ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ မြေငှားဂရန်စာချုပ်မူရင်း ပျောက်ဆုံးသွားခြင်း သို့မဟုတ် ပျက်စီးသွားခဲ့ပါက ဂရန်စာချုပ်မိတ္တူတစ်စောင်ကို လျှောက်ထားနိုင်ဖို့အတွက် နည်းလမ်းတွေကို ထုတ်ပြန်ထားပါတယ်။

လျှောက်ထားရန်လိုအပ်သော စာရွက်စာတမ်းများ

မြေငှားဂရန်စာချုပ်မိတ္တူ လျှောက်ထားရန်အတွက် အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပြင်ဆင်တင်ပြရန် လိုအပ်ပါသည်။

နိုင်ငံသားစီစစ်ရေးကတ်ပြားလျှောက်ထားသူ၏ နိုင်ငံသားစီစစ်ရေးကတ်ပြား (မူရင်း သို့မဟုတ် မိတ္တူ) တင်ပြရန်။

မြေငှားဂရန်စာချုပ်အမှန်တကယ် ပျောက်ဆုံး/ပျက်စီးကြောင်း တရားရုံးကျမ်းကျိန်လွှာဂရန်စာချုပ်မူရင်း ပျောက်ဆုံးသွားခြင်း သို့မဟုတ် ပျက်စီးသွားကြောင်း တရားရုံးတွင် ကျမ်းကျိန်ထားသော လွှာတစ်စောင် တင်ပြရမည်။

ပျောက်ဆုံးမှုအတွက် ထပ်မံလိုအပ်သော စာရွက်စာတမ်းများ (ပျောက်ဆုံးခြင်းကြောင့်ဖြစ်ပါက)  

မြို့နယ်ထွေအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်။

ရဲစခန်းသို့ တိုင်ကြားထားသည့် တိုင်ကြားချက်စာရွက်။

မှတ်ပုံတင်စာချုပ်စာတမ်း သို့မဟုတ် တရားရုံးစီရင်ချက်လျှောက်ထားမှုသည် တရားရုံးစီရင်ချက်နှင့် ဒီဂရီအရဖြစ်ပါက၊ ယင်းစာရွက်စာတမ်းများကို တင်ပြရမည်။

နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ (မူရင်း)မြေခွန်ပေးဆောင်မှုဆိုင်ရာ နောက်ဆုံးပြေစာမူရင်းကို တင်ပြရန်။

ဋ္ဌာနမှသတ်မှတ်ထားသော လျှောက်လွှာပုံစံလျှောက်ထားရန်အတွက် ဋ္ဌာနမှသတ်မှတ်ထားသော ပုံစံတွင် ဖြည့်စွက်ပြီး တင်ပြရမည်။

စီစစ်ခြင်းနှင့် ထုတ်ပေးခြင်းလုပ်ငန်းစဉ်

မြေငှားဂရန်စာချုပ်မိတ္တူ ထုတ်ပေးရန်အတွက် အောက်ပါလုပ်ငန်းစဉ်များကို ဋ္ဌာနမှ ဆောင်ရွက်ပါသည်။

ဋ္ဌာနမှ ကွင်းဆင်းစစ်ဆေးခြင်းလျှောက်ထားသည့်မြေနှင့်ပတ်သက်ပြီး ဋ္ဌာနမှ မြေပြင်တွင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ပါသည်။

ကန့်ကွက်ကြေငြာခြင်း  

မြို့နယ်ထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ၁၄ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ကြေငြာချက်ထုတ်ပြန်ပါသည်။  
ထို့အပြင် သတင်းစာများတွင် သီးခြားကြေငြာချက်ထုတ်ပြန်မှုများလည်း ပြုလုပ်ပါသည်။

ဂရန်မိတ္တူထုတ်ပေးခြင်း  

ကန့်ကွက်သူမရှိပါက၊ တရားရုံးအမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာတစ်စုံတရာမရှိပါက၊ ဂရန်သစ်ထုတ်ပေးသည့်အခါကဲ့သို့ သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေငှားဂရန်စာချုပ်မိတ္တူကို ထုတ်ပေးပါသည်။  
ဂရန်မိတ္တူတွင် အခွန်တံဆိပ်ခေါင်းကပ်ရန် မလိုအပ်ပါ။