By Crown Cement, Shweproperty.com
Updated at 26 June 2025
ဆောက်လုပ်ရေး လုပ်ငန်းများဟာ တစ်နှစ်ပတ်လုံး လည်ပတ်နေရတဲ့ လုပ်ငန်းဖြစ်ပြီး နွေ၊မိုး၊ဆောင်းရာသီဥတု (၃)မျိုးစလုံးများလုပ်ဆောင်ရတဲ့ လုပ်ငန်းဖြစ်လို့ မိုးရာသီကိုလည်း ဖယ်ထားလို့မရနိုင်ပါဘူး။ ရာသီဥတု အခြေအနေ ပေါ်မူတည်ပြီး ဆောက်လုပ်ရေးအနေအထားကို သင့်တော်ရာပုံစံပြောင်းလဲရသလို လေနဲ့မိုးနှစ်မျိုးစလုံးကို သတိထားရတဲ့ ခုလိုမိုးရာသီမျိုးမှာလည်း ကွန်ကရစ်လောင်းမယ်ဆိုရင် ကွန်ကရစ်အရည်အသွေးကိုမထိခိုက်စေရန် ကြိုတင်ပြင်ဆင်သင့်သည်များ (Preparation)၊ ပျက်စီးမှုအနည်းဆုံးဖြစ်စေရန် ဆောင်ရွက်သင့်သည်များ (Damage Control)၊ ပြန်လည်ပြင်ဆင်နည်းများ (Repairs) စသည့်အချက်များကို ဝေမျှပေးလိုက်ပါတယ်။ ကြိုတင်ပြင်ဆင်သင့်သည်များ (Preparation) ကြုံတွေ့ရမယ့် ဆိုးကျိုးတွေကတော့ မိုးရာသီမှာ ကွန်ကရစ် လောင်းမယ်ဆိုရင် Initial Setting နဲ့ Final Setting စတဲ့ ကြားကာလတွေမှာ အမိုးအကာနဲ့ ဖုံးအုပ်ထားဖို့လိုပါတယ်။ မဖုံးအုပ်ထားမိပါက ချိုင့်ခွက်တွေ ဖြစ်စေမှာဖြစ်ပါတယ်။ တစ်ခါတစ်ရံ ကွန်ကရစ်လောင်းနေစဉ် မမျှော်လင့်ပဲ မိုးရွာချသည့် အဖြစ်မျိုးလည်း ကြုံရတတ်ပါတယ်။ မိုးရေဟာ ကွန်ကရစ်ရဲ့ မျက်နှာပြင်သာမက အတွင်းပိုင်းခိုင်ခံ့မှုကိုပါ အနှောက်အယှက်ပေးနိုင်ပါတယ်။ ကွန်ကရစ်အစို၏ ရေချိန်သိပ်သည်းဆသည် ရေထက် ၂ဆကျော်များသဖြင့် ကွန်ကရစ် သွန်းလောင်းနေစဉ် မိုးရေနှင့် မရောစေရန် ကာကွယ်နိုင်လျှင် စိမ့်ဝင်နိုင်မည်မဟုတ်ပါ။ မိုးရွာနေစဉ် ကွန်ကရစ်လောင်းလျှင် အောက်ပါ အကျိုးသက်ရောက်မှုများ ပါရှိနိုင်ပါသည်။ “မိုးရွာသည့်အခါတွင် သဲနှင့်ကျောက်များထဲတွင် ရေပါဝင်မှု သာမန်အချိန်ထက် ပိုမိုများပြားတတ်ပါ သည်။ ထို့ကြောင့် ကွန်ကရစ်ဖျော်စပ်သည့်အခါ ရေကို ပုံမှန်ထက်လျှော့ထည့်ရန် လိုအပ်ပါသည်။” မိုးရွာစဉ်အတတ်နို်ငဆုံးအကာ အကွယ်လုပ်ထားပါက အနည်းငယ်သော မိုးရေများသာ Fresh Concrete ပေါ်တွင် ကျရောက်မည်ဖြစ်သည့်အတွက် မိုးတိတ်သွားလျှင် Bleeding ဖြစ်သည့်ရေ များကဲ့သို့အငွေ့ပျံသွားမည် ဖြစ်သဖြင့် ဆိုးရွားစွာ မထိခိုက် နိုင်ပါ။ သို့သော် မိုးရာသီတွင် ကွန်ကရစ်သွန်းလောင်းခြင်းအတွက် ကောင်းကျိုးတစ်ခုကို ပြောပြပါဆိုလျှင် Curing လုပ်ရ သက်သာခြင်းပင် ဖြစ်ပါသည်။ ပျက်စီးမှုအနည်းဆုံးဖြစ်စေရန် ဆောင်ရွက်သင့်သည်များ (Damage Control) မိုးတွင်းကာလ ကွန်ကရစ်လောင်းခြင်းအတွက် နောက်ထပ်မရှိမဖြစ် ပစ္စည်းကတော့ အကာပဲဖြစ်ပါသည်။ လောင်းပြီးသား ကွန်ကရစ်ကို မိုးဒဏ်မှ ကာကွယ်ဖို့အတွက် အပေါ်ယံအလွှာကို Grinding လုပ်ပြီး Coating အလွှာပါးပါးအုပ်ပေးခြင်း၊ (သို့မဟုတ်) ကွန်ကရစ်အလွှာပါးအသစ် ပြန်လောင်းခြင်းဖြင့် ပြုပြင်နိုင်ပါသည်။ မိုးရွာနေစဉ် ကွန်ကရစ်ကို ဂရုတစိုက် အကာအကွယ်ပေးထားနိုင်ခဲ့လျှင် အရည်အသွေးပြည့်မီပြီး ညီညာသည့် ကွန်ကရစ် မျက်နှာပြင်ကို ရရှိပေလိမ့်မည်။ သွန်းလောင်းနေဆဲ ကွန်ကရစ်ကို သည်းထန်သည့်မိုးမှ အကာအကွယ် ပေးမထားနိုင်ခဲ့လျှင် ကွန်ကရစ်၏ အရည်အသွေး (Quality)၊ ခံနိုင်အား (Strength) နှင့် ပုံပန်းသဏ္ဍာန် (overall appearance) တို့ကို ဆိုးရွားစွာထိခိုက်နိုင်ပါသည်။ Curing အချိန်ကိုက် လု်ပဆောင်မှုနှင့် အကာအကွယ် လုပ်ဆောင်ပုံ အဆင့်ဆင့်ပေါ်မူတည်၍ ပျက်စီးဆုံးရှုံးမှုကအောက်ပါအတိုင်းလျှော့ချ (သို့မဟုတ်) ကာကွယ်နိုင်ပါသည်။ - ကွန်ကရစ်ဖျော်စပ်ပြီးချိန်မှ ၂-၄ နာရီအတွင်း မိုးရွာခဲ့လျှင် ကွန်ကရစ်အစိုမျက်နှာပြင်ကို မိုးရေမှ တိုက်ရိုက်ထိတွေ့ခြင်းမှ အကာအကွယ်ပေးထားပါ။ - ကွန်ကရစ်မျက်နှာပြင် ပြီးသတ်လုပ်ငန်းပြီးဆုံးမှ မိုးရွာလျှင် မိုးရေကြောင့်ကွန်ကရစ်အရည်အသွေးကို ဆိုးရွားစွာ မထိခိုက်နိုင်ပါ။ - ကွန်ကရစ်ဖျော်စပ်ပြီးချိန်မှ ၄-၈ နာရီကြာ ကွန်ကရစ်မာကျောပြီးမှ မိုးရွာခဲ့လျှင် မိုးရေကြောင့်ပျက်စီးဆုံးရှုံးမှု မဖြစ်နိုင်တော့ပါ။ ပြန်လည်ပြင်ဆင်နည်းများ (Repairs) မိုးရွာခြင်းကြောင့် ပျက်စီးသွားသည့် ကွန်ကရစ်ကို ပြင်ဆင်သည့် အကောင်းဆုံးနည်းမှာ ထိုပျက်စီးသွားသည့်အလွှာကို ဖယ်ရှားပြီး အသစ်ပြန်လောင်းခြင်းပင် ဖြစ်ပါသည်။ - မိုးရွာလျှင်ရွာခြင်း၊ ကွန်ကရစ်ကို ပလပ်စတစ်စဖြင့် အမြန်ဖုံးအုပ် ပြီး လေမလှန်စေရန် သစ်သားချောင်း၊ အုတ်ခဲ စသည်တို့ဖြင့် ဖိထားပါ။ - ပလပ်စတစ်စက မခြောက်သေးသည့် ကွန်ကရစ် မျက်နှာပြင်ပေါ်တွင် အရာထင်စေနိုင်သော်လည်း မိုးရေနှင့် ကွန်ကရစ်မရောစေရန် ကောင်းစွာကာကွယ် ပေးနိုင်ပါသည်။ - ခြောက်သွေ့လာသည့် ကွန်ကရစ်၏ အပေါ်ယံလွှာနှင့် အနားပိုင်းတို့၏ ပျက်စီးသွားသည့် လက္ခဏာများကို စစ်ဆေးပါ။ - ပျက်စီးနေသည့် အနားပိုင်းကို ကွန်ကရိဖြတ်လွှနှင့် မျက်နှာပြင် တစ်လျှောက်လုံးချောမွတ်သွားသည်အထိ ဖြတ်ပါ။ - အပေါ်ယံ အမှုန်ထနေသည့် မျက်နှာပြင်ကိုသာ ပွတ်တိုက်ဖယ်ရှားပြီး အောက်ခံအမာလွှာ ပေါ်လာသည့်အခါ ဖယ်ရှားကာ ကွန်ကရစ်အသစ်လောင်းခြင်း (သို့မဟုတ်) Coating တင်ခြင်းစသည်တို့ကိုပြန်လည်ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် အထက်ဖော်ပြပါ သတိထားသင့်တဲ့ အချက်လေးများအတိုင်း လိုက်နာ ပြင်ဆင်ထားမယ်ဆိုရင်တော့ မိုးတွင်းကာလ ကွန်ကရစ်ခင်းခြင်း အခက်အခဲကိုလည်း အကောင်းဆုံး ဖြတ်ကျော်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ Credit : Crown Cement
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties