By ရန်မျိုးနိုင်, Shweproperty.com
Updated at 27 August 2014
‘‘ရန်ကုန်တိုင်း အတွင်းမှာ အိမ်ရာမဲ့ ပြည်သူအများစု ရှိပါတယ်။ သူတို့ ဝင်ငွေရဲ့ ၃၅ ရာခိုင်နှုန်းက ၅၀ ရာခိုင်နှုန်းအထိ အိမ်ခန်းငှားရမ်းခများကို ပေးနေရပါတယ်။ ယနေ့ အိမ်ခြံမြေဈေးနှုန်းများ တက်လာသည်နှင့်အမျှ အိမ် ငှားခဈေးနှုန်းများလည်း တက်လာပါတယ်’’ ဟု ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းကျော်က လွှတ်တော်သို့ တင်ပြခဲ့သည်။
အိမ်ခန်းငှားရမ်းခ ဈေးနှုန်းမြင့်မားလာမှုကြောင့် ဝင်ငွေနည်း မိသားစုများနေထိုင်ရေး သင့်လျော်သည့် အိမ်ခန်းများကို ငှားရမ်းရန် အခက်အခဲများ ရှိလာကြောင်း၊ တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူ များပြားလာခြင်းသည်လည်း အိမ်ခန်းငှားရမ်းခများ ဈေးနှုန်းမြင့်မားလာမှုကြောင့်လည်း ပါဝင်သည်ဟု လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောကြားသည်။
ရန်ကုန်မြို့တွင် အိမ်ခြံမြေ ဈေးများ မြင့်တက်လာမှုနှင့်အတူ အိမ်ခန်းငှားရမ်းခဈေးနှုန်းများမြင့်တက်လာပြီး အိမ်ခန်းငှားရမ်းခများသည် တစ်စတုရန်းပေကို ငါးကျပ်နှုန်းမှ တစ်ထောင်နှုန်းအထိ ဈေး တက်လာမှုများ ရှိသည်။
ရန်ကုန်တိုင်းအတွင်း အိမ် ငှားရမ်းခများ မြင့်တက်မှုကို အစိုးရ ဆောင်ရွက်ပေးရန် အဆို ကို ယခုလ ၂၇ ရက်တွင် ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြမည်ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလမှစတင်ပြီး တစ်နိုင်ငံလုံးရှိ ပြည်သူ့အိမ်ရာ အဟောင်းများမှ အိမ်ခန်းပေါင်း တစ်သောင်းကျော်၏ အိမ်လခများကို အဆတစ်ရာကျော် တိုးမြှင့်ကောက်ခံခဲ့သည်။
Ref : 7Days News
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties