အိမ်တစ်အိမ်ရဲ့ နေထိုင်မှုပုံစံကနေလည်း သင့်အိမ်ရဲ့ ကောင်းခြင်း၊ ဆိုးခြင်း တွေကို ဖြစ်ပေါ်စေနိုင်တယ်ဆိုတာ လက်ခံကြလား။ ဒါဟာ မှန်ကန်တဲ့ အရာဖြစ်ပြီး ကိုယ်နေထိုင်တဲ့ အိမ်အနေအထားကိုလိုက်ပြီး ကိုယ့်ရဲ့ စီးပွါးရေး၊ စိတ်ခံစားမှုတွေက ပြောင်းလဲတတ်ပါတယ်နော်။ ဒီအချက်တွေကတော့ သင့်ရဲ့ အိမ်ကို လာဘ်ပိတ်စေနိုင်တဲ့ အရာတွေဖြစ်လို့ သတိပြုသင့်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။

ဘုရားစင်

အိမ်တိုင်းမှာ ကိုယ်ယုံကြည်ကိုးကွယ်တဲ့ ဘာသာရဲ့ ဘုရားစင်ဆိုတာ ရှိတတ်ကြစမြဲပါ။ ဘုရားစင်တွေပေါ်မှာ ရှုပ်ရှုပ်ယှက်ယှက် ပစ္စည်းတွေ တင်ထားတာမျိုး၊ ဘုရားပန်းတွေ ညိုးနေတာ တွေက ကိုယ့်အိမ်ကို လာဘ်ပိတ်စေတတ်တဲ့ အရာတွေပါ။



အိမ်တွေ ရှုပ်ပွနေတာ

ဧည့်သည်တစ်ယောက်ယောက် ကိုယ့်ရဲ့ အိမ်ကိုလာတဲ့အခါ ကိုယ့်အိမ်ပုံစံကို ကြည့်ရုံနဲ့ ဒီအိမ်မှာ စည်းစနစ်ကျတယ်၊ မကျဘူး၊ သန့်ရှင်းမှု ရှိ၊ မရှိကို ချက်ချင်း သိနိုင်ပါတယ်နော်။ အိမ်တွေ တစ်ချိန်လုံး ရှုပ်ပွနေတာမျိုးကလည်း ကိုယ့်အိမ်ရဲ့ ဂုဏ်ပုဒ်ကို ထိခိုက်စေနိုင်သလို လာဘ်လည်းပိတ်တတ်ပါတယ်။

မကြာခဏ စကားများ ရန်ဖြစ်တတ်တဲ့ အိမ်

ဟိုးအရင် လူကြီးတွေရဲ့ ပြောစကားအရ အမြဲတမ်း ရန်ဖြစ်စကားများနေတတ်တဲ့ အိမ်တွေကို လာမယ့်လဘ်တောင် ပြန်ပြေးသွားတယ်ဆိုတာပါပဲ။ ဒီလိုမျိုး တစ်ချိန်လုံး ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ဆဲဆိုရန်ဖြစ်နေတတ်တဲ့ အိမ်မျိုးက လာဘ်ပိတ်တတ်ပါတယ်နော်။

ပစ္စည်းအဟောင်းတွေ

တစ်ချို့အိမ်တွေမှာဆို ဖိနပ်ဆိုးတွေ၊ ထီးအပျက်တွေ၊ တစ်ခြားသော ပစ်ရတော့မယ့် ပစ္စည်းတွေကို လွှင့်မပစ်တတ်ပဲ ဒီအတိုင်း ဟိုနားဒီနား ထားထားတတ်ကြပါတယ်။ ဒါက တကယ့်ကို လဘ်ပိတ်စေတတ်တဲ့ အရာတွေပါနော်။ ဒီလိုမျိုး ပစ္စည်းပျက်တွေကလည်း ကိုယ့်ရဲ့ အိမ်ကို လာဘ်ပိတ်စေတတ်လို့ သုံးမရတော့ပဲ ပစ်ရမယ့် ပစ္စည်းတွေကို ပစ်လိုက်တာ အကောင်းဆုံးပါပဲ။ ဒီအချက်တွေက သင့်ရဲ့အိမ်ကို လာဘ်ပိတ်စေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ဖုန်းရွှေပညာအရ ရေခဲသေတ္တာပေါ်တွင် မထားသင့်သော အရာများ

သင့်အိမ်မှာ လျှပ်စစ်အန္တရာယ်မဖြစ်အောင် မီးပလပ်ပေါက်နဲ့ မီးခလုတ်တွေကို ဘယ်လိုထားမလဲ?

အိမ်ကပိုးတွေကို တာ့တာလုပ်လိုက်ပါ

မီးဖိုချောင်ထဲက အန္တရာယ်ရှိသောပစ္စည်းများ

Credit By: Aunt May
Posted By : Ra Wai, ShweProperty.com