ယခုပြောပြပေးမည့် အချိန်သတ်မှတ်ချက်များသည် အမှုတွဲစတင်ဖွင့်လှစ်သည့်နေ့မှ ဂရန်ထုတ်ပေးသည့်နေ့အထိ ရေတွက်ခြင်းသာ ဖြစ်ပါသည်။


ယခင်က မြေငှားဂရန် ထုတ်ပေးရာတွင် မြေဧရိယာ ၁ ဧကအထိကို ရက်ပေါင်း၄၀ အတွင်း ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပေးမည်ဖြစ်ပြီး မြေဧရိယာ ၁ ဧကအထက်မှ ၅ ဧက အထိကို ရက် ၆၀ အတွင်း ပြည်နယ်တိုင်းအုပ်ချုပ်ရေးမှူး၏ စိစစ်ခွင့်ပြုချက်ဖြင့် ခရိုင်ထွေအုပ်မှ ထုတ်ပေးပါသည်။မြေဧရိယာ ၅ ဧက အထက်ကိုတော့ ၈၁ ရက်အတွင်း ရုံးချုပ်၏ ခွင့်ပြုချက်ဖြင့် ခရိုင်ထွေအုပ်မှ ထုတ်ပေးပါသည်။ယခုထပ်မံ၍ ပြင်ဆင်ဖြေလျှော့ ပေးထားသည့် လုပ်ထုံးလုပ်နည်းများအရ -


တစ်ဧကအထိကို ၃၂ ရက်၊ 


တစ်ဧကမှ ငါးဧကထိ ၄၈ ရက်၊


ငါးဧကအထက်ကိုတော့ ၇၃ ရက်လို့ ညွှန်ကြားထားပါသည်။





ထို့သို့ သတ်မှတ်ရက်များအတွင်း ထုတ်ပေးသွားနိုင်ရေး ဆင့်ကဲကြပ်မတ်ဆောင်ရွက်ရန်၊ သတ်မှတ်ထား သည့် အချိန်အတွင်း မြေငှားဂရန်များ ထုတ်ပေးနိုင်ရေး အလေးထား ဆောင်ရွက်သွားရန် ရုံးချုပ်က ညွှန်ကြားထားရှိလေသည်။


အရေးကြီးသောအချက်မှာ ဂရန်လျှောက်သောမြေသည် အရှုပ်အရှင်းကင်းပြီး အချက်အလက် ပြည့်စုံသော မြေ ဖြစ်ရပါမည်။ လျှောက်ထားသူ မြေပိုင်ရှင်ဘက်က အချက်အလက် ပြည့်စုံရန်၊ အရှုပ်အရှင်းကင်းရန် လိုအပ်ပါသည်။ ကန့်ကွက်ခြင်း၊ အရှုပ်အရှင်းများရှိခြင်း၊ အချက်အလက် မပြည့်စုံခြင်းများရှိပါက အချိန်ကြန့်ကြာခြင်း၊ မြေဂရန်မရနိုင်ခြင်းများ ရှိနိုင်ပါသည်ကို သတိပြုရပေမည်။


ဂရန်လျောက်ထားရာတွင် ကာယကံရှင်ဘက်က ပြည့်စုံစွာယူရမည့်အချက်များကို ပူးတွဲ တင်ပေးလိုက်ပါသည်။ (လျှောက်ထားရမည့်ရုံးအလိုက် အနည်းငယ် ကွဲပြားနိုင်ပါတယ်) မြေနဲ့ ပတ်သက်တဲ့ မြေခွန်ပြေစာတို့၊ ရောင်းဝယ်စာချုပ်နဲ့ SP, GP တို့လဲ ယူသွားရမည်ဖြစ်သည်။


ဤနေရာတွင် SP ဟူသည် အထူးကိုယ်စားလှယ်လွှဲစာ (Special Power) ဖြစ်ပြီး  အကြောင်းအရာကိစ္စတစ်ခု၊ နှစ်ခုစသည်ဖြင့် အကန့်အသတ်ဖြင့်လွှဲပေးသည့် ကိုယ်စားလှယ်လွှဲစာ ဖြစ်သည်။ GP ( General Power) ဟူသည် အထွေထွေကိုယ်စားလှယ်လွှဲစာဖြစ်ပြီး မိမိကိုယ်စား (ပါဝါ) အကုန်ကို ကန့်သတ်ချက်မရှိ လွှဲပေးလိုက်သည့် ကိုယ်စားလှယ်လွှဲစာဖြစ်ပါသည်။ အရွယ်ရောက်ပြီး စိတ်‌ပေါ့သွပ်ခြင်း မရှိသူ မည်သူ့မဆို လွှဲပြောင်းပေးနိုင်သည်ဟု ဆိုသည်။ ခရိုင်ထွေအုပ်ရုံးမှာ လျောက်လွှာယူပြီး လျောက်ထားရမည်ဖြစ်သည်။


အထက်ပါ ညွှန်ကြားချက်များသည် ရန်ကုန်မြို့နှင့်မသက်ဆိုင်ဘဲ ကျန်မြို့များအတွက်သာ ဖြစ်ပါသည်။ ရန်ကုန်တွင်ကား မြို့တော်စည်ပင်မှ ဂရန်ထုတ်ပေးသည်ဟု ဆိုသည်။(ဖော်ပြပါ အကြောင်းအရာများသည် အိမ်ခြံမြေဉပဒေအကြံပေးအရာရှိများ ‌ရေးသားပြုစုထားသည်မှ ကောက်နုတ်ထားချက်များ ဖြစ်ပါသည်။)


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


အိမ် နဲ့ မြေကွက်များ ရက်ပိုင်းတွင်းရောင်းထွက်နည်း


ပါမစ်(PERMIT) ဖြင့်ချထားပေးသော မြေကွက်ကို ဝယ်ရာတွင် သတိပြုသင့်သောကိစ္စရပ်များ


အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ စလစ်၊ ပါမစ်၊ ဂရန်မြေကွက်များကို ဝယ်မည်ဆိုလျှင်


အကွက်ရိုက်ရောင်းတဲ့ မြေကို ဝယ်လိုသူများ အထူး သတိပြုစရာ


Posted By : Sint Sint (ShweProperty.com)