ကလေးတွေကို ကိုယ်ပိုင်အိပ်ခန်းသီးသန့်လေး ထားပေးခြင်းဟာ ကလေးရဲ့ ဉာဏ်ရည်ဉာဏ်စွမ်းနဲ့ ကိုယ့်ကိုကိုယ် အားကိုးနိုင်စွမ်းကို ပိုမိုတိုးတက်စေနိုင်ပါတယ်။ ကလေးရဲ့ သီးသန့် ကမ္ဘာလေးဟာ သူကြိုက်တဲ့ အရုပ်တွေ၊ ရုပ်ပုံတွေ၊ ကစားစရာတွေနဲ့ ပြည့်နက်နေသင့်ပါတယ်။ သူတို့လေးတွေအတွက် အခန်းကို ချစ်စရာကောင်းအောင် ပြင်ဆင်ပေးလိုက်မယ်ဆိုရင် ပိုပြီး ပျော်စရာကောင်းတဲ့ အခန်းလေးဖြစ်မှာ အသေအချာပါပဲနော်။ 

ဒါပေမယ့် အခန်းပြင်ဖို့ဟာ ငွေကုန်ကြေးကျ များနိုင်လား?၊ ကလေးနဲ့ အလိုက်ဖက်ဆုံး ဖြစ်အောင် ဘယ်လိုပြင်ဆင်သင့်သလဲ? ဆိုတဲ့ ဖေဖေမေမေတို့အတွက် အိမ်က သားသားမီးမီးတို့ အိပ်ခန်းလေးကို အကောင်းဆုံးပြင်ဆင်နိုင်ဖို့ အကြံဉာဏ်လေးတွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးလိုက်ပါတယ်နော်။  

- အခန်းကို ရိုးရိုးရှင်းရှင်းပဲ ထားပါ 

ကလေးတွေကောင်းကောင်းဆော့ကစားဖို့ နေရာကျယ်ကျယ်ဝန်းဝန်း ရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အခန်းထဲမှာ တစ်ခုထက်ပိုတဲ့ ဗီဒိုတွေ၊ ကုလားထိုင်တွေ၊ စားပွဲတွေ မထားသင့်ပါဘူး။ နေရာကျယ်ဝန်းတဲ့ ကြမ်းပြင်နဲ့ ခုတင်ဟာ သူတို့အတွက် အိမ်ပေါ် ကစားကွင်းလေးသဖွယ် ဖြစ်စေပါတယ်။



- ကစားစရာများ ထည့်ပေးပါ

ကစားစရာမရှိတဲ့ ကလေးအခန်းဟာ အလွန်အထီးကျန်ဖွယ် ကောင်းပါတယ်။ ကလေးရဲ့ အကြိုက်ဆုံး ကစားစရာတွေ ဖြစ်တဲ့ ဘောလုံး၊ ဘိုမရုပ်၊ ကာတွန်းရုပ် စသဖြင့် သူ့အကြိုက်ဆုံး အရုပ်လေးတွေကို သူတို့အခန်းလေးမှာ ထားပေးလိုက်ခြင်းဖြင့် ချစ်စရာကောင်းတဲ့ အခန်းလေး ဖန်တီးနိုင်ပါတယ်။ 

- ကာလာစုံတဲ့ အခန်းလေး ဖြစ်ပါစေ

ကလေးရဲ့ စိတ်ကူးဉာဏ် ကွန့်မြူးဖို့၊ ဉာဏ်ရည်ထက်မြတ်ဖို့ အရောင်လေးတွေဟာလည်း အထောက်အကူ ပြုပါတယ်။ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အနီရောင်၊ အပြာရောင် တောက်တောက်တွေဟာ ကလေးတွေ အရောင်မှတ်မိနိုင်စွမ်းကိုလည်း ကူညီပေးနိုင်ကြောင့် မှတ်ဉာဏ်စွမ်းအင်ကို တိုးတက်စေပါတယ်။ 

- ခေါင်းအုံးနဲ့ အိပ်ရာခင်းတွေကို ကလေးအကြိုက်ဆုံး ကာတွန်းပုံလေးတွေ သုံးပါ
ပါဝါရိန်းဂျား၊ စူပါဟီးရိုးပုံတွေ၊ Disney မင်းသမီးပုံလေးတွေ၊ ကား ပုံတွေ၊ စက်ရုပ်ပုံလေးတွေထဲက ကလေးတွေ အကြိုက်ဆုံး ကာတွန်းဇာတ်ကောင်ပုံနဲ့ ခေါင်းအုံး၊ အိပ်ယာခင်းလေးတွေ လုပ်ပေးနိုင်ပါတယ်။ 

ကဲ...သားသားမီးမီးတို့အတွက် ချစ်စရာကောင်းတဲ့ အခန်းလေး ဖန်တီးဖို့ ထင်သလောက် မခက်ဘူးနော်။ ဒီနည်းလမ်းလေးတွေအတိုင်း အိမ်က သားသားမီးမီးလေးတွေအတွက် ကိုယ်ပိုင်ကမ္ဘာလေး ဖန်တီးပေးကြစို့။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အိမ်အရောင်းအဝယ်လုပ်တော့မယ်ဆိုရင် ဒါတွေသိထားဖို့ လိုမယ်နော်

အိမ်ခြံမြေအမျိုးအစား (၃) မျိုးထဲက ကိုယ်နဲ့အကိုက်ညီဆုံးက ဘယ်တစ်ခုဖြစ်မလဲ

မြေနိမိတ်အကြောင်း သိကောင်းစရာ

သိထားသင့်တဲ့ အိမ်ရှင်၊ အိမ်ငှားပြဿနာများ

Posted By : Ra Wai (ShweProperty.com)