By burma.irrawaddy, Shweproperty.com
Updated at 22 May 2025
မိုးတွင်းမှာ မှိုစွဲတာဟာ တော်တော် စိတ်ပျက်ဖို့ကောင်းတဲ့ အရာပါ။ ပဋိဇီဝဆေးတွေ ဖော်စပ်တဲ့အခါ မှိုကို အသုံးပြုတယ် ဆိုပေမယ့် ကိုယ့်အိမ်က ပစ္စည်းတွေမှာ မှိုစွဲတာကိုတော့ ဘယ်သူမှ မနှစ်သက်ကြပါဘူး။ ဒါကြောင့် မိုးတွင်းမှာ ကိုယ်အသုံးပြုနေကျ ပစ္စည်းတွေ မှိုမတက်အောင် ကာကွယ်ရမယ့် နည်းလမ်းတွေကို ပြောပြချင်ပါတယ်။ (၁) မှိုတက်နိုင်တဲ့ နေရာတွေကို မှတ်ထားပါ။ သင်ဟာ သင့်အိမ်ကို မှိုမတက်အောင် လုပ်လို့မရပါဘူး။ ဒါပေမယ့် မှိုမတက်အောင် ကာကွယ်လို့တော့ ရပါတယ်။ ဘယ်နေရာမှာ မှိုစွဲနေပြီလဲ။ မြေအောက်ခန်းက ကြမ်းပြင်မှာလား စသည်ဖြင့် မှတ်ထားပါ။ မှိုစွဲနိုင်လောက်တဲ့ နေရာတွေကို ဥပမာ စပရေးဖြန်းတာမျိုးနဲ့ ကြိုတင်ကာကွယ်တဲ့ ပစ္စည်းတွေသုံးပြီး ကာကွယ်နိုင်ပါတယ်။ (၂) ရေမစိုပါစေနဲ့။ ရေမစိုနေရင် မှိုမတက်နိုင်ပါဘူး။ ဒါကြောင့် ရေယိုနေတဲ့ နေရာတွေ ရေစိုနေတဲ့နေရာတွေကို ချက်ချင်းသန့်ရှင်းရေးလုပ်ဖို့ လိုပါတယ်။ ရေခြောက်ဖို့မလွယ်တဲ့ ကောဇောနဲ့ ပရိဘောဂတွေမှာ ရေစိုသွားခဲ့ရင် ချက်ချင်းဖယ်ပစ်လိုက်ဖို့လိုပါတယ်။ ဒါ့အပြင် အလုပ်မအားလို့ဆိုပြီး စိုနေတဲ့ အဝတ်တွေကို အဝတ်လျှော်စက်ထဲမှာ မထားခဲ့သင့်ပါဘူး။ မှိုတက်ဖို့ အရမ်းလွယ်ကူလို့ပါ။ (၃)ရေတံလျှောက်ကို ပြုပြင်ပါ။ မှိုတက်ရတဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ ရေတံလျှောက်က ရေယိုတာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ မိုးတွင်းမရောက်ခင်မှာ ရေတံလျှောက်ကို သန့်ရှင်းလုပ်ပေးပါ။ အကယ်လို့ လိုအပ်တယ်ဆိုရင် ပြုပြင်ပါ။ (၄)လေဝင်လေထွက် ကောင်းအောင် လုပ်ထားပါ။ အပူချိန်ကျဆင်းလာတဲ့ အခါမှာ လေဟာ စိုထိုင်းမှုကို ဖြစ်စေပါတယ်။ လေဝင်လေထွက်မကောင်းဘူးဆိုရင် သင့်အိမ်ဟာ စိုထိုင်းဆမြင့်လာပြီး ပစ္စည်းတွေမှာ မှိုတက်ဖို့ လွယ်ကူလာပါလိမ့်မယ်။ အဝတ်တွေနဲ့ ပစ္စည်းတွေမှာ ဖားဥတို့၊ မှိုတို့ မစွဲစေချင်ရင် ဒီအချက်တွေကို သေချာလိုက်နာဖို့ အကြံပြုချင်ပါတယ်။ Credit : burma.irrawaddy
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties