By Lily, Shweproperty.com
Updated at 5 November 2025
အရွက်ဖားဖား၊ စိမ်းစိမ်းစိုစိုမို့ ကြည့်မိသူတိုင်း ရင်အေးစေတဲ့ ရွှေလာ၊ ငွေလာဂမုန်းကို အပင်စိုက်လေ့ရှိတဲ့ အိမ်တိုင်းလိုလိုမှာ တွေ့ရလေ့ ရှိပါတယ်။ "Money plant" လို့ခေါ်တဲ့ ဒီအပင်လေးတွေကို မြန်မာမှာတော့ နွယ်ပါတဲ့ အဖြူရောင် အရွက်မျိုးဆိုရင် " ငွေလာ"၊ အစိမ်းရွက်ဖားဖားကြီးတွေကို "ရွှေလာ" ဂမုန်းလို့ ခေါ်ကြပါတယ်။ နွေရာသီမှာဆိုရင် ရွှေလာ၊ ငွေလာ ဂမုန်းတို့ရဲ့ စိမ်းစိုနေတဲ့ အရောင်အသွေးက မျက်လုံးအေးကာ စိတ်ကြည်စေပါတယ်။ ဒါ့အပြင် ရွှေလာ၊ ငွေလာ ဂမုန်းပင်တွေမှာ ထူးခြင်းတဲ့ ဓာတ်သတ္တိသဘောလည်း ရှိပါသေးတယ်။ တရုတ်လူမျိုးတို့ရဲ့ ဖုန်းရွှေပညာမှာလည်း ဒီဂမုန်းပင်လေးတွေကို အိမ်မှာ စိုက်ပျိုးထားခြင်းဟာ အိမ်ကို လာဘ်လာဘ ကောင်းစေခြင်း၊ အိမ်သူအိမ်သားအချင်းချင်း သင့်မြတ်ကောင်းမွန်ခြင်း၊ လေထုကို သန့်စင်ပေးနိုင်ခြင်း ဆိုတဲ့ အကျိုးကျေးဇူး ရှိတယ်လို့ ညွှန်ထားကြတာကြောင့် အိမ်မှာကံကောင်းခြင်းတွေ ဝင်လာအောင် စိုက်ထားသင့်တဲ့ အပင်လေးဆိုလည်း မမှားပါဘူး။ ရွှေလာ၊ ငွေလာ ဂမုန်းလေးတွေကို စိုက်မယ်ဆိုရင် အရှေ့တောင် အရပ်မှာ စိုက်တာဟာ အကောင်းဆုံး ဖြစ်ပြီး၊ အရှေ့ - မြောက် အရပ်မှာ စိုက်မယ်ဆိုရင်တော့ ငွေကြေးဆုံးရှုံးခြင်းနဲ့ အိမ်သူအိမ်သား၊ အိမ်သားနဲ့ အပြင်သူကြား ဆက်ဆံရေး ပြဿနာတွေ ပေါ်လာနိုင်တတ်လို့ လုံးဝ မထားရှိသင့်ဘူးလို့ ဖုန်းရွှေပညာရှင်တွေက ဆိုပါတယ်။ ကံကောင်းခြင်း အပင်လေးတွေ ဖြစ်တာကြောင့် အပင်ဟာ ခြောက်သွေ့ မနေသင့်ပါဘူး။ အိမ်အပြင်မှာ ထားခြင်းထက် အိမ်တွင်းမှာ စိုက်ပျိုးသင့်ပါတယ်။ အိမ်ထဲမှာ စိုက်ပျိုးတဲ့ အခါမှာလည်း အရှေ့တည့်တည့် နံရံ၊ အနောက်တည့်တည့် နံရံ၊ မြောက်တည့်တည့် နံရံ ဘက်တွေမှာ မထားသင့်ဘူး။ ငွေလာဂမုန်းရဲ့ နွယ်တွေဟာ ကြမ်းပြင်ပေါ် ကျမနေစေပါနဲ့။ အိမ်က အပင်ဟာ ဒီအချက်တွေနဲ့ ကြုံနေပြီဆိုရင် ငွေကြေး ဆုံးရှုံးမှု ဖြစ်စေတတ်ပါတယ်တဲ့။ နောက်ထပ် ရှောင်ရန်အချက်ကတော့ အပင်လေးတွေ ရှည်လာတဲ့အခါ ဖြတ်တောက်ပေးတဲ့သူဟာ အိမ်သူ၊ အိမ်သား ကိုယ်တိုင်ပဲ လုပ်ရမှာ ဖြစ်ပါတယ်။ သူစိမ်းကို ဖြတ်တောက်စေခြင်းဟာ ငွေလမ်းကြောင်း ကမောက်ကမ ဖြစ်စေတယ်လို့ ယူဆထားပါတယ်။ ကဲ... ကိုယ့်အိမ်မှာ ရွှေလာ၊ ငွေလာဂမုန်းလေးတွေ စိုက်ထားတယ်ဆိုရင် စိုက်ထားတဲ့နေရာ မှန်မမှန် စစ်ကြည့်လိုက်ပါဦးနော်။ စာဖတ်သူ မိတ်ဆွေတို့အားလုံး အေးချမ်းပျော်ရွှင်စရာ မိသားစု အိမ်လေးကို ထာဝစဉ် ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းဆုချွေလိုက်ပါတယ်ရှင်။ Writen By : Lily
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties