ဖုန်းရွှေအကြောင်း တစ်စိတ်တစ်ပိုင်းနားလည်တဲ့သူတွေအားလုံး သိကြပါတယ်။ မှန်ကိုဘယ်နေရာမဆိုထားလို့ရတာမဟုတ်ပါ။ မှန်အထားအသိုလည်းမှန်ဖို့လိုပါတယ်နော်။

၁။ မိမိအိမ်ကအိမ်သာတံခါးကိုအမြဲပိတ်ထားရပါမယ်။ ဒါမှမဟုတ်အကာအရံတခုခုနဲ့ကထား  ရမှာဖြစ်ပါတယ်။ မဟုတ်ရင် လင်မယားကြားဖောက်ပြန်ခြင်းကိစ္စဖြစ်တတ်ပါတယ်။ ဖုန်းရွှေ  အရပြောရရင်လာဘ်လာဘတွေထွက်သွားစေတယ်လို့ဆိုပါတယ်။ 

၂။ အကယ်လို့များမိမိအိပ်ခန်းဟာ မီးဖိုချောင်နဲ့ကပ်ရပ်ဖြစ်နေလျှင် ကုတင်ခေါင်းရင်းမှာ မီးဖို  မထားရပါဘူး။ ဘာလို့လဲဆိုတော့ မီးဖိုချောင်ဆိုတာ မီး ဖြစ်ပြီး လူကိုဖျားနာစေနိုင်တယ် ဒါ  မှမဟုတ် စိတ်လှုပ်ရှားပြီး မကြည်မသာဖြစ်စေတတ်တယ်လို့ဆိုပါတယ်။

၃။ မှန်ကိုအိပ်ခန်းထဲမှာရှိတဲ့ကုတင်နဲ့မျက်နှာချင်းဆိုင်မထားကောင်းပါဘူး၊ ဒါဟာမကောင်းတဲ့  နိမိတ်ဆောင်ပါတယ်။ အဲ့လိုထားခြင်းဟာ လင်မယားကျန်းမာရေးနဲ့ သံယောဇဉ်ကိုထိခိုက်  စေပြီး အိမ်ထောင်ရေးဖောက်ပြန်မှဖြစ်စေပါတယ်၊ လာဘ်လည်းတိတ်စေတယ်၊ သားသမီး  ရနိုင်ဖို့လည်းအဟန့်အတားဖြစ်စေတယ်။ အထူးသဖြင့် ကုတင်ခြေရင်းဘက်မှာမှန်ကို ချိတ်  သည်ဖြစ်စေ၊ ထောင်ထားသည်ဖြစ်စေမထားရပါဘူး။ ဘာလို့လည်းဆိုတော့ မှန်ဆိုတာ  မကောင်းတဲ့ဝိဉာဉ်တွေကိုဖမ်းခေါ်ယူနိုင်တယ်လို့ဆိုစမှတ်ပြုကြပါတယ်၊ ဒါဟာအဲ့ဒီအခန်း  မှာနေတဲ့သူရဲ့စိတ်ကိုမကြည်သာမအေးချမ်းစေပါဘူး။ အိပ်ခန်းထဲမှာမှန်ထားမယ်ဆိုရင်  အကောင်းဆုံးနေရာက လျှို့ဝှက်နိုင်မယ့်နေရာမှာထားတာအကောင်းဆုံးလို့ဆိုပါတယ်။



၄။ ကုတင်ခေါင်းရင်းအိမ်တံခါးပေါက်ဝ သို့မဟုတ် အိပ်ခန်းတံခါးဝကို မျက်နှာမူမထားရပါ။ ထား  ခဲ့လျှင် အိပ်မက်ဆိုးမက်ခြင်း၊ အိပ်ကောင်းခြင်းမအိပ်ရခြင်း၊ အာရုံထွေပြားခြင်းတို့ဖြစ်စေနိုင်  တယ်လို့ဆိုပါတယ်။

၅။ အိမ်ခန်းရဲ့ ဘင်းယက်မကို မိမိကုတင်ခေါင်းရင်းထိပ်တည့်တည့်မှာမထားအိပ်ရပါ။ ထို့အတူ  ခေါင်းရင်းပေါ်မှာ ဘီဒို၊ ဘင်းသို့မဟုတ် မီးအလှဆင်မှုများမထားရှိရပါ။ ခေါင်းကိုက်၊ အဆစ်  အမြစ်နာခြင်း သို့မဟုတ် ဂုဏ်သတင်းထိခိုက်ခြင်းတို့ဖြစ်စေတတ်တယ်လို့ဆိုပါတယ်။

၆။ ကုတင်ခေါင်းရင်းမှာ နေရာလွတ်မထားရပဲ နံရံနဲ့ကပ်ထားရပါမယ်။ ဒါမှမဟုတ် ပစ္စည်းတခုခု  ထားသိုရပါမယ်။ သို့မဟုတ်လျှင် လူအာရုံထွေပြားရှုပ်ထွေးစေပါတယ်လို့ဆိုပါတယ်။

၇။ အိပ်ခန်းမီးအလင်းက မှေးမှိန်ငြိမ့်ညောင်းနေရပါမယ်။ မီးအလင်းရောင်ထိန်လင်းလွန်းလျှင်  စိတ်ဒေါသကြီးလွယ်တတ်ပါတယ်။ အလွန်အမင်းမှိန်လွန်းလျှင်လည်း စိတ်အာရုံကမောက်  ကမဖြစ်စေတတ်တယ်လို့ဆိုပါတယ်။

ဖတ်ရှု့မှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

နေအိမ်အတွင်း စီးပွားလာဘ်လာဘ ပွင့်လန်းစေရန် ဒါလေးတွေ ဆောင်ရွက်ပေးပါ

မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ

လျှပ်စစ်မီး အခက်အခဲဖြစ်နေချိန် SOLAR ဝယ်သုံးမယ်ဆိုရင် တွက်ချက်ပုံ

မိုးရာသီ အိမ်တွင်း ထိန်းသိမ်းဖို့ နည်းလမ်းကောင်းများ (၁၁) ချက်

Credit By :Talent World 
Posted By : Chan Myae (ShweProperty.com)