အခုခေတ်မှာဆိုရင် အိိမ်တွင်းမှာ၊ အလုပ်စားပွဲပေါ်မှာ ချစ်စရာအပင်သေးသေးလေးတွေကို တင်ထားတာတွေတွေ့ကြရမှာပါ။ အပင်လေးတွေက အလှဆင်တယ်ဆိုတာထက် ပိုတဲ့များစွာသောအကျိုးကျေးဇူးတွေရှိပါတယ်။ သုတေသနတွေအရဆိုရင် အိမ်မှာ အလုပ်မှာ အစိမ်းရောင်လေးတွေကိုမြင်ရတာက စိတ်ဖိစီးမှုကိုလျော့ကျစေပြီးတော့၊ စိတ်ခံစားချက်တွေအပေါ်မှာလညး် ကောင်းတဲ့အကျိုးသက်ရောက်မှုတွေရှိတယ်ပြီးတော့ ပတ်ဝန်းကျင်လေထုကိုလည်း သန့်ရှင်းစေတယ်လို့ဆိုပါတယ်။ အိမ်တွငး်စိုက်တဲ့အပင်လေးတွေနဲ့ပတ်သက်ပြီးတော့ သိထားသင့်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးလေးတွေကို ပြောပြချင်ပါတယ်။

အပင်တွေကြောင့် ဘာအကျိုးကျေးဇူးတွေရလဲ

1. အပင်လေးတွေက အိမ်တွင်းကလေထုအရည်အသွေးကိုတက်စေပါသတဲ့

အိမ်တွင်းစိုက်တဲ့အပင်အတော်များများက အလုံပတ်ထားတဲ့စမ်းသပ်ခန်းထဲမှာ formaldehyde, benzene နဲ့ လေထုထဲကအခြားအညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်လို့ သုတေသနတွေက တွေ့ရှိထားပါတယ်။။ ဒါပေမယ့် အပင်တွေက တဆင့်ခံဆေးလိပ်ငွေ့တွေ၊ လေဝင်လေထွက်မကောင်းတာနဲ့ ကော်ဇောတွေကနေလာတဲ့ ညစ်ညမ်းမှုတွေကိုတော့ ဘာသက်ရောက်မှုမှမရှိပါဘူး။

2. အပင်လေးတွေက စိတ်ကြည်လင်စေပြီးတော့ အလုပ်ပြီးမြောက်မှုကို အားပေးပါတယ်။

သဘာဝပတ်ဝန်းကျင်တဲ့အဆက်အသွယ်ပြတ်ပြီးတော့ ကွန်ပြူတာရှေ့မှာပဲအလုပ်လုပ်နေရတဲ့အခါမှာ အလုပ်စားပွဲပေါ်မှာ အခန်းထဲမှာ အပင်လေးတွေထားတာက စိတ်ခံစားချက်ကို ကောင်းစေပါတယ်။ အလုပ်လုပ်တဲ့နေရာမှာ အပင်တွေရှိတဲ့အခါမှာ အလုပ်အပေါ်အာရုံစူးစိုက်နို်င်မှု၊ အလုပ်ပြီးမြောက်မှု၊ အလုပ်အပေါ်မှာကျေနပ်မှုတွေကိုလည်း တိုးတက်လာစေပါတယ်။



3. ခွဲစိတ်မှုခံယူထားတဲ့လူတွေမှာ မြန်မြန်ပြန်ကောင်းလာစေနိုင်ပါတယ်။

လေ့လာမှုတွေအရ အပင်လေးတွေနဲ့ ပန်းတွေက ခွဲစိတ်မှုခံယူထားတဲ့လူတွေအတွက် ကောင်းမွန်တဲ့သက်ရောက်မှုတွေရှိတယ်လို့တွေ့ရ့ါတယ်။ ဆေးရုံခန်းထဲမှာ အပင်တွေ၊ ပန်းတွေရှိတဲ့လူနာတွေက တခြားလူနာတွေထက်စိတ်ကျေနပ်မှုပိုရပါတယ်။

ဒါပေမယ့်လည်း အပင်တွေ၊ မြေကြီးတွေကနေပြီးတော့ဘက်တီးရီးယားပိုးတွေ၊ မှိုတွေဖြစ်လာပြီးတော့ ရေဂါပိုးတွေဝင်နိုင်တဲ့အတါက် ကိုယ်အင်္ဂါအစားထိုးထားတဲ့လူနာတွေရဲ့အခန်းမှာဆို၇င် ဒါတွေကိုလက်မခံပါဘူး။ ဒါကြောင့် အရမ်းနေမကောင်းဖြစ်နေတဲ့သူတွေ၊ ကိုယ်ခံအားကျနေတဲ့လူနာတွေဆီကို လူနာသွားတွေ့ရင်တော့ ပန်းတွေ၊ အပင်တွေနဲ့ လက်ဆောင်တွေမယူသွားပါနဲ့နော်။
 
အပင်တွေရဲ့ဖြစ်နိုင်ချေရှိတဲ့မကောင်းတဲ့အချက်တွေတော့

ဓာတ်မတည့်မှုတွေကိုပိုဆိုးစေနိုင်ပါတယ်။

Hay fever လို့ခေါ်တဲ့ဓာတ်မတည့်တဲ့ရောဂါတစ်မျိုးက ပြင်ပက ဝတ်မှုန်တွေနဲ့ဆက်စပ်ပြီးတော့ အိမ်ထဲမှာနေရင်း၊ အလုပ်ထဲမှာ ဓာတ်မတည့်တာဖြစ်ရင် အိမ်တွင်းမှာစိုက်ထားတဲ့အပင်လေးတွေကြောင့်ဖြစ်နိုင်ပါတယ်။ အပင်တွေကို ဖယ်ထုတ်လိုက်ပြီးတော့ ဓာတ်မတည့်တာအပြောင်းအလဲရှိမရှိ စောင့်ကြည့်ပါ။ ဘာမှအထူးဘူးဆိုရင်ဒါက အိမ်တွင်းက ဖုန်တွေ၊ မှိုတွေကြောင့်ဖြစ်နိုင်ပါတယ်။

အိမ်မွေးတိရိစၧာန်လေးတွေအတွက် အန္တရာယ်ရှိပါတယ်။

တစ်ချို့သောအပင်တွေက တိရိစၧာန်လေးတွေအတွက် အဆိပ်ဖြစ်စေနိုင်ပါတယ်။ ဥပမာ- ကြာပန်းပင်ရဲ့ဘယ်အစိတ်အပိုင်းကမဆို ကြောင်လေးတွေအတွက် အဆိပ်ဖြစ်စေနိုင်ပါတယ်။ တိရိစၧာန်တွေအတွက် အဆိပ်ဖြစ်စေနိုင်တဲ့အပင်တွေကတော့ - sago palms, azaleas, tulip တို့ဖြစ်ကြပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေ အပင်ရဲ့တစ်ခုခုကိုစားမိပြီး အဆိပ်သင့်နေတယ်လို့ထင်ရင် တိရိစၧာန်ဆရာဝန်ဆိီမြန်မြန်ခေါ်သွားပါ။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

သင့်ကျန်းမာရေးကို တဖြည်းဖြည်းချင်း ထိခိုက်လာစေမယ့် မစိုက်သင့်တဲ့ အိမ်တွင်း အပင် (၅) မျိုး

အိမ်ဥယျာဉ်ခြံရှိ အပင်တွေက ဘယ်လိုကောင်းကျိုးတွေကို ပေးစွမ်းနိုင်သလဲ

ရှာလကာရည်ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း (၁၀) မျိုး

အိမ်တွင်းအပင်လေးတွေ စိုက်ပျိုးပေးခြင်းကြောင့်ရရှိလာမယ့် အကျိုးကျေးဇူးများ

Credit By: drmyanmar
Posted By : Ra Wai (ShweProperty.com)