အိမ်‌ဆောက်လုပ်ရာတွင် ရှေးလူကြီးများသည် အယူအဆ ယုံကြည်မှုအရာတွင် ယနေ့ခေတ်လူငယ်များထက်ပင် ပိုမိုစေ့စပ်တတ်ကြသည်ကို တွေ့ရှိရတတ်သည်။ဤနေရာတွင်အိမ်ဟု ဆိုရာတွင် လူသားများကို ပျော်ရွှင်ခြင်း၊ နွေးထွေးခြင်း၊ သာယာအေးချမ်းခြင်းနဲ့ ဘယ်အချိန်မဆို နားခိုချင်စဖွယ် အရိပ်အာဝသပေးနိုင်သည့် နေရာကောင်းတစ်ခုကို ဖန်တီးပေးနိုင်မှသာ ပြီးပြည့်စုံသော အိမ်တစ်အိမ်ဟု ဆိုထိုက်ပေမည်။ 


သို့တည်းမဟုတ်ဘဲ ရန်တကျက်ကျက်၊ နာဖျားသူများ၊ လက်ဖွာသူများနဲ့ မိသားစုဝင် အချင်းချင်း မသင့်မြတ် အညံ့တွေပုံနေတဲ့ အိမ်မျိုးဆို နေထိုင်သူတို့လည်း အထက်ကဖော်ပြထားသကဲ့သို့ အိမ်ရဲ့ နွေးထွေးခြင်း၊ ကြည်နူးခြင်းအငွေ့အသက်များကို အဘယ်ဖြစ်ပေါ်ခံစားနိုင်ပါ့မလဲ။


ဒီလိုမျိုးမဖြစ်ရလေအောင် ရှေးအဆိုများကို နည်းနာယူ၍ အိမ်ဆောက်လုပ်ရာတွင် မိမိ  အဆင်ပြေသည့်ရက်များထက် သင့်လျော်သည့်ရက်များကို ရွေးချယ် ဆောက်လုပ်နိုင်ရန် စုစည်းတင်ပြပေးလိုက်ပါသည်။


စီးပွား‌ရေးပြေလည်စေပြီး သင့်လျော်သည့် အိမ်ဆောက်ရက် ရွေးနည်းဟူသည် -


တနင်္ဂနွေ - ဆင်းရဲဒုက္ခ ရောက်တတ်စေနိုင်သည်။


တနင်္လာ – နှစ်လမြောက်တွင် သား၊ သမီး ဖွားမြင်သော် ချမ်းသာ ကြွယ်ဝမည်။


အင်္ဂါ – ဆန်ရေစပါး ပေါများ ကြွယ်ဝမည်။





ဗုဒ္ဒဟူး၊စနေ- သုခ ချမ်းသာရမည်။


ကြာသပတေး – ချမ်းသာ ကြွယ်ဝမည်။


သောကြာ – သုံးလ ကြာလျှင် သုခ ပွားမည်။


အိမ်ဆောက်လ အ‌ရွေးမှန်မှလည်း မိသားစုစီးပွားဉစ္စာတက်စေ၍ ငွေရေးကြေးရေးအရ‌ရော၊ လူမှုရေး၊ ကျန်းမာရေးတွင်ပါ အစစအရာရာ အဆင်ပြေချောမွေ့စေသည်ဟုလည်း ယုံကြည်သူများရှိကြသည်။ အိမ်ဆောက်လ ရွေးနည်းမှန်စေရန်လည်း ခုလိုဖော်ပြပေးလိုက်ပါသည်။


ချမ်းသာ ကြွယ်ဝစေဖို့ရာ တန်ခူးလတွင် အိမ်ဆောက်သင့်ပါသည်။


ဆန်ရေစပါး ပေါကြွယ်စေဖို့ ကဆုန်လတွင် ဆောက်လုပ်သင့်ပါသည်။


စီးပွား ဥစ္စာ တိုးပွားဖို့ရာ ဝါခေါင်လသည် အသင့်တော်ဆုံးလ ဖြစ်သည်။


ထင်ပေါ် ကျော်စောလိုပါက နတ်တော်လတွင် အိမ်ဆောက်လုပ်သင့်သည်ဟု ဆိုထားသည်။





လူအများ ချီးမွမ်းမှုခံယူလိုပါက ပြာသိုလတွင် ဆောက်လုပ်သင့်ပါသည်။


တပေါင်းလတွင် အိမ်ဆောက်ပါက ချမ်းသာ ကြွယ်ဝပေမည်ဟု ဆိုသည်။


အဆိုပါလများမှ လွဲ၍ ကျန်ခြောက်လတွင် အိမ်ဆောက်ခဲ့ပါက ပျက်စီးခြင်း၊ ဆုံးရှုံးခြင်းများ ကြုံရတတ်သည်ဟု အယူရှိပါသည်။ ယနေ့ခေတ်များတွင် ထိုအယူကို တကူးတက လိုက်နာကြသူ နည်းလာပြီဖြစ်သော်လည်း ရှောင်ရန် ၊ ဆောင်ရန်တွေကို သိရှိထားခြင်းဖြင့် မလိုလားအပ်သော အတိုက်အခံ အညံ့များ ရန်က ကြိုတင်ကာကွယ်ခြင်း သဘောသက်‌ရောက်စေပါသည်။ 


လေ့လာမှတ်သားစရာ အိမ်ခြံမြေဗဟုသုတများ


အိမ်နံပါတ်နှင့် သင့် ကံကြမ္မာ


အိမ်တအိမ် စီးပွားပျက်မယ့်ကိန်း ၇ ချက်


အိုးပိုင် အိမ်ပိုင်နှင့် ဖြစ်လာအောင် ယတြာ


ဘုမ္မိအရပ်ဆို ဝေးဝေးရှောင် ဧကန်မုချ အကျိုးအောင်


Posted By : Sint Sint (ShweProperty.com)