ကိုယ်ပိုင်အိမ်အသစ်ကလေးတစ်လုံးကို ပြောင်းရွေ့ရတာဟာ လွတ်မြောက်မှုအတွက်၊ ဘဝဖြတ်သန်းရာမှတ်တိုင်တစ်ခုလို့ဆိုရင်လည်း မမှားပါဘူး။ အိမ်အသစ်ကို စပြောင်းပြီဆိုတော့ အိမ်အခွံကြီးကို အိမ်ကောင်းကောင်း တစ်လုံးဖြစ်လာအောင် ပြောင်းလဲပစ်ဖို့
 
အစီအစဉ်တွေချရပါတော့မယ်။ သင့်အတွက် အသုံးတည့်မယ်ထင်တဲ့ အကြံညဏ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
 
၁။ အိမ်ဟောင်းကိုရှင်းလင်းရေး စလုပ်ပါ။
 
အိမ်သစ်ကလေးအတွက်သင်စပြီး လုပ်ရမှာကတော့ အိမ်ဟောင်းကို သန့်ရှင်းရေးလုပ်ဖို့ပါပဲ။ ဒီအရေးပါလှတဲ့ ပထမဆုံးခြေလှမ်းက လက်ရှိသုံးစွဲနေတဲ့ ပစ္စည်းဟောင်းတွေကို ထုပ်ပိုးပြီးသားဖြစ်စေရုံ သာမက၊ ရွေ့ရပြောင်းရလည်းလွယ်သွားစေမှာပါ။ ပစ္စည်းအဟောင်းတွေရဲ့ ၂၅ရာခိုင်နှုန်းကနေ ၅၀ရာခိုင်နှုန်းလောက်ထိကို ဖြစ်နိုင်သမျှ စွန့်ပစ်လိုက်ပါ။ ထပ်ခိုးပေါ်ကပရိဘောဂအဟောင်းတွေ၊ ကားဂိုထောင်ထဲက အသုံးမဝင်တော့တဲ့ တန်ဆာပလာတွေ၊ တခြားပစ်သင့်ပစ်ထိုက်တာတွေကို စွန့်ပစ်လိုက်သင့် ပါတယ်။ မလိုအပ်တာတွေကို ဘော်တယ်လ်ဆိုင် ရောင်းသင့်တာရောင်း၊ အင်တာနက်မှာလေလံချသင့်တာချ၊ ပရဟိတအဖွဲ့ကိုလှူသင့်တာတွေလှူလိုက်ပေါ့။ ဒါဆိုရင်တော့ အိမ်အသစ်လေးကို အလှဆင်ဖို့အချိန်ရောက်ပါပြီ။
 


၂။ အိပ်ခန်းကစပြီး အလှဆင်ပါ။
 
အိပ်ခန်းဆိုတဲ့နေရာဟာ သင်အိမ်မှာရှိနေတဲ့ အချိန်တွေရဲ့ သုံးပုံတစ်ပုံလောက်ကို နေထိုင်ရမယ့် နေရာပါတယ်။ ငွေရေးကြေးရေးအတွက် မပူပန်ရဘူးဆိုရင်တော့ အိပ်ရာသစ်တစ်လုံး အရင်ဆုံးဝယ်လိုက်ပါ။ ချည်မျှင်နဲ့ ယက်လုပ်ထားတဲ့ဟာမျိုးကို ဝယ်ဖို့ ကပ်စီးနည်းမနေပါနဲ့။ ဈေးနဲ့ပတ်သက်လို့ ရလာတဲ့ ရလဒ်ခြင်းလည်း အကွာကြီးကွာတဲ့အတွက် တတ်နိုင်သရွေ့ ကောင်းကောင်း ဝယ်လိုက်ပါ။ တတ်နိုင်မယ်ဆိုရင် အိပ်ရာသစ်နဲ့ လိုက်ဖက်မယ့်အရောင်မျိုးကို ရွေးပြီး အိပ်ခန်းနံရံကို ဆေးသုတ်လိုက်ပါ။ သင့်ဆီမှာ ပိုက်ဆံပိုနေပါသေးလား။ ပြူတင်းပေါက်တွေကိုပါ ဆေးသုတ်လိုက်ပါဦး။ အောက်ခံဆေးကိုတော့ ဖျော့တဲ့အရောင်ကိုသာသုံးပြီး ညဘက်တွေမှာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်တယ်ဆိုရင်တော့ အလင်းမပြန်နိုင်တဲ့ အရောင်တွေကိုသုံးပါ။ ပိုက်ဆံဖြုန်းဖို့အသင့်ပဲ ဆိုရင်တော့ အမြဲလိုချင်ခဲ့တဲ့အိပ်ရာမျိုးရှိရင် ဝယ်လိုက်ပါ။ ဂရုတစိုက် ရွေးဝယ်ပါ။ အိပ်ရာဟာ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ရောင်ပြန်ဟပ်ပါတယ်။ သင်နဲ့အတူ နှစ်ပေါင်းများစွာနေမယ့် အခန်းကို သက်သောင့်သက်သာလေး ဖြစ်အောင်လုပ်လိုက်ပါ။
 
 
 
၃။ တစ်ခါတည်းနဲ့ အားလုံးကို မဝယ်လိုက်ပါနဲ့။
 
တကယ်လိုအပ်တာတွေ ဝယ်ယူဖို့ဆိုရင် သင့်ရဲ့အိမ်အသစ်လေးမှာ အရင်ဆုံး အနည်းဆုံး နှစ်လလောက် နေလိုက်ပါဦး။ အိမ်အတွက် အသုံးတည့်မယ်ထင်လို့ ဝယ်လိုက်တဲ့ အရာတွေနဲ့ တကယ်လိုအပ်တဲ့အရာတွေ မဟုတ်တာမျိုး ဖြစ်တတ်ပါတယ်။ ရေချိုးခန်းအတွက် ဒေါလာ၅၀၀၀ လောက်အကုန်ခံမယ့်အစား မီးဖိုချောင်ချဲ့လိုက်ရင်ပဲဖြစ်ဖြစ် ထမင်းစားမယ့်နေရာကို အကောင်းဆုံးဖြစ်အောင်ပဲဖြစ်ဖြစ် အကုန်ခံလိုက်တာက ပိုသင့်တော်ပါတယ်။


 
၄။ အရာရာကို အရောင်လိုက်ဖက်မှုရှိအောင်လုပ်ပါ။
 
၁၉၆၀ခုနှစ်လောက်က ပရိဘောဂတွေအစား ယနေ့ခေတ်ပေါ် အရာတွေနဲ့အစားထိုး တော့မယ်ဆိုရင် မစိုးရိမ်ပါနဲ့။ လွယ်ကူသက်သာတဲ့ နည်းလမ်းကတော့ အားလုံးကို တစ်ရောင်တည်း သုံးတာပဲဖြစ်ပါတယ်။ ဆိုကြပါစို့။ ဆိုဖာကလွဲလို့ ကျန်တဲ့ပရိဘောဂတွေက အရောင်တွေတူနေတယ်ဆိုရင် ဒီပြသာနာကို ဘယ်လိုဖြေရှင်းမှာပါလဲ။ ဒါဆိုရင်တော့ ဧည့်ခန်းနံရံ ကာလာနဲ့တူအောင် လုပ်လိုက်ပါ။ အလုပ်သမား ရှာရခက်နေတယ်ဆိုရင်လည်း၊ ခန်းဆီးလိုက်ကာဖြစ်ဖြစ်၊ ကော်ဇောဖြစ်ဖြစ်၊ တခြား အသုံးအဆောင်လေးတွေပဲ ဖြစ်ဖြစ်အရောင်အသွေး တူညီမယ့်ဟာကိုရွေးချယ်ပြီး သုံးလိုက်ပါ။ ဒီလိုလုပ်လိုက်လို့ တစ်ခုနဲ့တစ်ခု ဘယ်လောက်အထိ လိုက်ဖက်တင့်တယ်သွားတယ်ဆိုတာကို သင်သိလာမှာပါ။
 
၅။ ဈေးမကြီးတဲ့နည်းလမ်းနဲ့ဖြေရှင်းပါ။
 
မီးဖိုချောင်သုံး ဗီဒိုတွေက အရောင်မွဲနေတယ်ဆိုရင် အရောင်တင်တာပဲဖြစ်ဖြစ် အသစ်လဲတာပဲဖြစ်ဖြစ် လုပ်ပါ။ အလွန်အကျွံကြီး မွမ်းမံလိုက်လို့ ငွေကုန်ကြေးကျ အရမ်းများသွားရင်လည်း မကောင်းတဲ့အတွက် ကြိတ်သားလောက်သာသုံးပါ။ ရေချိူးခန်းထဲမှာဆိုရင်လည်း မီးသီးလဲသုံးတာက အခန်းရဲ့ အသွင်အပြင်ကို ချက်ချင်းပြောင်းလဲသွားစေမှာ ဖြစ်ပါတယ်။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
သင့်အိမ်မှာ ဆောင်ထားသင့်သော ဘက်စုံသုံးလို့ရတဲ့ မုန့်ဖုတ်ဆိုဒါ
 
အိမ်မှာ ဆပ်ပြာတုံးကို အကျိုးရှိရှိဘယ်လို အသုံးချမလဲ
 
အိမ်မှာဆန်ကို ပိုးမတက်အောင်ဘယ်လိုထားကြမလဲ
 
ရေချိုးခန်းသန့်ရှင်းရေးအတွက် အသုံးပြုနိုင်တဲ့ သဘာဝပါဝင်ပစ္စည်းများ
 
Credit By: Myanmar Builder Guide
Posted By: Ra Wai, ShweProperty.com