By သန်းထူး, Shweproperty.com
Updated at 3 October 2012
အိမ်ရာကဏ္ဍဖွံဖြိုး ရေးအတွက် ဒါရိုက်တာအဖွဲ့က ဦးဆောင်၍ အမှု ဆောင်အရာရှိချုပ်၊ အထွေထွေမန်နေဂျာ စသည်များ ပါဝင်သော အမျိုးသား မြို့ပြအိမ်ရာဖွံဖြိုးတိုးတက်ရေးကော်ပိုရေးရှင်း ကို ဖွဲ့စည်း ၍ ဆောက်လုပ်သွားရန်ရှိကြောင်း ဆောက်လုပ်ရေးဝန်းကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က စက်တာဘာ ၁၇ ရက်တွင် ပြုလုပ်သော မြန်မာနိုင်ငံ၏ အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ၌ ပြောကြားခဲ့သည်။
"Implementation အပိုင်းကိုတော့ "ပီပီပီ" မှုဝါဒ နဲ့အညီ အမျိုးသားအိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းကို ဖွဲ့စည်းပြီး ဒါရိုက် တာအဖွဲ့က ဦးဆောင်၍ အမှုဆောင်အရာရှိချုပ်၊ အထွေထွေမန်နေ ဂျာ စသည်တို့ပါဝင်တဲ့ ဖွဲ့စည်းပုံနဲ့ ဖွဲ့စည်းပြီး အိမ်ရာဖွံဖြိုးတိုးတက်ရေးအတွက် ဆောက်လုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားဖို့ စီမံ ဆောင်ရွက်သွားရန်ရှိပါတယ်''ဟူ၍ ဝန်ကြီးက ပြောကြားခဲ့သည်။
ပြောင်းလဲကျင့်သုံးလျက်ရှိသော မှုဝါဒ နှင့် အညီ အစိုးရအနေဖြင့် အိမ်ရာထုတ်လုပ်ရေး အခန်းကဏ္ဍမှ အိမ်ရာကဏ္ဍတစ်ခုလုံးအား စီမံခန့်ခွဲမှုအဖြစ် ပြောင်းလည်းဆောက်ရွက်သွားမည်ဖြစ်ကြောင်း၊ အိမ်ရာကဏ္ဍမူဝါဒများ၊ အိမ်ရာကဏ္ဍတွင် ပါဝင်သော အဖွဲ့အစည်းများနှင့် စည်းမျဉ်းစည်းကမ်းများကိုလည်း ခေတ်စနစ်နှင့်အညီ ပြုပြင်ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ထပ်မံပြောကြားသည်။
ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ အိမ်ရာလိုအပ်ချက်များကို တိုးတက်ကောင်းမွန်စွာဖြည့်ဆည်းပေးနိုင်ယုံမက အိမ်ရာကဏ္ဍ ကို စီးပွားရေးကဏ္ဍတစ်ခုအဖြစ်လည်း အသွင်ပြောင်းနိုင်မည်ဟု ဆို သည်။
၎င်းအပြင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကိုလည်း မြို့ ပြစီမံကိန်းနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအဖြစ် ပြောင်းလဲ ဖွဲစည်းကာ အချို့သော လုပ်ငန်းများကို လျှော့ချပြီး နေပြည်တော် နှင့် ရန်ကုန်ရှိ လွှတ်တော်များကို ပြုပြင်ထိန်းသိမ်းခြင်း လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ်အတွင်း အ ကောင်အထည်ဖော်ရန်ရှိသော လုပ်ငန်းများအား ပြီးပြတ်အောင် ဆောင်ရွက်ရန်အတွက် ဖြည့်စွက် ရန်ပုံငွေ ကန်ဒေါ်လာ ၃၇၃ ဒသမ ၁၇၁ သန်းကိုလည်း လွှတ်တော် က ခွင့်ပြုထားသည်။
Source : 7days
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties