By RW, Shweproperty.com
Updated at 30 May 2025
မြို့နယ်စည်ပင်သာယာရေးရုံးသို့ တိုက်ခန်းအမည်ပြောင်းလဲရန် လျှောက်ထားရာတွင် သတ်မှတ်ထားသော လျှောက်လွှာပုံစံနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများကို ပြည့်စုံစွာ တင်ပြရမည်ဖြစ်သည်။ တိုက်ခန်းများအမည်ပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်များကို သတ်မှတ်လျှောက်လွှာပုံစံ နှင့်အတူ ပူးတွဲတင်ပြရမည်။ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ထုတ်ပေးထားသော အဆောက်အအုံ နေထိုင်ခွင့် စာချုပ် သို့မဟုတ် သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ တိုက်ခန်းနေရာချထားခြင်း လက်မှတ်မူရင်း တိုက်ခန်းလွှဲပြောင်းလက်ခံခြင်း သဘောတူစာချုပ် သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်၏ တိုက်ခန်းပိုင်ဆိုင်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက် လွှဲပြောင်း၊ လက်ခံသူ၏မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးထားသော နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ လွှဲပြောင်း၊ လက်ခံသူ၏ လိုင်စင်ဓါတ်ပုံ(၂)ပုံ လွှဲပြောင်း၊ လက်ခံသူ၏ မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးထားသော အိမ်ထောင်စုစာရင်းမိတ္တူ တိုက်ခန်းလွှဲပြောင်းသူ၏ အမည်လွှဲပြောင်းခြင်းအား ကန့်ကွက်ရန်မရှိကြောင်း ၀န်ခံကတိပြုချက် အထက်ဖော်ပြပါ စာရွက်စာတမ်းများကို ပြည့်စုံစွာ တင်ပြပြီးနောက်၊ ဌာနမှ စိစစ်ဆောင်ရွက်မှုများကို ပြုလုပ်ကာ အောက်ပါ လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။ 1. လျှောက်လွှာစိစစ်ခြင်း တိုက်ခန်းအမည်ပြောင်းလျှောက်လွှာကို စိစစ်ပြီးနောက်၊ လွှဲပြောင်းသူနှင့် လက်ခံသူတို့သည် လက်ထောက်ဌာနမှူး (မြေရာ) ၏ရှေ့တွင် ကိုယ်တိုင်လာရောက်ပြီး လွှဲပြောင်းလက်မှတ်ရေးထိုးရမည်။ 2. ဝန်ဆောင်ခ ပေးသွင်းခြင်း လျှောက်ထားသူမှ သတ်မှတ်ထားသော ဝန်ဆောင်ခကို ပေးသွင်းပြီးမှသာ အမည်ပြောင်းလဲခွင့်ပြုမည်ဖြစ်သည်။ 3. ကန့်ကွက်မှု ကြော်ငြာခြင်း အကယ်၍ တိုက်ခန်းလွှဲပြောင်းသူ ကိုယ်တိုင်လာရောက်လွှဲပြောင်းခြင်းမပြုပါက၊ နေ့စဉ်သတင်းစာတွင် ကန့်ကွက်ရန်ရှိ/မရှိ ကြော်ငြာစေမည်ဖြစ်သည်။ (ကြော်ငြာခကို အမည်ပြောင်းလျှောက်ထားသူမှ ကျခံရမည်။) 4. စာချုပ်ပယ်ဖျက်ခြင်းနှင့် အသစ်ချုပ်ဆိုခြင်း သတ်မှတ်ကာလအတွင်း ကန့်ကွက်မှုမရှိပါက၊ မူလအဆောက်အဦနေထိုင်ခွင့်စာချုပ်ကို ပယ်ဖျက်ပြီး၊ အမည်ပြောင်းလျှောက်ထားသူ၏ အမည်ဖြင့် စာချုပ်အသစ်ကို ချုပ်ဆိုပေးမည်ဖြစ်သည်။ 5. မြေဌားခပေးဆောင်ခြင်း ကော်မတီမှ စီမံခန့်ခွဲထားသော တိုက်ခန်းများအတွက်၊ သတ်မှတ်ထားသော မြေဌားခများကို တိုက်ခန်းအမျိုးအစားအလိုက် ဘဏ္ဍာရေးနှစ်အလိုက် နေထိုင်သူများထံမှ ကောက်ခံသွားမည်ဖြစ်သည်။ အထက်ဖော်ပြပါ စာရွက်စာတမ်းများကို ပြည့်စုံစွာ ပြင်ဆင်တင်ပြပြီး လျှောက်ထားရန်လိုအပ်ပြီး၊ ဌာနမှ စိစစ်ဆောင်ရွက်မှုများကို သတ်မှတ်လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ YCDC မှ ထုတ်ပြန်ထားပါတယ်။ Ref : YCDC Written By : RW
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties