အကောင့်ထဲသို့ဝင်မည် အကောင့်သစ်လုပ်ရန်
ကြော်ငြာတင်ရန် အကောင့်

X
အကောင့်သစ်လုပ်ရန် အကောင့်ထဲသို့ဝင်မည်
ဝယ်သူအကောင့် ကြော်ငြာရှင်အကောင့် sell property
ဝယ်ရန် ငှားရန် စီမံကိန်း အသစ်များ
အိမ်ခြံမြေပြပွဲများ အိမ်ခြံမြေလမ်းညွှန် ART OF LIVING
အိမ် ရှာဖွေသူများ
အိမ် ရှာဖွေနေသူများ အိမ်ရှာဖွေသူများ ပို့စ်တင်ရန်
သတင်း အကျိုးဆောင်များ Careers
Bookings
ID ဖြင့်ရှာပါ
ဆက်သွယ်ရန်
ကြော်ငြာတင်ရန် အကောင့်
english
Property Titles
ဝယ်ရန်
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
ရန်ကုန်တိုင်းဒေသကြီး
တိုင်းနှင့်ပြည်နယ်များအားလုံး
ရန်ကုန်တိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး
နေပြည်တော်
ဧရာဝတီတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
ချင်းပြည်နယ်
ကချင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်
မကွေးတိုင်းဒေသကြီး
မွန်ပြည်နယ်
ရခိုင်ပြည်နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ရှမ်းပြည်နယ်
တနင်္သာရီတိုင်းဒေသကြီး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
အလုံ
ဗဟန်း
ဗိုလ်တထောင်
ဒဂုံ
ဒဂုံမြို့သစ်အရှေ့ပိုင်း
ဒဂုံမြို့သစ်အနောက်ပိုင်း
ဒဂုံမြို့သစ်မြောက်ပိုင်း
ဒဂုံမြို့သစ်ဆိပ်ကမ်း
ဒဂုံမြို့သစ်တောင်ပိုင်း
ဒလ
ဒေါပုံ
လှိုင်
လှိုင်သာယာ
လှည်းကူး
မှော်ဘီ
ထန်းတပင်
အင်းစိန်
ကမာရွတ်
ကော့မှုး
ခရမ်း
ကွမ်းခြံကုန်း
ကျောက်တံတား
ကျောက်တန်း
ကြည့်မြင်တိုင်
လမ်းမတော်
လသာ
မရမ်းကုန်း
မင်္ဂလာဒုံ
မင်္ဂလာတောင်ညွှန့်
မြောက်ဥက္ကလာ
ပန်းပဲတန်း
ပုဇွန်တောင်
စမ်းချောင်း
ဆိပ်ကြီးခနောင်တို
ရွှေပြည်သာ
တောင်ဥက္ကလာ
တိုက်ကြီး
တာမွေ
သာကေတ
သံလျင်
သင်္ဃန်းကျွန်း
သုံးခွ
တွံတေး
ရန်ကင်း
ရွှေပေါက်ကံ
ပုလဲမြို့သစ်
အိမ်ခြံမြေ အမျိုးအစား
တိုက်ခန်း
ကွန်ဒို
လုံးချင်းအိမ်
ဆိုင်ခန်း
မြေကွက် / ခြံ
စက်မှုဇုန်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
30000 (သိန်း) နှင့်အထက်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
10 (သိန်း) နှင့်အထက်
ရှာဖွေရန်နှိပ်ပါ
Property Titles
ဝယ်ရန်
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အိမ်ခြံမြေ အမျိုးအစား
တိုက်ခန်း
ကွန်ဒို
လုံးချင်းအိမ်
ဆိုင်ခန်း
မြေကွက် / ခြံ
စက်မှုဇုန်
ရန်ကုန်တိုင်းဒေသကြီး
တိုင်းနှင့်ပြည်နယ်များအားလုံး
ရန်ကုန်တိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး
နေပြည်တော်
ဧရာဝတီတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
ချင်းပြည်နယ်
ကချင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်
မကွေးတိုင်းဒေသကြီး
မွန်ပြည်နယ်
ရခိုင်ပြည်နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ရှမ်းပြည်နယ်
တနင်္သာရီတိုင်းဒေသကြီး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
အလုံ
ဗဟန်း
ဗိုလ်တထောင်
ဒဂုံ
ဒဂုံမြို့သစ်အရှေ့ပိုင်း
ဒဂုံမြို့သစ်အနောက်ပိုင်း
ဒဂုံမြို့သစ်မြောက်ပိုင်း
ဒဂုံမြို့သစ်ဆိပ်ကမ်း
ဒဂုံမြို့သစ်တောင်ပိုင်း
ဒလ
ဒေါပုံ
လှိုင်
လှိုင်သာယာ
လှည်းကူး
မှော်ဘီ
ထန်းတပင်
အင်းစိန်
ကမာရွတ်
ကော့မှုး
ခရမ်း
ကွမ်းခြံကုန်း
ကျောက်တံတား
ကျောက်တန်း
ကြည့်မြင်တိုင်
လမ်းမတော်
လသာ
မရမ်းကုန်း
မင်္ဂလာဒုံ
မင်္ဂလာတောင်ညွှန့်
မြောက်ဥက္ကလာ
ပန်းပဲတန်း
ပုဇွန်တောင်
စမ်းချောင်း
ဆိပ်ကြီးခနောင်တို
ရွှေပြည်သာ
တောင်ဥက္ကလာ
တိုက်ကြီး
တာမွေ
သာကေတ
သံလျင်
သင်္ဃန်းကျွန်း
သုံးခွ
တွံတေး
ရန်ကင်း
ရွှေပေါက်ကံ
ပုလဲမြို့သစ်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
30000 (သိန်း) နှင့်အထက်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
10 (သိန်း) နှင့်အထက်

ယာဉ်ကြောပိတ်ဆို့မှု ခုံးကျော်တံတားတွေနဲ့ပဲ ဖြေရှင်းဦးမှာလား . . .

By Eleven Media Group, Shweproperty.com

Updated at 17 August 2015

ယာဉ်ကြောပိတ်ဆို့မှု ခုံးကျော်တံတားတွေနဲ့ပဲ ဖြေရှင်းဦးမှာလား . . .

ယာဉ်ကြောပိတ်ဆို့မှု ခုံးကျော်တံတားတွေနဲ့ပဲ ဖြေရှင်းဦးမှာလား . . .

By Eleven Media Group, Shweproperty.com

Updated at 17 August 2015

ရန်ကုန်မြို့၌ ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ခုံးကျော်တံတား အသစ်သုံးစင်း ထပ်မံဆောက်လုပ်ရန် လုပ်ငန်းများ စတင်နေပြီ ဖြစ်သည်။ တာမွေအဝိုင်း လမ်းငါးခွဆုံ၊ ကုက္ကိုင်းလမ်းဆုံနှင့် ရှစ်မိုင်လမ်းဆုံတို့တွင် ဆောက်လုပ်မည်ဖြစ်သည်။



ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရန် အစိုးရက အဓိကဖြေရှင်းမှု တစ်ရပ်အဖြစ် နေရာအနှံ့ ခုံးကျော်တံတားများ တည်ဆောက်ခဲ့သည်။ သို့သော် ယခင်က ယာဉ်ကြောအကျပ်ဆုံး နေရာများဖြစ်သည့် လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်တို့တွင် ခုံးကျော်တံတားများ တည်ဆောက်ပြီးသည့် နောက်တွင်လည်း ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုမှာ ပြည်သူလူထု ထင်မှတ်သကဲ့သို့ မဖြစ်ခဲ့ပေ။ ထို့ကြောင့် ခရီးသွား ပြည်သူများမှ အစိုးရအပေါ် ယာဉ်ကြောကျပ်မှု ပြဿနာ များနှင့် ပတ်သက်ပြီး ဆက်လက်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။ တာဝန်ရှိသူများ အနေဖြင့်လည်း အစိုးရသစ်သက်တမ်း ကုန်ခါနီးအချိန်အထိ ရန်ကုန်မြို့ ယာဉ်ကြောကျပ်မှုကို ဖြေရှင်းနိုင်ရန် နေရာအချို့တွင် ခုံးကျော်တံတားများ ဆက်လက်ဆောက်လုပ်ရန် လုပ်ဆောင်ခဲ့ကြသည်။



ယင်းသို့ ခုံးကျော်တံတားများ ဆက်လက်ဆောက်လုပ်ရန်အတွက် တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီကြီးများက ဆောက်လုပ်ခွင့်တင်ဒါများ အောင်မြင်ခဲ့ကြသည်။ တာမွေအဝိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတားကို ရွှေတောင်ကုမ္ပဏီ၊ ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတားအား Capital Development ကုမ္ပဏီနှင့် ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားအား Crown Advance ကုမ္ပဏီတို့က ဆောက်လုပ်ခွင့် ရရှိခဲ့ကြခြင်း ဖြစ်သည်။



ယင်းကုမ္ပဏီများအား တံတားဆောက်လုပ်ရေး လုပ်ငန်းများကို စတင်ခွင့်ပြုလိုက်ပြီဖြစ်ရာ လက်ရှိ တံတားဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဖြစ်ပေါ်နေကြောင်း သိရသည်။



“အခု မြန်မာနိုင်ငံမှာ ခုံးကျော်တံတားတွေ ဆောက်နေတာက ကျွန်တော့်အမြင်ဆိုရင် သိပ်ပြီး အဆင်မပြေလှဘူး။ ခုံးကျော်တံတားတွေ ဆောက်နေပေမယ့်လည်း ကားလမ်းကြောတွေက ကျပ်မြဲတိုင်း ကျပ်နေမှာပဲ။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံခြားမှာ ခုံးကျော်တံတား ဆောက်တဲ့ပုံစံတွေက ဟိုင်းဝေးပုံစံ များပါတယ်။ အပေါ်လမ်းက ဟိုင်းဝေးဆိုရင် အောက်လမ်းက အနှေးသွားတဲ့ လမ်းပုံစံနဲ့ ဆောက်ထားတာပါ။ ဒီလို ခုံးကျော်တံတားတွေ ဆောက်မယ်ဆိုရင်လည်း နိုင်ငံတော်ဘတ်ဂျက်ကို လုံလုံလောက်လောက် သုံးသင့်ပါတယ်။ လုံလောက်စွာ မသုံးနိုင်ဘူးဆိုရင် ပုဂ္ဂလိက ကုမ္ပဏီတွေကိုပေးပြီး ဆောက်လုပ်သင့်ပါတယ်။ နိုင်ငံခြားတွေမှာဆိုရင်လည်း ဒီလိုပုံစံမျိုးတွေနဲ့ပဲ ဆောက်နေကြတာပါ။ မြန်မာနိုင်ငံမှာက ဘယ်လို ခုံးကျော်တံတားတွေဆောက်ဆောက် ကားလမ်းတွေက ကျပ်မြဲတိုင်း ကျပ်နေမှာပါ။ အခုဆောက်နေတဲ့ ပုံစံတွေက သိပ်ပြီး အဆင်မပြေလှပါဘူး” ဟု မြန်မာဟိုတယ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းရွှေက ပြောကြားသည်။



တာမွေအဝိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတားကို “Y” ပုံသဏ္ဌာန် ခုံးကျော်တံတားအဖြစ် ဆောက်လုပ်မည်ဖြစ်ပြီး ဦးချစ်မောင်လမ်းနှင့် ဗညားဒလလမ်းတွင် နှစ်လမ်းမောင်း လေးလမ်းသွားနှင့် ဗညားဒလလမ်းမှ အရှေ့မြင်းပြိုင်ကွင်းလမ်းသို့ တစ်လမ်းမောင်း နှစ်လမ်းသွားအဖြစ် “Y” ပုံသဏ္ဌာန် ဆောက်လုပ်မည်ဖြစ်ကာ ငွေကျပ် ၂၂ ဒသမ ၅ ဘီလျံ သုံးစွဲရန် လျာထားကြောင်း၊ ယင်းတံတား ဆောက်လုပ်ရန် တင်ဒါခေါ်ယူခဲ့ရာ တင်ဒါတင်သွင်း ကုမ္ပဏီခုနစ်ခု တင်ဒါယှဉ်ပြိုင်ခဲ့ကြသည့်အနက် ရွှေတောင်ကုမ္ပဏီက ဆောက်လုပ်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။



တာမွေအဝိုင်း လမ်းငါးခွဆုံသည် သမိန်ဗရမ်းလမ်း၊ ဦးချစ်မောင်လမ်း၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ဗညားဒလလမ်းနှင့် ရွှေဂုံတိုင်လမ်းတို့ ဆုံရာဖြစ်ပြီး လမ်းများ၏ အနေအထားမှာ ကျယ်ဝန်းလှသည့် လမ်းများမဟုတ်ဘဲ လမ်းအကျယ် အသင့်အတင့်သာ ရှိသည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အစိုးရသစ်တက်စ ကာလက ရန်ကုန်မြို့၌ ခုံးကျော်တံတားများ စတင်ဆောက်လုပ်ရန် စီစဉ်ခဲ့သည့် အချိန်တွင် ယင်းခုံးကျော်တံတားလည်း ပါဝင်ခဲ့သည်။



သို့သော် အမှန်တကယ် လေ့လာတိုင်းတာမှုများ ပြုလုပ်သည့် အချိန်တွင် တာမွေအဝိုင်း ငါးခွဆုံ ခုံးကျော်တံတားမှာ ဆောက်လုပ်ရန် မလိုအပ်တော့ကြောင်း၊ ယာဉ်သွားလာမှု အဆင်ပြေစေရန် လမ်းစနစ်ပြုပြင်မှုများမှာ လုပ်ဆောင်ရန် လိုအပ်တော့ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ယင်းအချိန်က ထုတ်ပြန်ခဲ့ပြီးမှ ယခုဘဏ္ဍာနှစ်တွင် တာမွေအဝိုင်း ခုံးကျော်တံတားကို ပြန်လည်ဆောက်လုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။



ဂျပန်အစိုးရက ရန်ကုန်မြို့တွင် အထိမ်းအမှတ် အဆောက်အအုံတစ်ခု တည်ဆောက်ပေးမည်ဟု ကမ်းလှမ်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာမွေငါးခွဆုံတွင် ခရုပတ်ပုံလမ်းကြောင်းများ ပါဝင်သော ခုံးကျော်တံတား ဆောက်လုပ်ပေးရန် တင်ပြခဲ့ရာ ကုန်ကျစရိတ် များပြားခြင်းကြောင့် ဂျပန်၏ အကူအညီ မရခဲ့ဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာငွေဖြင့်သာ ဆောက်လုပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။



ကုက္ကိုင်းခုံးကျော်တံတားကို ကမ္ဘာအေး စေတီလမ်းပေါ်တွင် ဆောက်လုပ်မည်ဖြစ်ပြီး ကျပ် ၁၅ ဒသမ ၄ ဘီလျံ အသုံးပြုရန် လျာထားကြောင်း၊ ယင်းတံတားအတွက် တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီငါးခု တင်ဒါတင်သွင်း ယှဉ်ပြိုင်ခဲ့ပြီး ယင်းတို့အနက် Capital Development ကုမ္ပဏီက ဆောက်လုပ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။



ကုက္ကိုင်းလမ်းဆုံသည် ယာဉ်ကြောများစွာ ကျပ်တည်းသည့်လမ်း မဟုတ်ကြောင်း၊ သို့အတွက် ခုံးကျော်တံတား ဆောက်လုပ်ရန် မလိုတော့ကြောင်း ပညာရှင်အချို့ ထောက်ပြမှုများ ရှိခဲ့ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကလည်း ယင်းခုံးကျော်တံတားမှာ မလိုအပ်ကြောင်း ထောက်ပြခဲ့သော်လည်း အဆိုပါနေရာတွင် ယာဉ်များစွာနေ့စဉ် သွားလာနေ၍ ခုံးကျော်တံတား ဆောက်လုပ်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည်ရှင်းလင်းခဲ့သည်။



ယခုအခါ ကမ္ဘာအေးဘုရားလမ်းသည် ရွှေဂုံတိုင်ခုံးကျော်တံတားမှ ဆင်းလာသော ယာဉ်များ ခုံးတံတား အဆင်းကတည်းက စပိတ်နေပြီး ယင်းမှ တောက်လျှောက် ကုက္ကိုင်းလမ်းဆုံအထိ ပိတ်နေကြောင်း၊ ယခု ကုက္ကိုင်းခုံးကျော်တံတား ဆောက်လုပ်ရေး လုပ်ငန်းခွင် ရှိနေပြီး စက်မှု (၁) မီးပွိုင့် ကျော်လွန်ပါက ကမ္ဘာအေးဘုရားလမ်း မြေအောက်ရှိ ရေပိုက်တပ်ဆင်ခြင်း လုပ်ငန်းများကြောင့်   ချော်တွင်းကုန်းမီးပွိုင့်အထိ   တောက်လျှောက် ယာဉ်ကြောပိတ်ဆို့နေကြောင်း ခရီးသွားပြည်သူများက ညည်းညူနေကြသည်။



ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားသည် ပြည်လမ်းပေါ်တွင် ဆောက်လုပ်မည့် ခုံးကျော်တံတားဖြစ်ပြီး ကျပ် ၁၆ ဒသမ ၄၅ ဘီလျံ အသုံးပြုရန် လျာထားကြောင်း၊ ယင်းခုံးကျော်တံတားအတွက် တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီငါးခု တင်သွင်းယှဉ်ပြိုင်ခဲ့ကြသည့်အနက် Crown Advance ကုမ္ပဏီက ဆောက်လုပ်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။



သို့ရာတွင် ရှစ်မိုင်လမ်းဆုံသည် ခုံးကျော်တံတားဆောက်လုပ်ရန် လိုအပ်နေသည့် ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှု မရှိသေးကြောင်း ထောက်ပြမှုများ ရှိနေကြောင်း၊ အကယ်၍ ရှစ်မိုင်လမ်းဆုံတွင် ခုံးကျော်တံတား ဆောက်နေစဉ် Junction 8 ရှေ့ယာဉ်ကြောပိတ်ဆို့မှုကို မည်သို့ဖြေရှင်းမည် ဖြစ်ကြောင်းကိုလည်း ထောက်ပြမှုများ ရှိနေသည်။



ယင်းခုံးကျော်တံတား သုံးစင်း၏ ဆောက်လုပ်ရေး လုပ်ငန်းများကို တစ်ပြိုင်တည်း စတင်နေပြီး လက်ရှိတွင် မြေသားစမ်းသပ်မှု လုပ်ငန်းများ စတင်ပြုလုပ်နေရာ ထိုသို့သော နေရာများတွင် ခုံးကျော်တံတား သုံးစင်းစလုံး တစ်ပြိုင်တည်း စတင်ခြင်းကြောင့် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာ ခံစားရနိုင်ပြီး တာမွေအဝိုင်း ခုံးကျော်တံတားနှင့် ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်များမှာ ဆက်စပ်နေခြင်းကြောင့် ရှောင်ကွင်းလမ်းများ မရှိမည်ကို စိုးရိမ်ရသည့် အနေအထား ဖြစ်သည်။



ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုသည် တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာသည်။ ယခင် ယာဉ်ကြောချောင်ခဲ့သည့် လမ်းများလည်း ယခု အတော်ဆိုးလာသည်။



ဆိုးရွားလာသော ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုကို ကုစားရန် ခုံးကျော်တံတားများကို ၂၀၁၁ ခုနှစ်ကုန်ပိုင်းမှ စတင်ဆောက်လုပ်ရန် စီစဉ်ခဲ့သည်။



ထိုစဉ်က ယာဉ်ကြောပိတ်ဆို့မှု အများဆုံး လမ်းဆုံကြီးများဖြစ်သည့် လှည်းတန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင်၊ တာမွေငါးခွဆုံ စသည်တို့တွင် ခုံးကျော်တံတားများကို လေးလအတွင်း အပြီးတည်ဆောက်မည်ဟု ထုတ်ပြန်ခဲ့ကြသည်။ ထို့သော်လည်း ချက်ချင်း လုပ်ငန်းများ စတင်နိုင်ခြင်း မရှိသဖြင့် အများပြည်သူအကြား ဝေဖန်မှုများစွာ မြင့်တက်ခဲ့သည်။



ထို့နောက် တံတားတာဝန်ယူဆောက်မည့် ကုမ္ပဏီများကို ရွေးချယ်ခဲ့ရာ လှည်းတန်းခုံးကျော်တံတားကို နာမည်ကြီး ရွှေတောင်ကုမ္ပဏီ၊ ရွှေဂုံတိုင် ခုံးကျော်တံတားကို Capital Development ကုမ္ပဏီ၊ ဘုရင့်နောင် ခုံးကျော်တံတားတို့ကို FMI ကုမ္ပဏီတို့ကို ဆောက်လုပ်ခွင့်ပေးခဲ့ပြီး ယင်းအချိန်က တာမွေအဝိုင်း ငါးခွဆုံ ခုံးကျော်တံတားမှာ ဆောက်လုပ်ရန် မလိုအပ်ဟုဆိုကာ မဆောက်လုပ်ဖြစ်ခဲ့ပေ။



လှည်းတန်းခုံးကျော်တံတားကို ဆောက်လုပ်ခဲ့သည့် ရွှေတောင်ကုမ္ပဏီသည် လက်ရှိ တာမွေအဝိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတားကို ထပ်မံဆောက်ခွင့်ရခဲ့ပြီး ရွှေဂုံတိုင်နှင့် မြေနီကုန်း ခုံးကျော်တံတားနှစ်စင်းကို ဆောက်လုပ်ခဲ့သည့် Capital Development ကုမ္ပဏီက ယခုထပ်မံ၍ ကုက္ကိုင်းခုံးကျော်တံတားကို ထပ်မံဆောက်လုပ်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။



ယခု အသစ်ဆောက်လုပ်မည့် တာမွေအဝိုင်း၊ ကုက္ကိုင်း၊ ရှစ်မိုင်ခုံးကျော်တံတားများကို ယခုဘဏ္ဍာနှစ်အတွင်း အပြီးဆောက်လုပ်မည်ဟု ဆိုထားသော်လည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ကုန်ဆုံးရန်မှာ ခုနစ်လခန့်သာ ကျန်ရှိတော့၍ ပြီးစီးရန် မလွယ်ကူသည့် အနေအထား ဖြစ်သည်။ ယခင်အတွေ့အကြုံများအရ လှည်းတန်းခုံးကျော်တံတား ဆောက်လုပ်ချိန် တစ်နှစ်ကျော်၊ ဘုရင့်နောင်ခုံးကျော်တံတား တည်ဆောက်ချိန် တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီး အလားတူ ရွှေဂုံတိုင်ခုံးကျော်တံတားလည်း အချိန်တစ်နှစ်ခန့် ကြာမြင့်ခဲ့သည်။



သို့သော် မြေနီကုန်း ခုံးကျော်တံတားကိုမူ အချိန်ခြောက်လနှင့် အသုံးပြုနိုင်အောင် ဆောက်လုပ်နိုင်ခဲ့ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ယခင်တံတားများလောက် ဆိုးရွာစွာ မခံစားခဲ့ရသော်လည်း ယာဉ်ကြောပိတ်ဆို့မှုမှာ ယခင်အတိုင်း များစွာကုစားနိုင်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။



“ခုံးကျော်တံတားတွေ ဘယ်လောက်ဆောက်ဆောက် ကားကျပ်မှာက ကျပ်မှာပဲ။ အမှန်အတိုင်း ပြောရရင် ဒီခုံးကျော်တံတား စီမံကိန်းက အကျိုးမရှိပါဘူး။ ငွေကုန်တာပဲ ရှိတယ်။ ကျွန်တော်တို့ပြည်သူတွေ အနေနဲ့ကလည်း ဒီစီမံကိန်းတွေကို သိပ်တော့ သဘောမကျဘူး။ နောက်ပြီး ဒီစီမံကိန်းလုပ်ရင်လည်း စိတ်ညစ်ရတယ်။ ကားလမ်းတွေ ကျပ်နေရတဲ့အထဲ ခုံးကျော်တံတားတွေဆောက်ရင် ကားမောင်းရတာ ပိုအာရုံနောက်တယ်” ဟု ရန်ကုန်မြို့ခံ တက္ကစီယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးဇော်က ပြောကြားသည်။



ခုံးကျော်တံတား တည်ဆောက်စဉ် အချိန်တစ်နှစ်ခန့် နေ့စဉ်သည်းခံ သွားလာခဲ့ရသည့် ပြည်သူများ ၎င်းတို့ပြီးပါက ယာဉ်ကြောပိတ်ဆို့မှုများ အထိုက်အလျောက် ပြေလည်လာနိုင်မည်ဟု ခရီးသွားပြည်သူများ မျှော်လင့်ခဲ့ကြသော်လည်း တံတားများ ပြီးစီးသည့် အချိန်တွင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာမှာ ဒုံရင်းမှ ဒုံရင်းပင် ဖြစ်လာခဲ့၍ ခရီးသွားပြည်သူများစွာ စိတ်ပျက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။



သို့ဖြစ်ရာ ခုံးကျော်တံတားများ လေးစင်းဖြင့် ရန်ကုန်ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်း ကုစားနည်းမှာ အောင်မြင်မှု မရရှိခဲ့ပေ။ သို့သော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ယခုဘဏ္ဍာနှစ်တွင် အထူးစီမံကိန်း လုပ်ငန်းအနေဖြင့် တာမွေငါးခွဆုံ၊ ကုက္ကိုင်းနှင့် ရှစ်မိုင်လမ်းဆုံတို့တွင် ခုံးကျော်တံတားသုံးစင်း ထပ်မံတည်ဆောင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။



“ဒီခုံးကျော်တံတားတွေ ဆောက်နေတာက ကောင်းတဲ့ဖြေရှင်းမှုတွေလို့ မြင်မိတယ်။ ဒါပေမဲ့ ဒီလို ခုံးကျော်တံတားတွေ ဆောက်နေပေမယ့် ကားလမ်းတွေကျပ်နေမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာက ကားတွေ အရမ်းဝင်တာလည်း ပါတယ်။ ပြီးတော့ အရင်ကဆိုရင် ကျွန်တော်တို့ တိုက်အောက်မှာဆိုရင် ကားရပ်လို့ရတယ်။ အခုဆိုရင် ကားရပ်လို့ မရတော့ဘူး။ ဒါတွေကို ဘယ်လိုလုပ်သင့်တယ်ဆိုတာ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သင့်ပါတယ်” ဟု မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ ဦးအောင်မြင့်က ဆိုသည်။



ထို့သို့ ယခင်ခုံးကျော်တံတားများက ယင်းယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်မှု မရှိခြင်းကြောင့် ထပ်မံတည်ဆောက်မည့် ခုံးကျော်တံတားများက အလုပ်ဖြစ်နိုင် မဖြစ်နိုင် မေးခွန်းထုတ်နေကြသည်။



ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် မြေနီကုန်းတို့တွင် ခုံးကျော်တံတားများကို ကျပ်ဘီလျံ ၇၀ နီးအသုံးပြုကာ တည်ဆောက်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုပြဿနာ  ပြေလည်သွားခြင်းမရှိဘဲ လှည်တန်းနှင့် မြေနီကုန်းမှာ ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရကြောင်း ဇူလိုင်လအတွင်းက တရားဝင်ထုတ်ပြန်ခဲ့သည်။



ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့၏ စစ်တမ်းကောက်ယူချက်များအရ ယာဉ်ကြောပိတ်ဆို့မှု အဆိုးရွားဆုံးနေရာ ၇၉ နေရာထဲမှ အချို့ကိုရွေးထုတ်ပြီး ခရီးသွားပြည်သူများ ဆိုးဆိုးရွားရွား ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ပုံမှန်ခံစားနေရသည့် နေရာများကို သဘောထားစစ်တမ်း ကောက်ယူခဲ့ရာ ပြည်လမ်း (မြေနီကုန်းနှင့် ဟံသာဝတီအဝိုင်း) နှင့် လှည်းတန်းလမ်းဆုံတို့တွင် ယာဉ်ကြောပိတ်ဆို့မှုကို အများဆုံး ခံစားနေရကြောင်း ဖြေဆိုသူ ၁၂ ရာခိုင်နှုန်းစီ ရှိခဲ့ကြောင်း၊ ထို့ကြောင့် ခုံးကျော်တံတားများ တည်ဆောက်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုကို အမှန်တကယ် ဖြေရှင်းနိုင်ခြင်း မရှိခဲ့ကြောင်း ယာဉ်ကြောပိတ်ဆို့မှု လေ့လာချက်တွင် ဖော်ပြထားသည်။



ယခင် တည်ဆောက်ခဲ့ပြီးသော ခုံးကျော်တံတားလေးစင်းအနက် လှည်းတန်းခုံးကျော်တံတားအတွက် ငွေကျပ် ၁၄ ဒသမ ၄၈၇ ဘီလျံခန့်၊ ရွှေဂုံတိုင် ခုံးကျော်တံတားအတွက် ငွေကျပ် ၁၃ ဒသမ ၃၈၀ ဘီလျံခန့်၊ ဘုရင့်နောင်ခုံးကျော်တံတားအတွက် ၂၁ ဒသမ ၇၄၇ ဘီလျံခန့်နှင့် မြေနီကုန်း ခုံးကျော်တံတားအတွက် ငွေကျပ် ၁၆ ဘီလျံနီးပါးတို့ကို သုံးစွဲခဲ့သည်။



သို့ဖြစ်ရာ ယခင်တည်ဆောက်ခဲ့သည့် ခုံးကျော်တံတားလေးစင်းအတွက် ငွေကျပ် ၇၀ ဘီလျံနီးပါးနှင့် အသစ်ထပ်ဆောက်မည့် တာမွေအဝိုင်း၊ ကုက္ကိုင်းနှင့် ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတား သုံးစင်းအတွက် ကုန်ကျစရိတ် ငွေကျပ် ၅၄ ဒသမ ၃၅ ဘီလျံပေါင်း လိုက်ပါက စုစုပေါင်းငွေကျပ် ၁၂၀ ဘီလျံကျော် ရှိမည်ဖြစ်ကြောင်း သိရသည်။



ထို့ကြောင့် ထပ်မံဆောက်လုပ်မည့် ခုံးကျော်တံတား သုံးစင်း၏ ကုန်ကျစရိတ်အား အခြားလိုအပ်သည့် နေရာများတွင် သုံးစွဲမည်ဆိုပါက များစွာအကျိုးရှိနိုင်မည်ဖြစ်ပြီး ဆင်းရဲသားပြည်သူများ၏ နေထိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများအတွက် အသုံးပြုနိုင်သည်ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားထားသည်။



“ခုံးကျော်တံတားတွေဆောက်တာ ယာဉ်ကြောပိတ်ဆို့မှုကို မပြေလည်ဘူးဆိုတာ ကျွန်မတို့ လွှတ်တော်ထဲမှာ ခဏခဏ ပြောခဲ့ကြတယ်။ အထူးသဖြင့် ဒီငွေတွေက အလုပ်အကိုင် အခွင့်အလမ်း ကဏ္ဍတွေမှာ သုံးနိုင်တယ်။ လူတွေက သူတို့ဝင်ငွေရဲ့ တစ်ဝက်ကျော်လောက်ကို နေရေးအတွက် သုံးနေကြတယ်။ အဲဒီတော့ တကယ်လို့သာ နေရေးကို အစိုးရက ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်မယ်ဆိုရင် သူတို့ကုန်မယ့်ပိုက်ဆံ ထက်ဝက်ကျော်ကို သူတို့ဘဝအတွက် ပြန်ပြီး ရင်းနှီးမြှပ်နံှနိုင်တာပေါ့။ အဲဒါဆိုရင် ကလေးတွေရဲ့ ပညာရေးလည်း တက်လာမယ်။ ကလေးတွေလည်း ကျောင်းကို အပြည့်အ၀ ရောက်ကြမယ်။ အစိုးရကသာ ပြောနေတယ်။ ကျောင်းအပ်နှံမှု ၁၀၀ ရာခိုင်နှုန်းရှိတယ် ပြောတာ။ ဒါပေမဲ့ တကယ် မရှိဘူး။ မိဘတွေရဲ့ ကလေးရဲ့ ဝင်ငွေအပေါ်မှာ တည်မှီနေရတယ်။ ကျောင်းမရောက်တဲ့ ကလေးတွေကိုသာ ကျောင်းကို ပို့နိုင်မယ်ဆိုရင် အနာဂတ်နိုင်ငံတော်အတွက် တော်တော် အကျိုးပြုနိုင်မှာပါ” ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။



ထို့ပြင် လက်ရှိတည်ဆောက်ခဲ့ပြီးသည့် ခုံးကျော်တံတားများမှာ ကားကျပ်သည်ဟုဆိုသည့် နေရာတစ်ကုပ်စာကိုသာ ကျော်လွှားနိုင်အောင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ဟိုနေရာတွင်တစ်စင်း၊ ဒီနေရာတွင်တစ်စင်း တည်ဆောက်ခြင်းဖြင့် ကုန်ကျစရိတ် ပိုမိုများပြားနေကြောင်း၊ အမှန်တကယ် ထိုးသင့်သည်မှာ ပြည်ထောင်စုအစိုးရ၏ ဘဏ္ဍာငွေ အကူအညီယူ၍ မိုးပျံလမ်းများကဲ့သို့ တံတားအရှည်ကြီးများထိုး၍ ဖြေရှင်းသင့်သည်ဟု ရန်ကုန်မြို့ပြ ပညာရှင်တစ်ဦးလည်း သုံးသပ်သည်။



“ဒီနေရာမှာ တံတားထိုးလိုက်တော့ ဒီနေရာမှာ ကားတွေမကျပ်ဘဲ ဟိုနေရာမှာ ကားတွေသွားကျပ်တော့တာပေါ့။ ဒါကြောင့် ဒီတစ်ကုပ်စာ ထိုးရုံနဲ့တော့ မရနိုင်ဘူး။ ထိုးမယ်ဆိုရင်လည်း မိုးပျံလမ်းအရှည်ကြီးတွေ၊ ယာဉ်ကြောကျပ်တဲ့ ပွိုင့်တွေကို ကျော်တဲ့အထိ ထိုးမှ အဆင်ပြေနိုင်မယ်။ အခုတော့ ဘာမှမထူးပါဘူး။ နေရာတိုင်းမှာ ကားတွေပိတ်လို့ ဝင်ငွေလည်း လျော့လာပါတယ်” ဟု ရန်ကုန်မြို့တွင်း အငှားယာဉ်မောင်းနှင်သူ တစ်ဦးက ဆိုသည်။



ထို့ကြောင့် ယာဉ်စီးရေ လေးသိန်းကျော်လာသော ရန်ကုန်မြို့တော်၏ ယာဉ်ကြောပိတ်ဆို့မှုကို အမှန်တကယ် ဖြေရှင်းမည် ဆိုပါက ခုံးကျော်တံတားသည် အဖြေမဟုတ်ဘဲ တစ်ဖက်တွင်လည်း အခြားနည်းလမ်းများ ထားရှိသင့်ကြောင်း ပညာရှင်တစ်ဦးက သုံးသပ်ထားသည်။



အချုပ်ဆိုရသော် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရကို စိန်ခေါ်နေသည့် ပြဿ နာဖြစ်နေပြီး အစိုးရအနေဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန် ဖြေရှင်းသည့်နည်းလမ်း စုံလာပြီဖြစ်သော်လည်း အောင်မြင်မှု နည်းပါးသည်ကို တွေ့မြင်ရသည်။ ယခု ခုံးကျော်တံတားဆောက်လုပ်ရေး လုပ်ငန်းများ တင်ဒါအောင်မြင်ခဲ့ပြီဖြစ်ပြီး တံတားတည်ဆောက်ရေး လုပ်ငန်းများပင် စတင်နေပြီ ဖြစ်သောကြောင့် ယင်းစီမံကိန်း လုပ်ငန်းခွင်များကြောင့် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုမဆိုးရွားစေရန်၊ အများပြည်သူ သွားလာရေး အခက်အခဲ မရှိစေရန်သာ ကြိုးပမ်းဖြေရှင်းပေးရတော့မည်ဖြစ်သည်။

 

Ref : Eleven Media Group

Posted By : Wai Phyoe Aung

Follow Us On    
အိမ်ခြံမြေ လမ်းညွှန်
အိမ်ခြံမြေ ဗဟုသုတ အိမ်ခြံမြေ ရောင်းချနည်း အိမ်ခြံမြေ ဝယ်ယူနည်း အိမ်ခြံမြေ ငှားရမ်းနည်း အကျိုးဆောင် လမ်းညွန်

အိမ်ခြံမြေပြပွဲများ


အိမ်ခြံမြေပြပွဲများ အားလုံးကြည့်ရန်


နောက်ဆုံးရ သတင်းများ

သိထားသင့်သော ကာဗွန်မိုနောက်ဆိုဒ် (CO) အန္တရာယ်
ကာဗွန်မိုနောက်ဆိုဒ် (Carbon Monoxide - CO) သည် အရောင်၊ အရသာ၊ အနံ့ မရှိသော ဓာတ်ငွေ့တစ်မျိုးဖြစ်ပြီး ရှူရှိုက်မိပါက အလွန်အန္တရာယ်များပြီး…
ဉာဏ်ထက်စေမယ့် အစားအစာ (၁၀)မျိုး
1. nbsp; nbsp; ပန်းဂေါ်ဖီစိမ်း (Broccoli)br / br / ပန်းဂေါ်ဖီစိမ်းမှာ ဦးနှောက်ဆဲလ်အသစ်တွေ ဖွံ့ဖြိုးစေနိုင်တဲ့ ကိုလင်းပါ၀င်ပြီး အာရုံခံနာဗ်ကြောစနစ်လုပ်…
အမွှေးတိုင်အငွေ့က လူ့ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေပါသလား
Incense sticks လို့ခေါ်သော အမွှေးတိုင်က ထွက်လာတဲ့ incense smoke လို့ခေါ်သော အမွှေးတိုင်အငွေ့ သည် လူ့ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေပါသလားဆိုတဲ့…
Inverter စက်တွေ မပျက်စီး မလောင်အောင်၊ လျှပ်စစ်အန္တရာယ်ကင်းဝေးအောင် ဘာတွေ သတိထားရမလဲ
မီးလာမီးပျက်များတဲ့ ခုလို ကာလတွေမှာ တန်ဖိုးကြီးလျှပ်စစ်ပစ္စည်းတွေ၊ နာမည်ကြီး နိုင်ငံခြား Inverter brand တံဆိပ်အမျိုးမျိုးတွေ…
မြေရှင်လက်မှတ်မထိုးပဲ တိုက်ခန်းဝယ်ယူရင် ဘာတွေဆိုးကျိုး ရှိနိုင်သလဲ
ဆရာ တိုက်ခန်းဝယ်ယူတဲ့နေရာမှာ မြေရှင် လက်မှတ်ထိုးဖို့လိုတယ်ဆိုတဲ့ ဥပဒေ မရှိဘူးလို့သိရပါတယ်။nbsp;br / br / တကယ်လို့မြေရှင်လက်မှတ်မထိုးပဲ…
ဆန်ကို ကြည်နေအောင် ဆေးတာက ကျန်းမာစေရဲ့လား
ကဲ hellip;. အရင်ဆုံး ဒီကနေ မေးချင်တာ ထမင်းချက်ခါနီးတိုင်း ဆန်ဆေးရည်ကို ကြည်နေအောင်ဆိုပြီး ဆန်ကို ရေနဲ့ အထပ်ထပ်များ ဆေးမိနေသေးလား…
မီတာခသက်သာအောင် လျှပ်စစ်ဓာတ်အားကို ချွေတာနိုင်သည့် နည်းလမ်းများ
မီတာခ သက်သာစေဖို့ ကိုယ်တတ်နိုင်တဲ့ နည်းလမ်းနဲ့ ဘယ်လို ဖြေရှင်းလို့ရလဲဆိုတာ ဒီဆောင်းပါးကနေဖော်ပြပေးလိုက်ပါတယ်။br /…
ရေခဲသေတ္တာအပေါ်မှာ ဒါတွေ လုံးဝမတင်ပါနဲ့
သင့်အိမ်က ရေခဲသေတ္တာအပေါ်က နေရာလွတ်ကို ပစ္စည်းတချို့တင်ထားဖို့ စိတ်ကူးနေရင် အခုပဲရပ်လိုက်ပါ။ ရေခဲသေတ္တာအပေါ်နေရာကို…
ငလျင်အပြီး အစားအစာ စိတ်ချရအောင် ဘယ်လိုလုပ်မလဲ
ငလျင်အပြီး အစားအစာနှင့်ရေ ညစ်ညမ်းမှုကြောင့် ရောဂါဖြစ်နိုင်ခြေမြင့်ပါသည်။ မသန့်ရှင်းသောအစားအစာနှင့်ရေသည် ဝမ်းပျက်ဝမ်းလျှော၊…
အိမ်ရာတိုက်ခန်းတွေ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုကျပျက်စီးခဲ့ရင် အခန်းရှင်အတွက်…
ကိုယ်က အထပ်မြင့်တိုက်ခန်းလေးတစ်ခန်း ဝယ်ထားတယ်။nbsp;br / ရေကြီးလို့၊ မီးလောင်လို့၊ ငလျှင်လှုပ်လို့၊ မြေပြိုလို့ စတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့်…
သောက်သုံးရုံတင်မဟုတ်ဘဲ အိမ်မှာအသုံးဝင်မယ့် ဘီယာရဲ့ ကောင်းကျိုး
ဘီယာကို သောက်သုံးရုံတင်မဟုတ်ဘဲ အိမ်မှာ အသုံးဝင်တဲ့နည်းလမ်းတွေ ရှိတယ်ဆိုတာကို သင်သိပါသလား။br / br / အများစုအတွက် အပန်းဖြေဖို့…
ဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံခဲ့ရင်
ရာသီဥတုတွေက ဖောက်ပြန်မှုတွေ များနေတာကြောင့် လူသားတွေမှာ ခံစားရနိုင်တဲ့ ဘေးအန္တရာယ်တွေကလည်း ဒုနဲ့ဒေးပါ။ ဘေးအန္တရာယ်…

    အိမ်ခြံမြေ လမ်းညွှန်

  • အိမ်ခြံမြေ ဗဟုသုတ
  • အိမ်ခြံမြေ ရောင်းချနည်း
  • အိမ်ခြံမြေ ဝယ်ယူနည်း
  • အိမ်ခြံမြေ ငှားရမ်းနည်း
  • အကျိုးဆောင် လမ်းညွန်

အကျိုးဆောင်များအတွက်

သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့

အသင်းဝင်လုပ်ရန်
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ ရယူရန်

နောက်ဆုံးရ သတင်းများ

  • သိထားသင့်သော ကာဗွန်မိုနောက်ဆိုဒ် (CO) အန္တရာယ်
  • ဉာဏ်ထက်စေမယ့် အစားအစာ (၁၀)မျိုး
  • အမွှေးတိုင်အငွေ့က လူ့ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေပါသလား
  • Inverter စက်တွေ မပျက်စီး မလောင်အောင်၊ လျှပ်စစ်အန္တရာယ်ကင်းဝေးအောင် ဘာတွေ သတိထားရမလဲ
  • မြေရှင်လက်မှတ်မထိုးပဲ တိုက်ခန်းဝယ်ယူရင် ဘာတွေဆိုးကျိုး ရှိနိုင်သလဲ
  • ဆန်ကို ကြည်နေအောင် ဆေးတာက ကျန်းမာစေရဲ့လား
  • မီတာခသက်သာအောင် လျှပ်စစ်ဓာတ်အားကို ချွေတာနိုင်သည့် နည်းလမ်းများ
  • ရေခဲသေတ္တာအပေါ်မှာ ဒါတွေ လုံးဝမတင်ပါနဲ့
  • ငလျင်အပြီး အစားအစာ စိတ်ချရအောင် ဘယ်လိုလုပ်မလဲ
  • အိမ်ရာတိုက်ခန်းတွေ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုကျပျက်စီးခဲ့ရင် အခန်းရှင်အတွက် ပိုင်ဆိုင်မှု သုည ဖြစ်သွားနိုင်လား
Loading…

ဝယ်ရန်

  • ရန်ကုန်တိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ဧရာဝတီရှိ ရောင်းရန် အိမ်ခြံမြေများ
  • ပဲခူးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • ချင်းပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကချင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကယားပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကရင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • မကွေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မွန်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ရခိုင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • စစ်ကိုင်းတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • ရှမ်းပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • တနင်္သာရီတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
View More

ဝယ်ရန်

  • ရန်ကုန်တိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ရောင်းရန် အိမ်ခြံမြေများ
View More

ငှားရန်

  • ရန်ကုန်တိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ငှားရန် အိမ်ခြံမြေများ
  • ဧရာဝတီတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ပဲခူးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ချင်းပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကချင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကယားပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကရင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • မကွေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မွန်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ရခိုင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • စစ်ကိုင်းတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ရှမ်းပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • တနင်္သာရီတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
View More

ငှားရန်

  • ရန်ကုန်တိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ငှားရန် အိမ်ခြံမြေများ
View More

စီမံကိန်း အသစ်များ

  • ရန်ကုန်တိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • မန္တလေးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • နေပြည်တော်ရှိ ရောင်းရန် စီမံကိန်းများ
  • ဧရာဝတီတွင်ရှိ ရောင်းရန် စီမဲံကိန်းများ
  • ပဲခူးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • ချင်းပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ကချင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ကယားပြည်နယ်တွင် ရောင်းရန် စီမံကိန်းများ
  • ကရင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • မကွေးတွင် ရောင်းရန် စီမံကိန်းများ
  • မွန်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ရခိုင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • စစ်ကိုင်းတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • ရှမ်းပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • တနင်္သာရီတိုင်းရှိ ရောင်းရန် စီမံကိန်းများ
View More

စီမံကိန်း အသစ်များ

  • ရန်ကုန်တိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • မန္တလေးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • နေပြည်တော်ရှိ ရောင်းရန် စီမံကိန်းများ
View More

အခြားအိမ်ခြံမြေများ

  • ရန်ကုန်ရှိ ရောင်းရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ရောင်းရန် ဆိုင်ခန်းများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
View More

အခြားအိမ်ခြံမြေများ

  • ရန်ကုန်ရှိ ရောင်းရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ရောင်းရန် ဆိုင်ခန်းများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
View More

Try our Mobile Apps

Android

Copyright © 2011-2025, ShweProperty.com. All rights reserved.

Privacy Policy|Terms & conditions

Follow Us

Loading…