By DVB LawLab, Shweproperty.com
Updated at 4 July 2025
အိမ်ဂရန်ကို အပေါင်ထားတယ်ဆိုတာ ရပ်ကွက်ထဲမှာ ထားတာလား၊ ဒါမှမဟုတ်ရင် ဘဏ်မှာ အပေါင်ထားတာလား ။ ရပ်ကွက်ထဲမှာ အပေါင်ထားရင် အဲ့ဒီလူသည် အပေါင်ခံခွင့် ၊ ပိုင်ခွင့် ရှိရဲ့လား ဆိုတဲ့အပိုင်းလေးတွေ စဉ်းစားရမှာ ဖြစ်ပါတယ်။ သို့သော် အပေါင်ထားပြီး ငွေချေးတဲ့အခါမှာ အတိုးမပါဘဲနဲ့ ပြန်ဆပ်ခိုင်းတဲ့ အခါမျိုး ကျရင်လည်း သူ့ကို တရားမ ကြောင်း အရ တရားစွဲဆိုပြီး မြေကို လက်ရောက်ရလို့မှုတွေနဲ့ စွဲသွားရင် အိမ်ပါသွား နိုင်ပါတယ်။ ဘဏ်ဆိုရင်တော့ ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းအရ အိမ်ကို သိမ်းပိုင်ခွင့်ရှိပါတယ်။ ဘဏ်က ထိန်း သိမ်းထားမှာမဟုတ်ဘဲ ဒီအိမ်ကို ချိတ်ပိတ်သိမ်းဆည်းပြီးတော့ လေလံပစ်ပြီး ဘဏ်က ငွေပြန်ရအောင် ယူမှာပါ။ ပုဂ္ဂလိက အနေနဲ့ကတော့ အသေးစားငွေရေးကြေးရေးအဖွဲ့များဥပဒေအရတော့ သူသည် ငွေချေးပိုင်ခွင့်ရှိရင် လည်း တရားမဥပဒေများအရ ဒီမြေနဲ့ အိမ်ကို လက်ရောက်ယူမှု တရားမကြောင်းစွဲ ပြီးလုပ်ပါလိမ့်မယ်။ ရပ်ကွက် ထဲမှာ ကိုယ့်အချင်းချင်း အပေါင်ထားတဲ့ ကိစ္စကတော့ နဂိုတည်းက ဥပဒေ က ခွင့်မပြုထားတဲ့ကိစ္စကို လုပ်ထား တာဖြစ်တဲ့အတွက် ပေါင်သူကော အပေါင်ခံသူကော နှစ်ယောက်စလုံးက ဥပဒေကို ကျုးလွန်နေကြတာ ဖြစ်လို့ ဒီကိစ္စအပေါ်မှာ ဝေဖန်ချက်မပေးလိုပါဘူး ။ နည်းနည်းလေးဖြည့်ပြောချင်တာက ဂရန်ကို ပေါင်ထားတယ်ဆိုရင် ဂရန်မှာ ပါတဲ့စည်းကမ်းချက်တွေ ကို ဖတ်ကြည့်ပါ ။ ဂရန်ထုတ်ပေးတဲ့ ကောလိတော် အရာရှိရဲ့ ခွင့်ပြု ချက် မရရှိ ဘဲ ဘာတွေမလုပ်ရဘူးဆိုတဲ့ တားမြစ်ချက်တွေ ပါ ပါတယ်။ အဲဒီတားမြစ်ချက်ကို လုပ်လိုက်တာနဲ့ ကောလိ တော် အရာရှိက အဲဒီသူ့ ဂရန်ကို ဖျတ်သိမ်းပြီး မြေပေါ်က နှင်ပိုင်ခွင့်လည်း ရှိပါတယ်။ ဒါကိုလည်း ဂရန်ရတဲ့ သူ တွေအနေနဲ့ သိထားဖို့ လိုပါတယ်။ Credit : DVB LawLab
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties