By Kyi Soe (IC), Shweproperty.com
Updated at 3 August 2015
ရှပ်ရှင်တွေထဲမှာတော့ “အိမ်ခြံမြေအမွေ” ကို သေတမ်းစာနဲ. ပေးကြပါတယ်။ (အနောက်တိုင်းက ရုပ်ရှင်တွေထဲမှာ ပိုများပါတယ်။)
တကယ့်လက်တွေ.မှာ သေတမ်းစာနဲ. အိမ်ခြံမြေအမွေ ပေးလို. လုံးဝမရပါဘူး။
ကျမ်းကျိန်လွှာနဲ.လည်း အမွေပေးလို. မရပါဘူး။
မြန်မာ၊ ဗုဒ္ဓဘာသာဝင်တို. သေတမ်းစာနဲ. အမွေပေးလို.မရတာ ၁၈၈၀ပြည့်နှစ် ကလည်းက ပါခင်ဗျား။
သေတမ်းစာရယ်၊ အိမ်ခြံမြေအမွေရယ်၊ ကိစ္စတွေက သိပ်မကြာ သေးပါဘူးခင်ဗျား။ လွန်ခဲ့တဲ့ ၁၃၅နှစ်က သက္ကရာဇ်နဲ. ပြောရလျှင် ၁၈၈၀ခုနှစ် “မြန်မာဗုဒ္ဓဘာသာဝင်များသည် သေတမ်း စာရေးခွင့်မရှိကြောင်း” မဘွင့်နှင့် မရင် အက်ဂျေ ၉၅စီရင်ထုံးဖြင့် တိကျစွာ ဆုံးဖြတ်ခဲ့ပါတယ်။
သီပေါမင်းတရားကြီး ပါလွန်ပြီးနောက်(၄)နှစ် အကြာ ၁၈၈၉ ခုနှစ်မှာ မြန်မာများ သေတမ်းစာရေးခွင့် ရှိ/မရှိကို ကျယ်ပြန်.ပြည့်စုံစွာ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက “သေတမ်း စာဘက်ကနေ ပြည့်စုံစွာ တင်ပြခဲ့တဲ့ ပုဂ္ဂိုလ်ကြီးကတော့ အများသိတဲ့ ကင်းဝန်မင်းကြီး ဦးကောင်းဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ “သေတမ်းစာ တငူ” ရေးခွင့် မရှိဆိုတာကသာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေမှာ အတည်ဖြစ်လာခဲ့ပါတယ်။
“သေတမ်းစာ” တင်မဟုတ်ပါဘူး။ စာတမ်းစာ သဘောသက်ရောက်စေတဲ့ “ကျမ်းကျိန်လွှာ” များနှင့် “ဖွင့်ဆိုချက်များကိုလည်း တရားရုံးတော်များက အတည်မပြုပါဟု မောင်သုခနှင့် ဦးသုနန္ဒ၅၊ ရန်ကုန်-၃၇၁ အမှုမှာ စီရင်ထုံးရှိခဲ့ပါတယ်။
Ref : Kyi Soe (IC)
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties