တိုက်ခန်းပိုင်ရှင်တွေ စိုးရိမ်ကြလေ့ ရှိတဲ့အချက်တစ်ချက်ကတော့ ဝယ်ထားတဲ့ တိုက်ခန်းအိုဟောင်းဆွေးမြေ့သွားလို့ပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ပြိုကျပျက်စီးခဲ့ရင် ဖြစ်ဖြစ် ကိုယ့်တိုက်ခန်း ဆုံးရှုံးသွားတဲ့အခါ အခန်းသစ် ပြန်ရနိုင်လား ဆိုတာပါပဲ။ ဒီအချက်ကို ရှင်းအောင် သိချင်တယ် ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိ ဖတ်ကြည့်လိုက်နော်။ 

ပုံမှန်အားဖြင့်တော့ တိုက်ခန်းပိုင်ရှင်ဟာ ဝယ်ထားတဲ့ အခန်းပဲ ပိုင်တာဖြစ်တဲ့အတွက် အခန်းမရှိတော့ရင် လက်ဆုပ်လက်ကိုင်ပြစရာ မရှိတော့တာကြောင့် အခန်းသစ် ပြန်ရနိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့် မြေရှင်က တိုက်အသစ် ပြန်ဆောက်ရင်တော့ မိမိအထပ် ၊ မိမိအခန်းနေရာ ပြန်ရဖို့ တောင်းဆိုပိုင်ခွင့်ရှိတယ်လို့ သိထားပါတယ်။ ဒါ့အပြင် တိုက်ခန်းပြန်ယူမယ်ဆိုရင် တိုက်သစ်ဆောက်ရာမှာ မြေရှင်ရဲ့ စိုက်ထုတ်ကုန်ကျစရိတ် ရှိတာကြောင့် ပြန်ဆောက်မယ့် အခန်းအတွက် ဆောက်လုပ်ကုန်ကျစရိတ်ပေးဆောင်ဖို့ တာဝန်ရှိပါတယ်။ 

ဒါပေမယ့်လည်း  အရင်တိုက်ခန်းဝယ်တုန်းက မြေရှင်နဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့အတွက် အပြင်လူအနေနဲ့ ဝယ်တဲ့ဈေးအတိုင်း ပေးစရာတော့ မလိုအပ်တော့ဘဲ ဆောက်လုပ်ကုန်ကျစရိတ်သာ ပေးဆောင်ရပါတယ်။ 



တိုက်ခန်းဝယ်မယ့်သူများ သိထားသင့်တဲ့ အချက်များ 

- တိုက်ခန်းပိုင်ရှင်

တိုက်ခန်းပိုင်ရှင်ဟာ ဝယ်ယူထားတဲ့ တိုက်ခန်းရဲ့ နေထိုင်ခွင့်နဲ့ သုံးစွဲခွင့်ကိုသာ ထာဝစဉ် ပိုင်ဆိုင်ခြင်း ဖြစ်ပါတယ်။ 

- မြေပိုင်ရှင်

တိုက်တစ်တိုက်လုံး တည်ဆောက်ထားတဲ့ မြေကို ပိုင်ဆိုင်သူကသာ မြေရှင်၊ တိုက်ပိုင်ရှင် ဖြစ်ပါတယ်။ ဒါကြောင့် မြေခကို သူတို့ဆီ ပေးဆောင်ရတာ ဖြစ်ပါတယ်။ 

- အကြောင်းအမျိုးမျိုးကြောင့် တိုက်ပြိုကျခဲ့ရင်
တိုက်ပြိုကျခဲ့ရင်တော့ မြေရှင်က တိုက်ပြန်ဆောက်ရမှာ ဖြစ်ပြီး တိုက်ခန်းပိုင်ရှင်တွေက မိမိတို့ တိုက်ခန်းနေရာအတွက် ဆောက်လုပ်ပြင်ဆင်စရိတ်ကို ကျခံပေးရမှာ ဖြစ်ပါတယ်။ 

- ဘဏ်ချေးငွေနဲ့ ဝယ်ယူမယ်ဆိုရင်

အိမ်တန်ဖိုးရဲ့ ၇၀ % အထိ ဘဏ်ချေးငွေယူပြီး ဝယ်ယူလို့ ရပါတယ်။ သို့ပေမယ့် မြေရှင်လက်မှတ်မူရင်း၊ မြေဂရန်မိတ္တူနဲ့ BCC မိတ္တူတို့ကို ဘဏ်ကပဲ ယူထားမှာ ဖြစ်ပါတယ်။

ကဲ...ဒီဆောင်းပါးလေးနဲ့ ပတ်သတ်ပြီး စာဖတ်ပုရိတ်သတ်တို့လည်း ဗဟုသုတ များစွာ ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အေးချမ်းသာယာတဲ့ နေ့လေးတစ်နေ့ ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်နော်။

အိမ်ခြံမြေအလဲအထပ်လုပ်တော့မယ်ဆိုရင် ဒါတွေကြိုသိထားမှဖြစ်မယ်နော်

အမွေဆိုင်အိမ်ကို အမွေခွဲတာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက်များ

အိမ်ခြံမြေအမျိုးအစား (၃) မျိုးထဲက ကိုယ်နဲ့အကိုက်ညီဆုံးက ဘယ်တစ်ခုဖြစ်မလဲ

ကျူးကျော်နေထိုင်သူတို့ ရှိနေသည့် မြေကိုဝယ်မည် ဆိုလျှင်

Posted By : Ra Wai (ShweProperty.com)