1.     ပန်းဂေါ်ဖီစိမ်း (Broccoli)

ပန်းဂေါ်ဖီစိမ်းမှာ ဦးနှောက်ဆဲလ်အသစ်တွေ ဖွံ့ဖြိုးစေနိုင်တဲ့ ကိုလင်းပါ၀င်ပြီး အာရုံခံနာဗ်ကြောစနစ်လုပ် ဆောင်ချက်ကောင်းစေတဲ့ ဗီတာမင်Kလည်း ကြွယ်၀စွာပါ၀င်ပါတယ်။ မွေးဖွားလာတဲ့ကလေးမှာ ဦးနှောက်နဲ့ အာရုံကြောမကြီးချွတ်ယွင်းမှုမဖြစ်စေဖို့ ကိုယ်၀န်ဆောင်မိခင်တွေအနေနဲ့ မဖြစ်မနေ စားသုံးပေးဖို့ လိုအပ်ပါတယ်။ တစ်ပတ်မှာ ပန်းဂေါ်ဖီစိမ်း ၃ ကြိမ်ပါ၀င်အောင် စားသောက်ခြင်းက ဉာဏ်ရည်ထက်မြက်စေဖို့ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။

2.     သစ်ကြားသီး

သစ်ကြားသီးမှာ အာရုံကြောဆိုင်ရာလုပ်ဆောင်ချက်တွေကို ကောင်းမွန်စေတဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ပါ၀င်မှုဟာ အခြားအခွံမာသီးတွေထက် ပိုမိုမြင့်မားပါတယ်။ ဦးနှောက်သွေးကြောတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ထောက်ပံ့ပေးနိုင်ပြီး ရောင်ရမ်းခြင်းဖြစ်စဉ်တွေကို ကာကွယ်ပေးနိုင်ပါတယ်။ သစ်ကြားသီးလက်တစ်ဆုပ်စာခန့် နေ့စဉ်စားသုံးပေးရုံနဲ့ ဦးနှောက်စွမ်းရည်ကို ပိုကောင်းလာစေမှာဖြစ်ပါတယ်။

3. နနွင်း

နနွင်းမှာ Curcumin ဓာတ်ပါရှိတာကြောင့် အယ်ဇိုင်းမားစ်ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး ရောင်ရမ်းမှု ဖြစ်စဉ်တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဟင်းချက်ရာမှာ ထည့်ချက်ခြင်းဖြစ်စေ ဒါမှမဟုတ် နွားနို့ပူပူလေးတစ် ခွက်မှာ နနွင်းထည့်ပြီးသောက်ခြင်းဖြစ်စေ နေ့စဉ် အစားအစာထဲမှာပါ၀င်နေပါက ဦးနှောက်စွမ်းရည်ကို ပိုမို တိုးတက်ကောင်းမွန်စေမှာဖြစ်ပါတယ်။

4.   ဆယ်လ်မွန်ငါး (မွေးမြူရေး ဆယ်လ်မွန်ငါးမဟုတ်)

ဆယ်လမွန်ငါးမှာ ဦးနှောက်စွမ်းရည်ကို တိုးတက်ကောင်းမွန်စေတဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ကြွယ်၀စွာပါ၀င် ပါတယ်။ ဒါ့အပြင် ဦးနှောက်အတွင်း သွေးစီးဆင်းမှုကောင်းစေပြီး အယ်ဇိုင်းမားစ်ရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ လတ်လတ်ဆတ်ဆတ် ဆာမွန်ငါးကို ရွေးချယ်စားသုံးဖို့တော့ လိုအပ်ပါတယ်။



5. ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာပါ၀င်တဲ့ အင်တီအောက်ဆီးဒင့်နဲ့ လိုင်ကိုပင်းဓာတ်က ဦးနှောက်တွင်းဆဲလ်တွေကို ပျက်စီးစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးကို မိမိနှစ်သက်သလို ပြင်ဆင်စားသုံးနိုင်ပြီး နေ့စဉ်စားသုံးပေးပါက ဉာဏ်ရည်ကိုထက်မြက်စေတဲ့အပြင် လေဖြတ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

6. ရေနွေးကြမ်း

ရေနွေးကြမ်းကို သောက်ပေးခြင်းဖြင့် အာရုံစူးစိုက်မှုအားကောင်းစေပြီး ပါကင်ဆန်ရောဂါ ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ နေ့စဉ်နှစ်ခွက်သောက်ပေးပါက ဦးနှောက်စွမ်းရည်မြင့်မားစေနိုင်ပါတယ်။

7. ချောကလက်

ချောကလက်မှာပါ၀င်တဲ့ flavonoid က ဦးနှောက်တွင်းသွေးလည်ပတ်မှုကောင်းစေပြီး ကဖင်းဓာတ်က စိတ်ကိုနိုးကြားတက်ကြွစေနိုင်ပါတယ်။

8. ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးကို စားသုံးပေးခြင်းဖြင့် မှတ်ဉာဏ်ချို့ယွင်းခြင်းမှ ကာကွယ်ပေးနိုင်ပြီး ဦးနှောက်တွင်း ဆဲလ်နဲ့ တစ်သျှူးတွေကို အန္တရာယ်ဖြစ်စေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ လက်ဖက်ရည်ပန်းကန်လုံးတစ်၀က်ခန့် နေ့စဉ်စားပေးပါက အယ်ဇိုင်းမားစ်ရောဂါနဲ့ ပါကင်ဆန်ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး သင်ယူမှုစွမ်းရည်ကိုလည်း တိုးတက်လာစေနိုင်မှာဖြစ်ပါတယ်။

9. ၀က်သစ်ချသီး

၀က်သစ်ချသီးမှာပါ၀င်တဲ့ Folic acid နဲ့ ဗီတာမင် B12 က ဦးနှောက်ကျုံ့ခြင်းမှကာကွယ်ပေးပြီး နာဗ်ကြော ဆိုင်ရာလုပ်ဆောင်ချက်တွေပျက်စီးခြင်းမှလည်း တားဆီးပေးပါတယ်။ Folic acid ပါတာကြောင့် ကလေးမှာ မွေးရာပါချို့ယွင်းချက်ပါရှိခြင်းမှ ကင်းေ၀းစေပါတယ်။ ၀က်သစ်ချသီးကို လှော်ပြီးစားသုံးပါက ဦးနှောက်စွမ်းရည်ကို ကောင်းမွန်စေတဲ့အပြင် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။

10. ဒေါက်ခွရွက်

ဒေါက်ခွရွက်မှာ ပိုတက်ဆီယမ်ပါ၀င်တာကြောင့် စဉ်းစားတွေးခေါ်နိုင်စွမ်းကို မြင့်မားစေပြီး အင်တီ အောက်ဆီးဒင့်ရဲ့အစွမ်းထက်မှုကလည်း ဦးနှောက်တွင်း ဆဲလ်တွေပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်ချို့ယွင်းခြင်းကို တားဆီးပေးနိုင်တဲ့ မဂ္ဂနီဆီယမ်၊ ဖောလိတ်၊ ဗီတာမင် E နဲ့ ဗီတာမင် K အစရှိတဲ့ အာဟာရဓာတ်တွေလည်း ပါ၀င်နေပါတယ်။
 
သင်နေ့စဉ်အစားအစာတွေထဲမှာ ဉာဏ်ရည်ပွင့်လန်းစေတဲ့ အစားအစာတွေကို ရွေးချယ်စားသောက်ပေး သင့်တဲ့အပြင် ရေလုံလောက်စွာသောက်ဖို့ကို လည်း မေ့မထားသင့်ပါဘူး။ ဦးနှောက်ရဲ့ ၈၅ ရာခိုင်နှုန်းခန့်ဟာ ရေဓာတ်နဲ့ဖွဲ့စည်းထား တာကြောင့် ရေဓာတ်ခမ်းခြောက်ပါက ဦးနှောက်ကျုံ့နိုင်ခြေကို ဖြစ်စေပြီး အာရုံစူးစိုက်မှုကို လည်း လျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် ရေများများသောက်ပေးပါလို့လည်း အကြံပြုလိုက်ပါရစေ။

Credit : မောင်လှိုင်သွင် (www.drmyanmar.com)