By မန္တလေး စက်မှုဇုန်များကြီးကြပ်ရေးကော်မတီ, Shweproperty.com
Updated at 21 November 2014
စက်မှုလုပ်ငန်း လုပ်ကိုင်ခြင်းမရှိသော စက်မှုဇုန်မြေကွက်များနှင့်ပတ်သက်သည့် ကြေညာချက်
၁။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးစက်မှုဇုန်၊ မြင်းခြံစက်မှုဇုန်နှင့် မိထ္တီလာစက်မှုဇုန်တို့တွင် စက်မှုလုပ်ငန်း လုပ်ကိုင်ခြင်းမရှိဘဲ ဂိုဒေါင်၊ လူနေအိမ်၊ ဈေးဆိုင်ခန်းများ၊ မြေကွက်လပ်အဖြစ်ရှိသော မြေကွက်ပေါင်းမှာ (၃၆၂၂)ကွက်ကျော်ရှိကြောင်း စိစစ်တွေ့ရှိရသည်။
၂။ မြေကွက်လက်ဝယ်ပိုင်ဆိုင်ထားကြသူများအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ပါက ပြန်လည်အပ်နှံရန်ဆိုသည့် စည်းကမ်းချက်များကို သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သော်လည်း ယနေ့အထိ စည်းကမ်းနှင့်အညီ စက်မှုလက်မှုလုပ်ငန်းများကို လုပ်ကိုင်ခြင်းမရှိသဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရာတွင် အဟန့်အတားတစ်ရပ်ဖြစ်နေသည့်အပြင် စက်မှုဇုန် မြေဈေးမြင့်တက်မှုများလည်း ဖြစ်ပေါ်နေသည်။
၃။ အထက်ဖော်ပြပါ လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော ဂိုဒေါင်နှင့် စက်မှုလက်မှုလုပ်ငန်းများ မဆောင်ရွက်သည့် မြေကွက်များကို အကြောင်းအမျိုးမျိုးဖြင့် လက်ဝယ်ပိုင်ဆိုင်ထားသူများအနေဖြင့် မိမိဆောင်ရွက်မည့် လုပ်ငန်းအမျိုးအစား၊ စတင်မည့် တည်ဆောက်ရေးကာလ၊ စီးပွားဖြစ်စတင်လည်ပတ်မည့်ရက်၊ ဘဏ္ဍာငွေကြေး ရင်းနှီးမြှုပ်နှံမှုနှင့် ရရှိမှုစာရင်းအပြင် အချက်အလက်များ ပြည့်စုံစွာပါဝင်သည့် Detail Business Plan ကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး မန္တလေးတိုင်းဒေသကြီး စက်မှုဇုန်များ ကြီးကြပ်ရေးကော်မတီ (မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး)သို့ ပေးပို့တင်ပြရမည်ဖြစ်ပါသည်။
၄။ စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်ရန် သတ်မှတ်ထားသည့် စက်မှုဇုန်နယ်မြေအတွင်းရှိ မြေကွက်များကို အကြောင်းအမျိုးမျိုးဖြင့် လက်ဝယ်ရရှိထားသူများအနေဖြင့်လည်း အထက်အပိုဒ်(၃)ပါလုပ်ငန်းစီမံချက်ရရှိမှသာ မြေပိုင်ဆိုင်မှုကိစ္စရပ်များကို ပြဋ္ဌာန်းထားသော ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ တရားဝင်ဖြစ်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
၅။ ယခုကြေညာချက်ပါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ယင်းဂိုဒေါင်နှင့် စက်မှုလက်မှုလုပ်ငန်း ဆောင်ရွက်ခြင်းမရှိသည့်မြေများကို နိုင်ငံတော်သို့ ပြန်လည်နှံရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
မန္တလေး
စက်မှုဇုန်များကြီးကြပ်ရေးကော်မတီ
Ref : Facebook
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties