By RW, Shweproperty.com
Updated at 4 June 2025
ကမ္ဘာ့သတင်းမီဒီယာများနှင့် ကျန်းမာရေးအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ ထိုင်း၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ ဥရောပနှင့် မြောက်အမေရိကတို့တွင် COVID ဖြစ်ပွားမှုနှုန်းများ ပြန်လည်တက်လာနေကြောင်း သိရပါတယ်။ COVID-19 မျိုးကွဲသစ်သည် ကူးစက်နှုန်းမြန်တာကြောင့် သတိထားကာကွယ်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်(၁၇) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC) ၏ ဇွန် ၂ ရက်၊ ည ၈ နာရီ ထုတ်ပြန်ထားပါတယ်။ သင်ကိုယ်တိုင်နှင့်အခြားသူများကို COVID-19 ကပ်ရောဂါမှ ကာကွယ်နိုင်ရန်အတွက် World Health Organization Myanmar မှ အောက်ပါအချက်များကို အမြဲလိုက်နာလုပ်ဆောင်ရန် အကြံပြုထားပါတယ်။ ရှောင်ကြဉ်ရမည့် နေရာ ၃ နေရာ 1- လူထူထပ်သောနေရာများ အနီးအနားတွင် လူများစွာရှိသည့် နေရာများ 2- လူအများ နီးကပ်စွာရှိသော အခြေအနေများ အထူးသဖြင့် အနီးကပ် စကားဝိုင်းဖြင့် ပြောဆိုသောနေရာများ 3- လေဝင်လေထွက် မကောင်းသော ကန့်သတ်နေရာများနှင့် အလုံပိတ် ထားသောနေရာများ လိုက်နာဆောင်ရွက်ရမည့် အချက် ၃ ချက် 1- ပါးစပ်နှင့်နှာခေါင်းစည်းကို အမြဲတပ်ဆင်ပါ။ 2- တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ။ 3- လက်ကို သေချာစွာ ဆေးကြောပါ။ ကိုဗစ် – ၁၉ နှင့် တုပ်ကွေး ဗိုင်းရပ်စ်နှစ်မျိုးလုံးတွင် တွေ့လေ့ရှိသော တူညီသည့်လက္ခဏာများ - ဖျားခြင်း - ချောင်းဆိုးခြင်း - ပင်ပန်းနွမ်းနယ်ခြင်း - နှာရည်ယိုခြင်း - လည်ချောင်းနာခြင်း - ခေါင်းကိုက်ခြင်း - အရိုးဆစ်နှင့် ကြွက်သားနာကျင်ခြင်း အဖြစ်နည်းသော်လည်း ကိုဗစ် - ၁၉ လူနာအချို့တွင် တွေ့ရလေ့ရှိသော အခြားရောဂါလက္ခဏာများ - ရုတ်တရက် အနံ့ပျောက်ခြင်း၊ အရသာပျောက်ခြင်း - နှာခေါင်းပိတ်ခြင်း - မျက်သားအဖြူမှာ နိလာခြင်း - အရေပြားနီမြန်းခြင်း - အော့အန်ခြင်း - ဝမ်းပျက်ခြင်း - ချမ်းတုန်ခြင်း (သို့မဟုတ်) မူးဝေခြင်း ပြင်းထန်သော ကိုဗင်- ၁၉ ရောဂါလက္ခဏာများ - အသက်ရှူရ ခက်ခဲခြင်း - စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု ဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း - အဆက်မပြတ် ရင်ဘတ် အောင့်ခြင်း - အဖျား အလွန်ကြီးခြင်း (၃၈ ဒီဂရီ စင်တီဂရိတ်နှင့် အထက်ရှိခြင်း) ကိုဗစ်-၁၉ လူနာများတွင် အဖြစ်နည်းသော်လည်း ကြုံတွေ့ရလေ့ရှိသော စိတ်ပိုင်းဆိုင်ရာ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ လက္ခဏာများ - စိတ်တိုခြင်း - စိတ်ရှုပ်ထွေးခြင်း - သတိလစ်ခြင်း၊ တခါတရံတက်ခြင်း - စိတ်ဓာတ်ကျခြင်း - အိပ်မပျော်ခြင်း - စိတ်သောကများခြင်း လေဖြတ်ခြင်း ဦးနှောက်ရောင်ရမ်းခြင်းကဲ့သို့သော ရှားပါး၍ ပိုမိုပြင်းထန်သော အာရုံကြောဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများရှိနိုင်ပါတယ်။ ကိုဗစ် - ၁၉ နှင့် တုပ်ကွေးရောဂါဖြစ်ပွားမှု အခြေအနေများ ကိုဗစ်-၁၉ နှင့် တုပ်ကွေးနှစ်မျိုးလုံးတွင် မတူညီသော ရောဂါဖြစ်ပွားမှုအဆင့်များ ရှိနိုင်သည်။ အချို့သောသူများတွင် ရောဂါလက္ခဏာမရှိပဲ၊ အချို့မှာ အပျော့စား လက္ခဏာများ (သို့မဟုတ်) ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားရနိုင်သည်။ ကိုဗစ်- ၁၉ နှင့် တုပ်ကွေး ရောဂါနှစ်မျိုးစလုံးသည် အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။ COVID-19 ကူးစက်မှုမှ ကာကွယ်ရန်အတွက် မျက်နှာဖုံးတပ်ဆင်ခြင်း၊ လက်သေချာစွာဆေးခြင်း၊ လူစုလူဝေးများမှ ရှောင်ကြဉ်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းစတဲ့ အချက်များကို လိုက်နာရန် အရေးကြီးပါသည်။ Ref : World Health Organization Myanmar
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties