစ္စည်း(၆)မျိုး

အိမ်တွင်းအပင်လေးတွေ စိုက်ပျိုးပေးခြင်းကြောင့်ရရှိလာမယ့် အကျိုးကျေးဇူးများ

Credit By: Myanmar Builders Guide
Posted By : Ra Wai (ShweProperty.com)