ကြည့်မှန်ဟာ မှော်ရှိပြီး မကောင်းတဲ့ အငွေ့အသက်တွေကို တန်ပြန်စေကာ ကောင်းသောအရာတွေကို တွန်းအားဖြစ်စေတယ်လို့ ရှေးကတည်းက ယုံကြည်ထားကြပါတယ်။ ရှေးဟောင်းဖုန်းရွှေ နည်းတွေမှာလည်း ကြည့်မှန်တွေကို အရေးကြီးတဲ့ နေရာတွေမှာ ထည့်သွင်းအသုံးချလေ့ ရှိပါတယ်။ အထူးသဖြင့် ကြည့်မှန်တွေကို အိမ်အဝင်ပေါက်တွေ၊ ပြတင်းပေါက်တွ၊ တံခါးနားတွေမှာ ချိတ်ဆွဲထားကြတာကို မြင်တွေ့ဖူးမှာပါ။ ဒါဟာ ဖုန်းရွှေနည်းအရ အိမ်ကို ကံအဆိုးအညံ့တွေ မဝင်လာနိုင်အောင် ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အိမ်ရဲ့ စီးပွားရေး ကောင်းမွန်စေဖို့အတွက် ကြည့်မှန်တွေကို ဘယ်လိုနေရာမှာ ထားသင့်တယ်ဆိုတာ ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးလိုက်ပါတယ်နော်။ 

- ကြည့်မှန်ကို နိမ့်တဲ့နေရာမှာ မချိတ်ပါနဲ့
အိမ်တွေမှာ ကြည့်မှန်တွေ ချိတ်တဲ့အခါ ကိုယ်နဲ့ မျက်နှာတစ်တန်းတည်း ရှိမယ့် အမြင့်လောက်မှာ ချိတ်သင့်ပါတယ်။ တကယ်လို့ ကြည့်မှန်ဟာ ကိုယ့်ခြေထောက်နဲ့ တန်းတူနေရာ၊ ကိုယ့်အရပ်ထက် နိမ့်တဲ့နေရာမှာ ချိတ်ထားမယ်ဆိုရင် အိမ်ရဲ့ ဘုန်းကံနိမ့်တတ်တယ်လို့ အယူရှိပါတယ်။ 

- အိမ်ရှေ့မှာ ကြည့်မှန်ကို ချိတ်ပါ
ကိုယ့်အိမ်ရှေ့အိမ်ဟာ ကိုယ့်အိမ်ထက်ပိုကြီးတယ် ပိုထည်ဝါတယ်ဆိုရင် ကိုယ့်အိမ်မှာ ကံညံ့တတ်တယ်လို့ အယူအဆ ရှိပါတယ်။ အဲ့ဒီအခါ ကိုယ့်အိမ်ရှေ့မှာ ကြည့်မှန်သေးသေးလေးဖြစ်ဖြစ် ချိတ်ထားလိုက်မယ်ဆိုရင်တော့ မိမိအိမ်ကို သက်ရောက်မှု မရှိတော့ဘူး စီးပွားလာဘ်လာဘတွေ တိုးတက်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ 



- ထမင်းစားခန်းမှာ ကြည့်မှန်ထားပါ။ 
ထမင်းစားခန်းမှာ ကြည့်မှန်ထားခြင်းဟာ ဓနဥစ္စာ ထိန်းသိမ်းနိုင်စွမ်းကို ကိုယ်စားပြုပြီး အစားအစာ ပေါကြွယ်ဝစေတယ်လို့ ဖုန်းရွှေပညာရှင်များက ယူဆကြပါတယ်။

- မီးဖိုနဲ့ မျက်နှာချင်းဆိုင်မှာ ကြည့်မှန်မထားသင့်ပါ
ထမင်းစားခန်းမှာ ကြည့်မှန်ကို ထားသင့်ပေမယ့် မီးဖိုနဲ့ မျက်နှာချင်းဆိုင်မှာတော့ ကြည့်မှန်ကို မထားသင့်ပါဘူး။ မီးဖိုချောင်နဲ့ မျက်နှာချင်းဆိုင်မှာ မှန်များထားရှိခြင်းဟာ မကောင်းသောအညံ့ဓာတ်စွမ်းအင်ကို ဖြစ်စေတယ်လို့ ယူဆထးခြင်းကြောင့် ဖြစ်ပါတယ်။

- ဧည့်ခန်းမှာ ကြည့်မှန်ထားပါ။ 
ဧည့်ခန်းမှာ ကြည့်မှန်ထားခြင်းဟာ လူဦးရေ တိုးပွားသလို ဖြစ်စေတာကြောင့်  နွေးထွေးတဲ့ အိမ်ခန်းလေးအဖြစ် ဖော်ဆောင်ပေးပါတယ်။ ဒါပေမယ့် အိမ်သားတွေက မကြာခဏ စကားများနေမယ်၊ ဧည့်သည်တွေက အနှုတ်သဘောဆောင်တဲ့ အပြောအဆို၊ အမူအရာ ရှိမယ်ဆိုရင်တော့ အိမ်မှာ မကောင်းတဲ့ စွမ်းအင်တွေ ကိန်းဝပ်စေနိုင်တာကို သတိထားသင့်ပါတယ်။ 

အိမ်မှာ ကံကောင်းမှုတွေ ဝင်လာအောင် အခုဖော်ပြထားတဲ့ ဖုန်းရွှေနည်းလေးတွေအတိုင်း ကြည့်မှန်ကို ထားကြည့်ဖို့ အကြံပြုလိုက်ပါတယ်နော်။ မိတ်ဆွေတို့အားလုံး စီးပွားလဘ်လာဘတွေ တစတစ ပွားများလာပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။ 

Posted By : John (ShweProperty.com)