By RW, Shweproperty.com
Updated at 17 September 2025
အိမ်တစ်အိမ်ရဲ့ အလှအပကို ပေါ်လွင်စေတဲ့ အဓိကအချက်တွေထဲမှာ ကြမ်းခင်းက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကြမ်းခင်းကို ရွေးချယ်တဲ့အခါမှာ ကြွေပြားနဲ့ ပါကေးတို့ဟာ အများဆုံး လူကြိုက်များတဲ့ ရွေးချယ်မှုတွေ ဖြစ်ပါတယ်။ နှစ်ခုစလုံးမှာ ကိုယ်ပိုင်အားသာချက်၊ အားနည်းချက်တွေရှိတာကြောင့် သင့်နေအိမ်နဲ့ ဘယ်ဟာက ပိုသင့်တော်မလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။ ကြွေပြားခင်းခြင်းရဲ့ အားသာချက်များ . ကြွေပြားတွေဟာ ကြာရှည်အသုံးခံပြီး ပွန်းပဲ့လွယ်ခြင်း မရှိပါဘူး။ အိမ်သုံးပရိဘောဂတွေ ရွှေ့ပြောင်းတာမျိုးနဲ့ ခဏခဏ ပွတ်တိုက်မိတာတွေကို ကောင်းစွာ ခံနိုင်ရည်ရှိပါတယ်။ . ရေနဲ့ အစိုဓာတ်ဒဏ်ကို ခံနိုင်ရည်ရှိတာကြောင့် မီးဖိုချောင်၊ ရေချိုးခန်းလို နေရာတွေအတွက် အသင့်တော်ဆုံးပါပဲ။ သန့်ရှင်းရေးလုပ်ရတာလည်း လွယ်ကူပါတယ်။ . အစွန်းအထင်းတွေနဲ့ ဖုန်တွေကို လွယ်လွယ်ကူကူ သန့်ရှင်းလို့ရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အရောင်မှိန်သွားတာမျိုးလည်း သိပ်မရှိပါဘူး။ . အရောင်၊ ဒီဇိုင်း၊ အရွယ်အစားနဲ့ အမျိုးအစားအမျိုးမျိုး (ဥပမာ- ကြွေ၊ ကျောက်၊ ပန်းကန်သား) ကို ရွေးချယ်နိုင်ပါတယ်။ အားနည်းချက်အနေနဲ့ . ကြွေပြားတွေက အပူကို ထိန်းမထားနိုင်တဲ့အတွက် ဆောင်းတွင်းမှာ ဒါမှမဟုတ် အဲကွန်းဖွင့်ထားတဲ့အခါ ခြေထောက်ကို အေးစေပါတယ်။ . ကြွေပြားတွေက မာကျောတာကြောင့် လဲကျရင် ထိခိုက်မှုပိုများနိုင်သလို ပန်းကန်ခွက်ယောက်လို အရာဝတ္ထုတွေ ပြုတ်ကျရင်လည်း အလွယ်တကူ ကွဲနိုင်ပါတယ်။ ပါကေးခင်းခြင်းရဲ့အားသာချက်များ . သစ်သားနဲ့ ပြုလုပ်ထားတဲ့အတွက် အိမ်ကို နွေးထွေးပြီး သဘာဝဆန်တဲ့ အလှကို ပေးစွမ်းနိုင်ပါတယ်။ ခြေထောက်ကိုလည်း အေးစက်စေခြင်း မရှိပါဘူး။ . ပါကေးခင်းထားတဲ့အိမ်တွေက ပိုပြီး အဆင့်အတန်းမြင့်မားတဲ့ ခံစားချက်ကို ပေးနိုင်တာကြောင့် အိမ်ရဲ့တန်ဖိုးကို တိုးစေနိုင်ပါတယ်။ . ကြွေပြားလောက် မမာကျောတဲ့အတွက် လမ်းလျှောက်ရတာ ပိုအဆင်ပြေစေပြီး လဲကျရင်လည်း ထိခိုက်မှုနည်းစေနိုင်ပါတယ်။ အားနည်းချက်အနေနဲ့ . ပါကေးတွေက ရေနဲ့ အစိုဓာတ်ဒဏ်ကို မခံနိုင်ပါဘူး။ ရေစိုခံနိုင်အောင် ပြုလုပ်ထားတဲ့ အမျိုးအစားတွေရှိပေမဲ့ သတိထားပြီး အသုံးပြုဖို့လိုပါတယ်။ . ကြွေပြားလောက် သန့်ရှင်းရေးလုပ်ဖို့ မလွယ်ကူပါဘူး။ ခြစ်ရာတွေ၊ စွန်းထင်းမှုတွေ မဖြစ်အောင် ဂရုစိုက်ဖို့လိုပြီး အချိန်ကြာရင်လည်း အရောင်မှိန်တတ်ပါတယ်။ ခြစ်ရာတွေကို ဖုံးကွယ်နိုင်ဖို့အတွက် ပြန်လည် ပွတ်တိုက်ပြီး ဆေးအသစ်ပြန်တင်ပေးဖို့ လိုအပ်နိုင်ပါတယ်။ . ပါကေးတွေက ကြွေပြားတွေထက် အများအားဖြင့် ဈေးပိုကြီးပါတယ်။ ဘယ်လိုရွေးချယ်မလဲ? . သင့်ရဲ့ နေထိုင်မှုပုံစံနဲ့ ဘတ်ဂျက်ပေါ်မှာ မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။ . မီးဖိုချောင်၊ ရေချိုးခန်းနေရာအတွက်ဆိုရင် ကြွေပြားက ပိုပြီး လက်တွေ့ကျပါတယ်။ . ဧည့်ခန်း၊ အိပ်ခန်းများအတွက် ပိုပြီး နွေးထွေးတဲ့ ခံစားမှုပေးချင်တယ်ဆိုရင်တော့ ပါကေးက သင့်တော်ပါတယ်။ ဒါ့အပြင် ကြွေပြားပုံစံတူ ပြုလုပ်ထားတဲ့ Vinyl နဲ့ Laminate ကြမ်းခင်းတွေလည်း ရှိပါသေးတယ်။ ကြွေပြားနဲ့ ပါကေးတို့ရဲ့ အားသာချက်တွေကို ပေါင်းစပ်ထားပြီး ဈေးနှုန်းလည်း သက်သာတာကြောင့် ရွေးချယ်နိုင်ပါတယ်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties