အိမ်ဟာ မိသားစုတစ်စုရဲ့ခိုလှုံရာဖြစ်သလို ပိုးမွှားတိရစ္ဆာန်တွေရဲ့ခိုလှုံရာလည်းဖြစ်ပါတယ်။ တစ်ခါတစ်လေ အိမ်ကိုညစ်ညစ်ပတ်ပတ်မထားဘဲနဲ့တောင် ပိုးမွှားတွေဟာဘယ်ကမှန်းမသိဝင်ရောက်လာတတ်ပါတယ်။ အောက်ဖက်မှာတော့ အိမ်ထဲမှာမိသားစုအများစုကြုံတွေ့ရတတ်တဲ့ပိုးမွှားတိရစ္ဆာန်တွေနဲ့ သူတို့ကိုဘယ်လိုဖယ်ရှားနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
 
ခြင်
 
ခြင်တွေကိုဖယ်ရှားဖို့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ဆေးဖက်ဝင်အပင်တွေကို စိုက်ပျိုးထားနိုင်ပါတယ်။ ခြင်တွေဟာ လာဗန်ဒါ၊ ပင်စိမ်းနဲ့ စပါးလင်အနံံ့တွေကိုမုန်းပါတယ်။ အချို့ခြင်ပြေးလိမ်းဆေးတွေမှာဆိုရင် စပါးလင်ရနံ့ရှိပါတယ်။ ခြင်တွေကသိပ်များတယ်၊ ခြံထဲဆင်းပြီးလည်းလမ်းလျှောက်ချင်တယ်ဆိုရင်တော့ အနံ့ပြင်းတဲ့သစ်ရွက်တွေကိုခြေမွကာ အရေပြားမှာပွတ်ပြီးသွားနိုင်ပါတယ်။



ကြမ်းပိုး
 
ကြမ်းပိုးတွေဟာ နေရာတိုင်းလိုလိုမှာရှိတတ်ပါတယ်။ ကြမ်းပိုးတွေကထွက်တဲ့အညစ်အကြေးဟာ လူတွေမှာဓာတ်မတည့်တာ၊ ချောင်းဆိုးတာနဲ့အခြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေကိုဖြစ်ပွားစေပါတယ်။ ကြမ်းပိုးတွေကိုဖယ်ရှားဖို့အကောင်းဆုံးနည်းလမ်းကတော့ အိမ်ကိုသန့်သန့်ရှင်းရှင်းထားဖို့ပါပဲ။ အထူးသဖြင့် အိပ်ရာခင်းကိုပုံမှန်လဲလှယ်ပြီး ကော်ဇောတွေအစား တတ်နိုင်ရင်ပါကေးခင်းတာ အကောင်းဆုံးပါပဲ။
 
သန်း
 
သန်းတွေကို အိမ်မှာတွေ့နေကျပိုးမွှားတွေလို့ယူဆလို့မရပေမယ့် တခါတလေကလေးတွေရဲ့ခေါင်းမှာသန်းတွေ့ရတတ်ပါတယ်။ ခေါင်းသန်းတွေကိုသဘာဝနည်းလမ်းတွေနဲ့ဖယ်ရှားနိုင်ပါတယ်။ အနံံ့ပြင်းတဲ့ ကြက်သွန်ဖြူ၊ ကလေးလိမ်းတဲ့ဆီ၊ လက်ဖက်ဆီတွေနဲ့ ရေနံဂျယ်လီတွေဟာ သန်းတွေရဲ့လေလမ်းကြောင်းကိုတားဆီးပေးပြီး ရက်ပိုင်းအတွင်းမှာပဲ သန်းပျောက်စေမှာဖြစ်ပါတယ်။
 
ပင့်ကူ


ပင့်ကူတွေကိုတော့ အနောက်တိုင်းကလူတော်တော်များများက ကြောက်ရွံ့ကြပါတယ်။ ထိတ်လန့်ဖွယ်တွားသွားနေတဲ့ပင့်ကူတွေကို လိမ္မော်ခွံတွေနဲ့ဖယ်ရှားနိုင်ပါတယ်။ ပင့်ကူတွေဟာ အချဉ်ဓာတ်ပါတဲ့အနံ့တွေကိုမုန်းကြပါတယ်။ နောက်တနည်းကတော့ အိမ်ကို ပင်စိမ်းပင်တစ်မျိုးကနေ ထုတ်ယူထားတဲ့ ပက်ပါမင့်ဆီကိုဖြန်းပြီးပင့်ကူမလာအောင် တားဆီးနိုင်ပါတယ်။
 
ပိုးဟပ်
 
အိမ်ထဲမှာ ပိုးဟပ်တွေရှိနေတာက အိမ်တွင်းကျန်းမာရေးကိုအားလျော့စေပါတယ်။ သူတို့ဟာ အစားအသောက်တွေပေါ်လျှောက်တက်ပြီး လူတွေကိုဓာတ်မတည့်တဲ့ရောဂါဖြစ်ပွားစေပါတယ်။ ပိုလီယိုဗိုင်းရပ်စ်ကိုသယ်ဆောင်လာသူတွေလည်းဖြစ်ပါတယ်။ ပိုးဟပ်တွေကိုရှင်းဖို့ သူတို့အသိုက်ကိုအမြစ်ပြတ်သုတ်သင်ပေးဖို့လိုပါတယ်။ ဒီအတွက် Boric acid ကိုအသုံးပြုနိုင်ပါတယ်။ Boric acid ကပိုးဟပ်တွေကိုသေစေပေမယ့် လူတွေအတွက်တော့ အန ္တရာယ်မရှိပါဘူး။ တချိန်တည်းမှာပဲ ပိုးဟပ်ကပ်ကော်နဲ့ ပုန်းနေတဲ့နေရာကနေထွက်လာအောင် ထောင်ဖမ်းနိုင်ပါသေးတယ်။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
နေအိမ်မှာထိခိုက်မိနိုင်တဲ့ မတော်တဆထိခိုက်မှုတွေကို ဒီလိုကာကွယ်ပါ
 
သန့်ရှင်းရေးလုပ်ဖို့ သတိမထားမိတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေရဲ့ အန္တရာယ်
 
ဖုန်းရွှေနည်းအရ ဘယ်လိုမြေကွက်ပုံစံကို ဘယ်လိုပြုပြင်တည်ဆောက်မလဲ
 
အဆောက်အအုံများဆေးသုတ်ခြင်းလုပ်ငန်း သတိထားသင့်သိများ
 
Credit By: Shwe Likes
Posted By: Ra Wai, ShweProperty.com