မြေကွက်ပိုင်ရှင်တချို့ကကိုယ်ပိုင်ဆိုင်တဲ့ ပါမစ်မြေကို ရောင်းချပြီးနောက်ထပ်ဂရန်အသစ် ပြန်လျှောက်ကာနောက်ထပ်ဝယ်သူတွေကို ထပ်မံရောင်းချ တာမျိုးတွေရှိနေတယ်လို့ သိရပါတယ်။
 
 “ပိုင်ရှင်တွေက လောဘတက်တာ၊ များသောအားဖြင့်ပိုင်ရှင်ကိုယ်တိုင်ပဲလုပ်တာ၊ ပါမစ်ဝယ်ထားတဲ့လူကဒုက္ခရောက်တာပေါ့၊
 
ပါမစ်က အရမ်းခိုင်မာမှုရှိတယ်၊ စာရွက်စာတမ်း ပြည့်ပြည့်စုံစုံနဲ့အကုန် မှတ်ထားတာ၊ဂရန်က နာမည်တောင်မပါ ဘဲ ထွက်ထားတာ”လို့မြင့်မိုရ်အိမ်ခြံမြေ အကျိုးဆောင်မှ ဒေါ်သိင်္ဂီမာက ပြောပါတယ်။
 
စာရွက်စာတမ်းသဘောအရ နိုင်ငံတော်အစိုးရကချလန်ပေးထားပြီးတော့မှ မြေချ ပါမစ်ထုတ်ပေးတာ ဖြစ်ပါတယ်။
 


မြေချပါမစ်က သုံးစုံ ရှိပါတယ်။
တစ်စုံကို ပိုင်ရှင်ကိုပေးပြီး ကျန်တဲ့ နှစ်စုံကိုတော့သက်ဆိုင်ရာဌာနက သိမ်းထားပါတယ်။
ပိုင်ရှင်ကိုပေးထားတဲ့ တစ်စုံမှာပိုင်ရှင်ရဲ့ ဓာတ်ပုံ တစ်ပုံ၊ဝန်ခံကတိပြုတဲ့စာရွက် သုံးရွက် ပါရှိရမှာ ဖြစ်ပါတယ်။
အဲဒါဆိုရင် ပါမစ်မြေကို အရောင်းအဝယ်ပြုလုပ်လို့ရပါတယ်။

 ဂရန်လျှောက် တော့မယ်ဆိုရင်တော့ပိုင်ရှင်ဆီမှာရှိတဲ့ ပါမစ်စာရွက်စာတမ်း အပြည့်အစုံကိုဌာနကို ပြန်အပ်ပြီးမှ ဂရန်လျှောက်ထားလို့ရမှာ ဖြစ်ပါတယ်။
 
“အမှန်ဆို နှစ်ခုဖြစ်လို့ မရဘူးလေ၊တချို့က ပါမစ်ကို ပြန်အပ်ရမှာ မအပ်ဘဲနဲ့တစ်ယောက်ယောက်ကို ရောင်းတယ်၊ဒါမျိုးမဖြစ်အောင် မြေဝယ်တော့မယ်ဆိုရင် မြေစာရင်းရုံးမှာတရားဝင်စစ်လို့ရတယ်၊ဒါဆိုရင် ပါမစ်စစ်လား မစစ်လား၊ဂရန် လျှောက်ထားလား မထားလားတရားဝင် စစ်ပြီးရင် ပြဿနာမရှိနိုင်ပါဘူး”လို့ အိမ်ခြံမြေအကျိုး ဆောင်မှဦးအောင်မိုးကျော်က ပြောပါတယ်။
 
 
တချို့မြေကွက်ပိုင်ရှင်တွေက သူတို့ အရင်ရောင်းထားပြီးသားပါမစ်မြေကွက်တွေကို နောက်လူကို ထပ်ရောင်းချင်တာ ကြောင့်သူတို့ဆီမှာရှိနေသေးတဲ့ အထောက်အထားတချို့နဲ့နိုင်ငံပိုင်သတင်း စာမှာ ကြော်ငြာတွေထည့်ပါတယ်။
 
 မြေကွက်ကို ပိုင်ဆိုင်ထားတဲ့ လက်ရှိပိုင်ရှင်ကအဲသည် ၎င်းကြော်ငြာစာကို မတွေ့ခဲ့ရင် ဂရန်ရသွားနိုင်ပြီး အဲသည်အခါမှာ ဝယ်ယူထားတဲ့မြေကွက်နဲ့ ပတ်သက်ပြီးအရှုပ် အရှင်းတွေ ဖြစ်လာနိုင်ပါတယ်။
 


“ဒီလိုတွေ မဖြစ်အောင် ပါမစ်နဲ့ ဝယ်ထားတဲ့ စာချုပ်၊ပါမစ်က အတုလုပ်လို့ရ တာကြောင့်- ပါမစ်မူရင်း ဟုတ် မဟုတ်၊- အရောင်းအဝယ်စာချုပ် စစ် မစစ်ဆိုတာကို သက်ဆိုင်ရာဌာနမှာသွားစစ်ရပါမယ်၊
 
တချို့ကတော့ မြေကိစ္စကို နားမလည်ကြတာပေါ့၊အရပ်ပွဲစားတွေကလဲ နားမလည်တော့ပါမစ်အစစ်မှန်း အတုမှန်း မသိရာက ဖြစ်လာကြတာ”လို့ကောင်းကောင်း (၂) အိမ်ခြံမြေအကျိုးဆောင်မှဦးအောင်မိုးကျော်က ပြောပါတယ်။
 
ဒါကြောင့် မြေကွက်ဝယ်ယူတဲ့အခါ ပါမစ်မြေလား၊ ဂရန်မြေလားဆိုတာကို သေချာသိဖို့လိုအပ်သလိုစရန်မရိုက်ခင် ရုံးမှာ သွားစစ်သင့်ပါတယ်။မှန်တယ်ဆိုမှ စရန်ရိုက်ရမှာဖြစ်ပြီးနာမည်ပေါက် သေချာပြီဆိုရင်တော့ ငွေအကျေချေသင့်တယ်လို့ သိရပါတယ်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
 
ပါမစ်မြေ ဝယ်ယူခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာ
 
ကွယ်လွန်သွားသည့်ပိုင်ရှင်၏ အိမ်နှင့် မြေ သို့မဟုတ် မြေကွက်ကို အမွေဆိုင်များကရောင်းချခြင်း၊ ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း
 
ပုံစံ ၁၀၅ ဆိုတာဘာလဲ ။ ပုံစံ ၁၀၅ နဲ့ မြေယာအရောင်းအဝယ် လုပ်နေကြတာ တရားဝင်ပါသလား ။ ပိုင် ဆိုင်မှုခိုင်မာပါသလား
 
ပုံစံ (၇) ရှိသော လယ်ယာမြေကို ပေါင်နှံ၊ ငှားရမ်းခြင်းအတွက် သတိပြုရမည့်အချက်များ
 
Credit By: Kumudra journal
Posted By: Ra Wai, ShweProperty.com